တစ်ခါအိပ်လျင်၂လကြာမှပြန်နိုးတဲ့မိန်းကလေး

0
498

အိပ်စက်ခြင်းဆိုတာ မကြိုက်သူဘယ်သူမှ မရှိဘူးလို့ထင်ပါတယ်။ မိတ်ဆွေတို့ရော တစ်ခါအိပ်ပျော်ရင် ဘယ်နှနာရီလောက်ကြာအောင် အိပ်ခဲ့ဖူးလည်းဆိုတာမျိုးအထိပြောရမယ့် အနေအထားရှိခဲ့ကြဖူလားလို့ သိချင်ပါတယ်။ တချို့ကတော့ ပုံမှန်နေကောင်းတဲ့အခါမျိုးမှာ မနက်အစောဆိုပုံမှန်ထနေကြအချိန်တိုင်း ထဖြစ်ပေမယ့်၊ နေမကောင်းတဲ့အချိန်များမှသာ အကြာကြီးအိပ်တတ်ကြတာရှိပါတယ်။ တချို့ကလည်း နေကောင်းတာမကောင်းတာဘာမှမရှိလည်း အလွန်အကျွံအိပ်နေတတ်နေကြတာမျိုးတွေရှိကြပါတယ်။ ဒီလိုအိပ်စက်တတ်ခြင်းတွေဟာ မကောင်းတဲ့ဘက်ကို ဦးတည်နေတယ်ဆိုတာကို အဖြစ်အပျက်တစ်ခုနဲ့ ယှဉ်ပြီးပြောပြချင်ပါတယ်။

crd photo (Live science)
အခုပြောပြပေးချင်တဲ့အဖြစ်အပျက်လေးဟာ ကိုလံဘီယာက ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ရဲ့ ထူးဆန်းတဲ့ရောဂါဖြစ်နေတာကိုပြောပြပေးမှာဖြစ်ပါတယ်။ ပုံမှန်လူတစ်ယောက်အနေနဲ့တစ်ရက်ကို ၈နာရီလောက်အိပ်တယ်ဆိုရင် လုံလောက်တယ်ဆိုတာမိတ်တွေတို့လည်းသိကြမယ်ထင်ပါတယ်။ ဒါပေမယ့်ဒီကလေးမလေးကတော့ ၈နာရီထက်ကျော်လွန်ကာ အချိန်ပေါင်းများစွာအိပ်ပျော်နေခဲ့တဲ့ အဖြစ်အပျက်လေးဖြစ်ပါတယ်။ တစ်ခါအိပ်ပျော်သွားရင် နှစ်လလောက် ကြာသွားတဲ့အဖြစ်ကို ခံစားနေရတာဖြစ်ကြောင်း စိတ်မကောင်းစွာပဲသိရပါတယ်။ ဒီအဖြစ်အပျက်လေးဟာ သူမနှစ်နှစ် သမီးကတည်းကဖြစ်ခဲ့တာလို့ဆိုပါတယ်။

crd photo (Odd ity Central)

ဒီလောက်အရွယ်ငယ်ငယ်နဲ့ စဖြစ်လာတဲ့ရောဂါကြောင့် သူမရဲ့ လူ့ဘဝဟာ တစ်ဦးတစ်ယောက်ရဲ့ အကူအညီမပါဘဲနဲ့ ရှေ့ဆက်ဘယ်လိုသွားကြမလဲလို့တောင် စာနာသနားစိတ်နဲ့တွေးနေမိပါတယ်။ လူတကာထက်ထူးဆန်းတဲ့ဒီရောဂါကိုခံစားနေရတဲ့ သူမကို မိခင်ဖြစ်သူဟာတောက်လျှောက် အနီးကပ်စောင့်ကြည့်နေရသလို၊ တစ်ခါအိပ်လျှင် ၂လလောက်ဖြစ်သွားတဲ့ သမီးအတွက် အလုပ်ကတောင် ထွက်ပြီးပြုစုကျွေးမွေးနေရတယ်လို့သိရပါတယ်။ ဒီလိုအလုပ်ကထွက်ပြီးသမီးလေးကို ပြုစုနေရတာတွေကြောင့်မိသားစုစားဝတ်နေရေးအတွက်ကိုလံဘီယာအစိုးရကို အကူအညီ တင်ပြတောင်းခံထားကြောင်းဆိုပါတယ်။

crd photo (Mirror)
သမီးလေးမှာဖြစ်နေတဲ့ အဲဒီရောဂါကိုဟိုက်ပါစိုးနီးယားရောဂါလို့ခေါ်ကြောင်းမှတ်သားရပါတယ်။ နာရီပေါင်းများစွာအိပ်ပျော်နေတတ်တဲ့သမီးဟာ ပြီးခဲ့တဲ့တစ်လက အိပ်ပျော်သွားတာမှာ၄၈ရက်ကြာခဲ့ပြီး၊ ပြန်နိုးလာတဲ့အချိန်မှာ သူမရဲ့ မှတ်ဉာဏ်တွေပျောက်ဆုံးနေတာကြောင့် အမေဖြစ်သူကို ဘယ်သူလဲလို့ မေးတာကို ခံခဲ့ရကြောင်းဆိုပါတယ်။ သူမအကြောင်းကို ကြားသိရသူများက Sleeping Beauty လို့ချစ်စနိုးနဲ့ခေါ်ကြပြီး၊သူမဟာ ကိုလံဘီယာအက်ကာဆီးယပ်မှာနေထိုင်ပြီး၊ ရှရစ်တိုဗာလို့ခေါ်ကြောင်းသိရပါတယ်။

 

crd photo (daily Trust)
ဒီရောဂါဟာ မှတ်ဉာဏ်လုံးဝပျောက်ဆုံးသွားတာမျိုးထိ လည်းဖြစ်သွားနိုင်တယ်လို့လည်းဆိုပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီနဲ့ဖေဖော်ဝါရီမှာတော့သမီးလေးရဲ့ အိပ်ပျော်ချိန်ဟာ ၂၂ရက်ပဲကြာခဲ့တယ် လို့ပြောပြခဲ့ကြောင်းသိရပါတယ်။ ဒီအဖြစ်အပျက်တွေနဲ့ ကြုံနေရတဲ့မိခင်ဟာ သမီးဖြစ်သူပြန်မနိုးလာတော့မှာကိုလည်း ရင်တထိတ်ထိတ်နဲ့စောင့်နေရပါတယ်။ အမေဖြစ်သူရဲ့ ခံစားချက်ဟာလည်း ဘယ်လိုမှ ပြောမပြတတ်အောင်ဖြစ်နေခဲ့ပါတယ်။ အမေဖြစ်သူကလည်း သမီးဖြစ်သူတစ်ခါအိပ်ပျော်တိုင်း၊ သမီးလေးပြန်နိုးလာချိန်များမှာ စားသောက်ဖို့အတွက် အားလုံးကိုပြင်ဆင်ထားပေးကြောင်းလည်းသိရပါတယ်။ ဒါကြောင့် အိပ်ပျော်တိုင်းလည်း မကောင်းဘူးဆိုတာနဲ့ မိမိတို့ရဲ့ ကလေးလူကြီး ဘယ်သူပဲဖြစ်ဖြစ်၊ ပုံမှန်ထက် ထူးခြားနေတာမျိုးတေါတွေ့လာပြီဆိုရင်တော့ တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ အမြန်ဆုံးပြသပြီး ကုသမှုကိုခံယူကြပါလို့ ပြောချင်ပါတယ်။

(zawgyi)

တစ္ခါအိပ္လ်င္၂လၾကာမွျပန္ႏိုးတဲ့မိန္းကေလး
အိပ္စက္ျခင္းဆိုတာ မႀကိဳက္သူဘယ္သူမွ မရွိဘူးလို႔ထင္ပါတယ္။ မိတ္ေဆြတို႔ေရာ တစ္ခါအိပ္ေပ်ာ္ရင္ ဘယ္ႏွနာရီေလာက္ၾကာေအာင္ အိပ္ခဲ့ဖူးလည္းဆိုတာမ်ိဳးအထိေျပာရမယ့္ အေနအထားရွိခဲ့ၾကဖူလားလို႔ သိခ်င္ပါတယ္။
တခ်ိဳ႕ကေတာ့ ပံုမွန္ေနေကာင္းတဲ့အခါမ်ိဳးမွာ မနက္အေစာဆိုပံုမွန္ထေနၾကအခ်ိန္တိုင္း ထျဖစ္ေပမယ့္၊ ေနမေကာင္းတဲ့အခ်ိန္မ်ားမွသာ အၾကာႀကီးအိပ္တတ္ၾကတာရွိပါတယ္။ တခ်ိဳ႕ကလည္း ေနေကာင္းတာမေကာင္းတာဘာမွမရွိလည္း အလြန္အက်ြံအိပ္ေနတတ္ေနၾကတာမ်ိဳးေတြရွိၾကပါတယ္။ ဒီလိုအိပ္စက္တတ္ျခင္းေတြဟာ မေကာင္းတဲ့ဘက္ကို ဦးတည္ေနတယ္ဆိုတာကို အျဖစ္အပ်က္တစ္ခုနဲ႔ ယွဥ္ၿပီးေျပာျပခ်င္ပါတယ္။
အခုေျပာျပေပးခ်င္တဲ့အျဖစ္အပ်က္ေလးဟာ ကိုလံဘီယာက ဆယ္ေက်ာ္သက္မိန္းကေလးတစ္ေယာက္ရဲ႕ ထူးဆန္းတဲ့ေရာဂါျဖစ္ေနတာကိုေျပာျပေပးမွာျဖစ္ပါတယ္။ ပံုမွန္လူတစ္ေယာက္အေနနဲ႔တစ္ရက္ကို ၈နာရီေလာက္အိပ္တယ္ဆိုရင္ လံုေလာက္တယ္ဆိုတာမိတ္ေတြတို႔လည္းသိၾကမယ္ထင္ပါတယ္။ ဒါေပမယ့္ဒီကေလးမေလးကေတာ့ ၈နာရီထက္ေက်ာ္လြန္ကာ အခ်ိန္ေပါင္းမ်ားစြာအိပ္ေပ်ာ္ေနခဲ့တဲ့ အျဖစ္အပ်က္ေလးျဖစ္ပါတယ္။
တစ္ခါအိပ္ေပ်ာ္သြားရင္ ႏွစ္လေလာက္ ၾကာသြားတဲ့အျဖစ္ကို ခံစားေနရတာျဖစ္ေၾကာင္း စိတ္မေကာင္းစြာပဲသိရပါတယ္။ ဒီအျဖစ္အပ်က္ေလးဟာ သူမႏွစ္ႏွစ္ သမီးကတည္းကျဖစ္ခဲ့တာလို႔ဆိုပါတယ္။ ဒီေလာက္အရြယ္ငယ္ငယ္နဲ႔ စျဖစ္လာတဲ့ေရာဂါေၾကာင့္ သူမရဲ႕ လူ႔ဘ၀ဟာ တစ္ဦးတစ္ေယာက္ရဲ႕ အကူအညီမပါဘဲနဲ႔ ေရွ႕ဆက္ဘယ္လိုသြားၾကမလဲလို႔ေတာင္ စာနာသနားစိတ္နဲ႔ေတြးေနမိပါတယ္။ လူတကာထက္ထူးဆန္းတဲ့ဒီေရာဂါကိုခံစားေနရတဲ့ သူမကို မိခင္ျဖစ္သူဟာေတာက္ေလွ်ာက္ အနီးကပ္ေစာင့္ၾကည့္ေနရသလို၊ တစ္ခါအိပ္လွ်င္ ၂လေလာက္ျဖစ္သြားတဲ့ သမီးအတြက္ အလုပ္ကေတာင္ ထြက္ၿပီးျပဳစုေက်ြးေမြးေနရတယ္လို႔သိရပါတယ္။ ဒီလိုအလုပ္ကထြက္ၿပီးသမီးေလးကို ျပဳစုေနရတာေတြေၾကာင့္မိသားစုစား၀တ္ေနေရးအတြက္ကိုလံဘီယာအစိုးရကို အကူအညီ တင္ျပေတာင္းခံထားေၾကာင္းဆိုပါတယ္။
သမီးေလးမွာျဖစ္ေနတဲ့ အဲဒီေရာဂါကိုဟိုက္ပါစိုးနီးယားေရာဂါလို႔ေခၚေၾကာင္းမွတ္သားရပါတယ္။ နာရီေပါင္းမ်ားစြာအိပ္ေပ်ာ္ေနတတ္တဲ့သမီးဟာ ၿပီးခဲ့တဲ့တစ္လက အိပ္ေပ်ာ္သြားတာမွာ၄၈ရက္ၾကာခဲ့ၿပီး၊ ျပန္ႏိုးလာတဲ့အခ်ိန္မွာ သူမရဲ႕ မွတ္ဥာဏ္ေတြေပ်ာက္ဆံုးေနတာေၾကာင့္ အေမျဖစ္သူကို ဘယ္သူလဲလို႔ ေမးတာကို ခံခဲ့ရေၾကာင္းဆိုပါတယ္။ သူမအေၾကာင္းကို ၾကားသိရသူမ်ားက Sleeping Beauty လို႔ခ်စ္စႏိုးနဲ႔ေခၚၾကၿပီး၊သူမဟာ ကိုလံဘီယာအက္ကာဆီးယပ္မွာေနထိုင္ၿပီး၊ ရွရစ္တိုဗာလို႔ေခၚေၾကာင္းသိရပါတယ္။
ဒီေရာဂါဟာ မွတ္ဥာဏ္လံုး၀ေပ်ာက္ဆံုးသြားတာမ်ိဳးထိ လည္းျဖစ္သြားႏိုင္တယ္လို႔လည္းဆိုပါတယ္။ ျပီးခဲ့တဲ့ဇန္န၀ါရီနဲ႔ေဖေဖာ္၀ါရီမွာေတာ့သမီးေလးရဲ႕ အိပ္ေပ်ာ္ခ်ိန္ဟာ ၂၂ရက္ပဲၾကာခဲ့တယ္ လို႔ေျပာျပခဲ့ေၾကာင္းသိရပါတယ္။ ဒီအျဖစ္အပ်က္ေတြနဲ႔ ၾကံဳေနရတဲ့မိခင္ဟာ သမီးျဖစ္သူျပန္မနိုးလာေတာ့မွာကိုလည္း ရင္တထိတ္ထိတ္နဲ႔ေစာင့္ေနရပါတယ္။ အေမျဖစ္သူရဲ႕ ခံစားခ်က္ဟာလည္း ဘယ္လိုမွ ေျပာမျပတတ္ေအာင္ျဖစ္ေနခဲ့ပါတယ္။ အေမျဖစ္သူကလည္း သမီးျဖစ္သူတစ္ခါအိ္ပ္ေပ်ာ္တိုင္း၊ သမီးေလးျပန္ႏိုးလာခ်ိန္မ်ားမွာ စားေသာက္ဖို႔အတြက္ အားလံုးကိုျပင္ဆင္ထားေပးေၾကာင္းလည္းသိရပါတယ္။ ဒါေၾကာင့္ အိပ္ေပ်ာ္တိုင္းလည္း မေကာင္းဘူးဆိုတာနဲ႔ မိမိတို႔ရဲ႕ ကေလးလူႀကီး ဘယ္သူပဲျဖစ္ျဖစ္၊ ပံုမွန္ထက္ ထူးျခားေနတာမ်ိဳးေတါေတြ႕လာၿပီဆိုရင္ေတာ့ တတ္က်ြမ္းတဲ့ ဆရာ၀န္ေတြနဲ႔ အျမန္ဆံုးျပသၿပီး ကုသမႈကိုခံယူၾကပါလို႔ ေျပာခ်င္ပါတယ္။