ဆေးရောင်ခြယ်ထားသလို လှပနေတဲ့တိရစ္ဆာန်လေးများ

0
185

တိရစ္ဆာန်တွေအားလုံးမှာ တချို့ကလည်း မည်းညစ်ညစ်လေးတွေ၊ တချို့အကောင်လေးတွေကလည်း ကာလာရောင်စုံနေတာမျိုးတွေ တွေ့ကြရပါတယ်။ ဒီလိုအရောင်လေးတွေ စုံနေတဲ့တိရစ္ဆာန်အများစုထဲကမှ တမူထူးခြားအဖြူကောင်လေးများရဲ့ လှပဆန်းပြားလှတဲ့ သူတို့ပုံစံလေးတွေကို မြင်တွေ့ရဖို့ တင်ပြပေးချင်ပါတယ်။

ပထမဦးဆုံးအနေနဲ့ ချစ်စရာအရမ်းကောင်းတဲ့ ပင်ဂွင်းငှက်လေးတွေများစွာရှိတဲ့အထဲကမှ တစ်ကိုယ်လုံး ဖွေးဖြူနေတဲ့ အကောင်လေးအကြောင်းပြောပြပေးမှာဖြစ်ပါတယ်။ အမှန်တကယ်ဆို ပင်ဂွင်းလေးတွေဟာ အမည်းလေးတွေနဲ့ အဖြူလေးတွေစပ်ပြီး တွေ့မြင်ဖူးကြတာဖြစ်ပါတယ်။ အခုတစ်ကိုယ်လုံး ဖွေးဖြူနေတဲ့ပင်ဂွင်းလေးကတော့ Albinismဆိုတဲ့ ရောဂါခံစားနေရတာဖြစ်တယ်လို့ဆိုပါတယ်။ သနားစရာဖွေးစိန်လေးဟာ အင်္ဂလန်က Bristol တိရစ္ဆာန်ရုံမှာ မွေးဖွားခဲ့ကာ ကျန်တဲ့ပင်ဂွင်းဘော်ဒါလေးတွေနဲ့ အတူတူပျော်နေရင်းကနေ သက်တမ်းသိပ်မကြာခင်မှာပဲ ရုတ်တရက်နှှုတ်ဆက်သွားခဲ့ပြီဖြစ်ပါတယ်။

ပင်ဂွင်းဖြူလေးလိုမျိုး ဖြူဖွေးနေပေတဲ့ Snowflake လို့ခေါ်တဲ့ Gorilla ကြီးကမွေးထားတဲ့ ကလေး ၂၂ကောင်ထိရှိပြီး၊ သူနဲ့ မတူဘဲ သာမန်လေးတွေမွေးလာခဲ့တယ်လို့ဆိုပါတယ်။ ဒီလူဝံကြီးကလည်း ပင်ဂွင်းဖွေးစိန်မလေးလိုပဲ အရေပြားရောဂါ တစ်ခုကြောင့်နဲ့ပဲသေဆုံးခဲ့ပြန်တယ်။

သူတို့တွေလိုပဲ ခေါင်းရှည်မိကျောင်းတစ်ကောင်ဟာလည်း အဲဒီရောဂါကိုခံစားနေရတယ်လို့ဆိုပါတယ်။ မိချောင်းကြီးကတော့ The California Academy of Sciences မှာ မွေးစကတည်းက အခုချိန်ထိ အသက်ရှင်နေထိုင်ခဲ့ပါတယ်။ အခုတော့ သူနေထိုင်တဲ့ရေကန်ကြီးထဲမှာ တခြားမိကျောင်း တစ်ကောင်နဲ့ အတူတူနေထိုင်ရင်း ခံစားနေရတဲ့ရောဂါဝေဒနာကြောင့် အားနည်းနေတဲ့မျက်စိတွေဟာ ဝါးတားတားဖြစ်နေတာမျိုုးတွေကြောင့် တိုက်မိတာတွေလည်း အမြဲတမ်းရှိနေခဲ့ပါတယ်။ နောက်ပိုင်းမှာ သူ့ကိုတစ်ကောင်တည်းထားကာ ၁၅နှစ်ပြည့်မွေးနေ့ကိုလည်းဆင်နွှဲပေးခဲ့ပါတယ်။ မိကျောင်းစာ အသားတုံးလေးတွေနဲ့ပေါ့။

နောက်ဆုံးတစ်ကောင်ကတော့ လူကြီးရောကလေးတွေပါ အရမ်းချစ်ကြတဲ့ လင်းပိုင်လေးပါ။ ဒီကောင်လေးကတော့ MEXICO ပင်လယ်ကွေ့ရဲ့ မြောက်ဘက် Calacasieu လို့ခေါ်တဲ့ ရေငံကန်ထဲမှာတော့ pinky လို့နာမည်ပေးထားတဲ့ လင်းပိုင်လေးကို လှေတစ်စီးနဲ့ ကပ္ပတိန်တစ်ယောက်က တွေ့ခဲ့တာလို့ဆိုပါတယ်။ ကပ္ပတိန်တွေ့ရှိခဲ့တဲ့ လင်းပိုင်လေးဟာ တစ်ကိုယ်လုံး ပန်းရောင်ဖြစ်နေတာမို့ လူတိုင်းကနှစ်သက်ကြတဲ့ ကလေးလေးဖြစ်နေပါတယ်။ သူတို့တွေရဲ့ အရောင်လေးကလှပေမယ့် ဒီထူးဆန်းတဲ့ အရောင်တွေဖြစ်နေတာဟာ ရောဂါတစ်မျိုးဖြစ်နေတာမို့ လှပနေပေမယ့် သနားစရာကောင်းလွန်းနေတာပဲဖြစ်ပါတယ်။

Zawgyi Version

ေဆးေရာင္ျခယ္ထားသလုိ လွပေနတဲ့တိရစာၦန္ေလးမ်ား

တိရစၧာန္ေတြအားလံုးမွာ တခ်ိဳ႕ကလည္း မည္းညစ္ညစ္ေလးေတြ၊ တခ်ိဳ႕အေကာင္ေလးေတြကလည္း ကာလာေရာင္စံုေနတာမ်ိဳးေတြ ေတြ႕ၾကရပါတယ္။ ဒီလိုအေရာင္ေလးေတြ စံုေနတဲ့တိရစၧာန္အမ်ားစုထဲကမွ တမူထူးျခားအျဖဴေကာင္ေလးမ်ားရဲ႕ လွပဆန္းျပားလွတဲ့ သူတို႔ပံုစံေလးေတြကို ျမင္ေတြ႔ရဖို႔ တင္ျပေပးခ်င္ပါတယ္။

ပထမဦးဆံုးအေနနဲ႔ ခ်စ္စရာအရမ္းေကာင္းတဲ့ ပင္ဂြင္းငွက္ေလးေတြမ်ားစြာရွိတဲ့အထဲကမွ တစ္ကိုယ္လံုး ေဖြးျဖဴေနတဲ့ အေကာင္ေလးအေၾကာင္းေျပာျပေပးမွာျဖစ္ပါတယ္။ အမွန္တကယ္ဆို ပင္ဂြင္းေလးေတြဟာ အမည္းေလးေတြနဲ႔ အျဖဴေလးေတြစပ္ၿပီး ေတြ႔ျမင္ဖူးၾကတာျဖစ္ပါတယ္။ အခုတစ္ကိုယ္လံုး ေဖြးျဖဴေနတဲ့ပင္ဂြင္းေလးကေတာ့ Albinismဆိုတဲ့ ေရာဂါခံစားေနရတာျဖစ္တယ္လို႔ဆိုပါတယ္။ သနားစရာေဖြးစိန္ေလးဟာ အဂၤလန္က Bristol တိရစၧာန္ရံုမွာ ေမြးဖြားခဲ့ကာ က်န္တဲ့ပင္ဂြင္းေဘာ္ဒါေလးေတြနဲ႔ အတူတူေပ်ာ္ေနရင္းကေန သက္တမ္းသိပ္မၾကာခင္မွာပဲ ရုတ္တရက္ႏွႈတ္ဆက္သြားခဲ့ၿပီျဖစ္ပါတယ္။

ပင္ဂြင္းျဖဴေလးလိုမ်ိဳး ျဖဴေဖြးေနေပတဲ့ Snowflake လို႔ေခၚတဲ့ Gorilla ႀကီးကေမြးထားတဲ့ ကေလး ၂၂ေကာင္ထိရွိၿပီး၊ သူနဲ႔ မတူဘဲ သာမန္ေလးေတြေမြးလာခဲ့တယ္လို႔ဆိုပါတယ္။ ဒီလူ၀ံႀကီးကလည္း ပင္ဂြင္းေဖြးစိန္မေလးလိုပဲ အေရျပားေရာဂါ တစ္ခုေၾကာင့္နဲ႔ပဲေသဆံုးခဲ့ျပန္တယ္။

သူတို႔ေတြလုိပဲ ေခါင္းရွည္မိေက်ာင္းတစ္ေကာင္ဟာလည္း အဲဒီေရာဂါကိုခံစားေနရတယ္လို႔ဆိုပါတယ္။ မိေခ်ာင္းႀကီးကေတာ့ The California Academy of Sciences မွာ ေမြးစကတည္းက အခုခ်ိန္ထိ အသက္ရွင္ေနထိုင္ခဲ့ပါတယ္။ အခုေတာ့ သူေနထိုင္တဲ့ေရကန္ႀကီးထဲမွာ တျခားမိေက်ာင္း တစ္ေကာင္နဲ႔ အတူတူေနထိုင္ရင္း ခံစားေနရတဲ့ေရာဂါေ၀ဒနာေၾကာင့္ အားနည္းေနတဲ့မ်က္စိေတြဟာ ၀ါးတားတားျဖစ္ေနတာမ်ိုဳးေတြေၾကာင့္ တိုက္မိတာေတြလည္း အၿမဲတမ္းရွိေနခဲ့ပါတယ္။ ေနာက္ပိုင္းမွာ သူ႔ကိုတစ္ေကာင္တည္းထားကာ ၁၅ႏွစ္ျပည့္ေမြးေန႔ကိုလည္းဆင္ႏႊဲေပးခဲ့ပါတယ္။ မိေက်ာင္းစာ အသားတံုးေလးေတြနဲ႔ေပါ့။

ေနာက္ဆံုးတစ္ေကာင္ကေတာ့ လူႀကီးေရာကေလးေတြပါ အရမ္းခ်စ္ၾကတဲ့ လင္းပိုင္ေလးပါ။ ဒီေကာင္ေလးကေတာ့ MEXICO ပင္လယ္ေကြ႕ရဲ႕ ေျမာက္ဘက္ Calacasieu လို႔ေခၚတဲ့ ေရငံကန္ထဲမွာေတာ့ pinky လို႔နာမည္ေပးထားတဲ့ လင္းပိုင္ေလးကို ေလွတစ္စီးနဲ႔ ကပၸတိန္တစ္ေယာက္က ေတြ႔ခဲ့တာလို႔ဆိုပါတယ္။ ကပၸတိန္ေတြ႔ရွိခဲ့တဲ့ လင္းပိုင္ေလးဟာ တစ္ကိုယ္လံုး ပန္းေရာင္ျဖစ္ေနတာမို႔ လူတိုင္းကႏွစ္သက္ၾကတဲ့ ကေလးေလးျဖစ္ေနပါတယ္။ သူတုိ႔ေတြရဲ႕ အေရာင္ေလးကလွေပမယ့္ ဒီထူးဆန္းတဲ့ အေရာင္ေတြျဖစ္ေနတာဟာ ေရာဂါတစ္မ်ိဳးျဖစ္ေနတာမို႔ လွပေနေပမယ့္ သနားစရာေကာင္းလြန္းေနတာပဲျဖစ္ပါတယ္။