ကြောက်စရာကောင်းအောင်ဆိုးဝါးတဲ့လျှို့ဝှက်ချက်များနဲ့ကမ်းခြေများ

0
1572

ကမ်းခြေတွေကို ခရီးထွက်ရတာကြိုက်တယ်ဆိုတဲ့သူတို့၊ရေမြင်တာနဲ့ ဆင်းပြီးစိမ်နေချင်တဲ့သူတို့အတွက် သတိလေးထားပြီး ရေချိုးရေကူးလုပ်နိုင်အောင်ကြောက်စရာလည်းကောင်းတဲ့ ရေကန်တွေကိုတင်ပြပေးမှာဖြစ်ပါတယ်။ ဘယ်လောက်တောင်ကြောက်စရာကောင်းနေလို့ ဒီလောက်ပြောနေရတာလဲတွေးနေကြမယ်ထင်ပါတယ်။ ရေဆိုတာကကြည်တာရယ်၊နောက်နေတာရယ်၊ လုံးဝမသုံးသင့်တဲ့ရေဆိုတာရယ်ပဲနားလည်ထားပါတယ်။ နောက်တစ်မျိုးကတော့ ရေသေရေရှင်ဆိုတာမျိုးတွေလည်း သိကြစေချင်ပါတယ်။ ဒီလိုရေတွေရှိနေတာကြောင့် တော်ရုံရေတွေ့တာနဲ့ ကိုယ်ရောက်နေတဲ့ ဒေသရဲ့ ပတ်ဝန်းကျင်အကြောင်းမသိဘဲနဲ့ ရေထဲမဆင်းကြဖို့၊ ရေချိုးတာမလုပ်ကြဖို့ သတိပေးချင်ပါတယ်။

crd photo (thehoney comber)

အခုပြောပြပေးမယ့်ရေကန်ကြီးကတော့ ကင်မရွန်းနိုင်ငံမှာတည်ရှိတဲ့ Lake Nyos ဆိုတဲ့ ရေကန်ပဲဖြစ်ပါတယ်။ အဲဒီရေကန်ကြီးဟာ နှစ်ရာစုများစွာကတည်းက အနီးအနားရွာတွေကို ရေပေးဝေနေပြီး လှုပ်ရှားမှုမရှိတည်ငြိမ် နေတဲ့ ရေကန်ပဲဖြစ်ပါတယ်။အဲဒီရေကန်ရဲ့လျှို့ဝှက်ချက်ကတော့ ရေကန်ကြီးရဲ့ အောက်ကြမ်းပြင် မှာပဲဖြစ်ပါတယ်။ ဘာလို့အခုလိုပြောနေတာလဲဆိုရင် ၁၉၈၆ခုနှစ် မှာတုန်းက အမြဲသောက်သုံးနေလာကြတဲ့ ဒီရေကန်ဟာ သေစေနိုင်လောက်တဲ့ အထိ ဓာတ်ငွေ့တစ်မျိုးထုတ်လွှတ်လာတယ်ဆိုတာ ဖြစ်ခဲ့ပါတယ်။ ရေကန်ထဲမှ ထွက်လာတဲ့ ဓာတ်ငွေ့ကြောင့် လူတွေဟာ အသက်ရှုကြပ်ပြီးသေကုန်ကြသလို၊ ကျွဲနွားတိရစ္ဆာန်အားလုံးဟာလည်း သေခဲ့ကြကာ ၊သေဆုံးသူ လူ့အသက်ပေါင်းဟာ ၁၇၄၆ တောင်ရှိခဲ့တယ်လို့ ဆိုပါတယ်။

crd photo (wallcoo.net)
သိပ္ပံပညာရှင်တွေရဲ့ ပထမသုံးသပ်ချက်အရ ဒီရေကန်ရဲ့ အောက်ခြေမှာ မီးတောင်၀ တစ်ခုရှိနေတယ်လို့ ထင်ခဲ့ကြတာဟာ မဟုတ်ဘဲ ရေကန်ရဲ့အောက်ခြေအက်ကြားတွေမှာ ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏတွေ အများအပြားစုနေတာမို့၊ ဒီရေကိုသောက်မိခဲ့တဲ့ လူတိရစ္ဆာန်တွေအသေများသွားခဲ့တာဖြစ်ပါတယ်။ နောက်ထပ်ရေကန်တစ်ခုကတော့ အမေရိကန်နိုင်ငံနဲ့ကနေဒါနယ်စပ်ကြားမှာရှိတဲ့ မီချီဂန်ရေကန်ပဲဖြစ်ပါတယ်။ ဒီရေကန်ကြီးရဲ့ ထူးခြားချက်ကတော့ ဘာမွန်းစတားမှ မရှိသလို၊ သေစေနိုင်တဲ့ အဖြစ်လည်း မဟုတ်ပေမယ့် အရမ်းအန္တရာယ်များလွန်းတာကြောင့် ကြောက်စရာကောင်းတဲ့ရေကန်စာရင်းဝင်လာခဲ့တာဖြစ်ပါတယ်။ ဘယ်လိုမှ မသိနိုင်တဲ့ ရေအောက် ရေစီးကြောင်းတွေကြောင့် ဒီရေတွေဖြစ်လာကာ ဘေးတွေ့လာစေနိုင်တာကြောင့်ဖြစ်ပါတယ်။

crd photo (the independent)

ပိုဆိုးလာနိုင်တဲ့ အချိန်ကတော့ နွေးထွေးတဲ့ရာသီတွေမှာဆိုရင် အဲဒီရေကန်မှာ သွားပြီး အပန်းမဖြေသင့်ပါဘူးလို့ ပြောချင်ပါတယ်။ ရေအောက်ရေစီးကြောင်းတွေဟာ အားကောင်းကောင်းနဲ့ လူတွေကို ကမ်းခြေကနေ ဆွဲခေါ်သွားတဲ့အထိဖြစ်နိုင်တာကြောင့် ငါးဖမ်းသမားတွေလည်း အထူးသတိထားရမယ့် အချိန်အခါဖြစ်ပါတယ်။ ဒါကြောင့် ကြည်ကြည်လင်လင် ရေကိုမြင်ပေမယ့်လည်း၊ အဲဒီရေမှာဘယ်လိုသမိုင်းတွေရှိတယ်၊ သောက်ကြည့်လိုက်လို့ အရသာရှိနေတာမျိုးဆိုရင်လည်း လုံးဝရှောင်သင့်ပါတယ်လို့ပြောချင်ပါတယ်။

crd photo (Fandom.com)

ရေကိုအုန်းရေအရသာမျိုး၊ဖျော်ရည်အရသာမျိုးထည့်ထားတဲ့ရေကို ပြောတာမဟုတ်ပါဘူး။ တချို့ဆို ရေအကြောင်းမသိဘဲ ချိုးချင်တဲ့စိတ်ရှိနေတာနဲ့ပဲ ဆင်းချိုးလိုက်တာ ဘယ်လိုအရာက လှမ်းဆွဲလိုက်သလဲ ထင်ရတဲ့အနေအထားမျိုးနဲ့ သေခဲ့ကြတာတွေလည်း ရှိပါတယ်။ တကယ်ဆိုရေစီးရေလာမရှိတဲ့ရေသေတွေမှာ ပိုပြီး သတိထားရပါမယ်လို့ ပြောပြချင်ပါတယ်။ အန္တရာယ်ကင်းဝေးပြီး အေးမြတဲ့ရေမှာ စိမ်နေနိုင်ကြပါစေလို့ဆုတောင်းပေးချင်ပါတယ်။

(zawgyi)
