သီးသန့်နေထိုင်ကြသူမျိုးနွယ်စုတို့ဓလေ့များ

0
357

လူမျိုးစုများစွာရှိတဲ့အနက်မှ တချို့တိုင်းရင်းသားမျိုးနွယ်စုတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း များစွာကတည်းက သူတို့ရဲ့ နေထိုင်နေကျ ပုံစံဓလေ့အတိုင်း ဘာကိုမှ မပြောင်းလဲဘဲ နေထိုင်လျက် ရှိနေကြပါတယ်။ ဘယ်တော့မှပြောင်းလဲခြင်းမရှိတဲ့ သူတို့ရဲ့အလေ့အထတွေဟာ ဘာတွေလဲဆိုတာလေးကို ပြန်လည်မျှဝေပေးလိုက်ချင်ပါတယ်။ ရှားပါးလှတဲ့ လူသားမျိုးနွယ်စုတွေအကြောင်း၊ ဗဟုသုတ ဖြစ်စေဖို့အတွက် လေ့လာကြည့်လိုက်ကြရအောင်လို့ ပြောချင်ပါတယ်။

crd photo (timeout.com)
အခုတင်ပြပေးချင်တဲ့ လူသားမျိုးနွယ်အစုကိုတော့ marquesans လို့ခေါ်ကာ HAKAMOU I လို့လည်း ခေါ်ကြောင်းသိရပါတယ်။ တတိယအကြီးဆုံးကျွန်းလည်းဖြစ်တဲ့ Ua Pou ကျွန်းဟာ ကျွန်းသူကျွန်းသားတွေပဲရှိတဲ့နေရာလေးဖြစ်ကာ ပြင်သစ်ပိုလီနားရှားMarguesas ကျွန်းထဲကပဲဖြစ်ပါတယ်။ ရွှံ့လူသားmudmenတွေလို့ခေါ်တဲ့လူသားမျိုးနွယ်စုကတော့ ပါပူနယူးဂီနီနိုင်ငံ အရှေ့ပိုင်းပြည်နယ်ထဲမှ Goroka ရွာအနီးရှိ Asaro မြစ်ကမ်းဘေးမှာနေထိုင်တဲ့ လူသားတွေပဲဖြစ်ပါတယ်။

crd photo (YouTube)

သူတို့တွေဟာ ရွှံ့နဲ့ပြုလုပ်ထားတဲ့ မျက်နှာဖုံးတွေ၊ ခေါင်းစွပ်တွေကိုစွပ်ကာ နေတတ်တာမို့ ရွှံ့လူသားလို့ခေါ်တာဖြစ်ကြောင်းသိရပါတယ်။ အခုအချိန်မှာတော့ အဲဒီရွာလေးဟာ ကမ္ဘာလှည့် ခရီးသွားတွေ အများဆုံးလာရောက်လည်ပတ်ကြည့်ရှုတဲ့ နေရာတစ်ခုအဖြစ်ရှိနေပြီဖြစ်ပါတယ်။

crd photo (vkemik.com)
နောက်ထပ်ထူးခြားတဲ့လူမျိုးစုအကြောင်းကိုတင်ပြပေးချင်ပါတယ်။ ဒီလူမျိုးစုကတော့ Maasai လို့ခေါ်တဲ့ အာဖရိကရဲ့ အထင်ရှားဆုံးလူမျိုးကနေ ဆင်းသက်ခွဲထွက်လာကြောင်းလည်းသိရပါတယ်။ သူတို့တွေဟာ ကင်ညာနိုင်ငံ မြောက်အလယ်ပိုင်းမှာနေထိုင်ကြတယ်လို့ဆိုပါတယ်။ အနီ၊အပြာ၊ ပန်းရောင်များကိုဝတ်ဆင်ရတာနှစ်သက်ကြသူများဖြစ်တဲ့အပြင် သိုး၊ဆိတ်၊ ကုလားအုပ်များလည်း မွေးမြူကြတယ်လို့လည်း သိရပါတယ်။

crd photo(Picture this framing)
အဲဒီလူမျိုးစုမှာတော့ ထူးခြားတဲ့ အပြင်အဆင်လေးတွေလည်းတွေ့ရမှာဖြစ်ပါတယ်။ အဲဒါကဘာလဲဆိုတော့ အမျိုးသမီးအများစုဟာ လည်ပင်းကနေ ရင်ဘတ်အထိ ကွင်းပေါင်းများစွာကိုအထပ်ထပ် ဆွဲထားတဲ့ပုံစံမျိုးနဲ့ ဝတ်ဆင်ထားကြတာဖြစ်ပါတယ်။ နောက်ထပ်မျိုးနွယ်စုကိုပြောပြရမယ်ဆိုရင် Hela ပြည်နယ်ထဲမှာ နေထိုင်ကြတဲ့လူမျိုးများဖြစ်ကာ၊ အဲဒီနေရာလေးဟာ ပါပူနယူးဂီနီနိုင်ငံထဲမှာရှိတဲ့ Huliလူမျိုးစုဖြစ်ပါတယ်။

crd photo (Remote Lands)

အဲဒီလူမျိုးစုတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော်ကာလကတည်းက အခြေချနေထိုင်သူတွေဖြစ်ကြတယ်လို့ဆိုပေမယ့် ဥရောပသားတွေကတော့ သူတို့ကို ၂၀ရာစုမှာမှ စသိခဲ့ကြတာလို့သိရပါတယ်။ လူမျိုးအများစုဟာ ဟိုးတုန်းကလိုပဲ နေထိုင်နေကြတုန်းဖြစ်ပေမယ့်၊ တချို့တွေကတော့ ခေတ်နဲ့အညီ ပိုမိုကောင်းမွန်တဲ့နေရာကိုပြောင်းရွှေ့နေထိုင်နေကြကြောင်းသိရပြီး၊ မျက်နှာပေါ်မှာလည်း အနီ၊အဝါ ဆေးခြယ်ကာ ထူးခြားတဲ့ ခေါင်းဆောင်းတွေကို ဆောင်းထားတဲ့သူများဖြစ်လို့ ထူးခြားချက်ရှိတဲ့လူမျိုးစုဖြစ်ကြောင်းသိရပါတယ်။

(zawgyi)

သီးသန္႔ေနထိုင္ၾကသူမ်ိဳးႏြယ္စုတို႔ဓေလ့မ်ား
လူမ်ိဳးစုမ်ားစြာရွိတဲ့အနက္မွ တခ်ိဳ႕တိုင္းရင္းသားမ်ိဳးႏြယ္စုေတြဟာ လြန္ခဲ့တဲ့ႏွစ္ေပါင္း မ်ားစြာကတည္းက သူတို႔ရဲ႕ ေနထိုင္ေနက် ပံုစံဓေလ့အတိုင္း ဘာကိုမွ မေျပာင္းလဲဘဲ ေနထိုင္လ်က္ ရွိေနၾကပါတယ္။ ဘယ္ေတာ့မွေျပာင္းလဲျခင္းမရွိတဲ့ သူတို႔ရဲ႕အေလ့အထေတြဟာ ဘာေတြလဲဆိုတာေလးကို ျပန္လည္မွ်ေ၀ေပးလိုက္ခ်င္ပါတယ္။ ရွားပါးလွတဲ့ လူသားမ်ိဳးႏြယ္စုေတြအေၾကာင္း၊ ဗဟုသုတ ျဖစ္ေစဖို႔အတြက္ ေလ့လာၾကည့္လိုက္ၾကရေအာင္လို႔ ေျပာခ်င္ပါတယ္။
အခုတင္ျပေပးခ်င္တဲ့ လူသားမ်ိဳးႏြယ္အစုကိုေတာ့ marquesans လို႔ေခၚကာ HAKAMOU I လို႔လည္း ေခၚေၾကာင္းသိရပါတယ္။ တတိယအႀကီးဆံုးက်ြန္းလည္းျဖစ္တဲ့ Ua Pou က်ြန္းဟာ က်ြန္းသူက်ြန္းသားေတြပဲရွိတဲ့ေနရာေလးျဖစ္ကာ ျပင္သစ္ပိုလီနားရွားMarguesas က်ြန္းထဲကပဲျဖစ္ပါတယ္။ ရႊံ႕လူသားmudmenေတြလို႔ေခၚတဲ့လူသားမ်ိဳးႏြယ္စုကေတာ့ ပါပူနယူးဂီနီႏိုင္ငံ အေရွ႕ပိုင္းျပည္နယ္ထဲမွ Goroka ရြာအနီးရွိ Asaro ျမစ္ကမ္းေဘးမွာေနထိုင္တဲ့ လူသားေတြပဲျဖစ္ပါတယ္။ သူတို႔ေတြဟာ ရႊံ႕နဲ႔ျပဳလုပ္ထားတဲ့ မ်က္ႏွာဖံုးေတြ၊ ေခါင္းစြပ္ေတြကိုစြပ္ကာ ေနတတ္တာမို႔ ရႊံ႕လူသားလို႔ေခၚတာျဖစ္ေၾကာင္းသိရပါတယ္။ အခုအခ်ိန္မွာေတာ့ အဲဒီရြာေလးဟာ ကမၻာလွည့္ ခရီးသြားေတြ အမ်ားဆံုးလာေရာက္လည္ပတ္ၾကည့္ရႈတဲ့ ေနရာတစ္ခုအျဖစ္ရွိေနၿပီျဖစ္ပါတယ္။
ေနာက္ထပ္ထူးျခားတဲ့လူမ်ိဳးစုအေၾကာင္္းကိုတင္ျပေပးခ်င္ပါတယ္။ ဒီလူမ်ိဳးစုကေတာ့ Maasai လို႔ေခၚတဲ့ အာဖရိကရဲ႕ အထင္ရွားဆံုးလူမ်ိဳးကေန ဆင္းသက္ခြဲထြက္လာေၾကာင္းလည္းသိရပါတယ္။ သူတို႔ေတြဟာ ကင္ညာႏိုင္ငံ ေျမာက္အလယ္ပိုင္းမွာေနထိုင္ၾကတယ္လို႔ဆိုပါတယ္။ အနီ၊အျပာ၊ ပန္းေရာင္မ်ားကို၀တ္ဆင္ရတာႏွစ္သက္ၾကသူမ်ားျဖစ္တဲ့အျပင္ သိုး၊ဆိတ္၊ ကုလားအုပ္မ်ားလည္း ေမြးျမဴၾကတယ္လို႔လည္း သိရပါတယ္။
အဲဒီလူမ်ိဳးစုမွာေတာ့ ထူးျခားတဲ့ အျပင္အဆင္ေလးေတြလည္းေတြ႔ရမွာျဖစ္ပါတယ္။ အဲဒါကဘာလဲဆိုေတာ့ အမ်ိုးသမီးအမ်ားစုဟာ လည္ပင္းကေန ရင္ဘတ္အထိ ကြင္းေပါင္းမ်ားစြာကိုအထပ္ထပ္ ဆြဲထားတဲ့ပံုစံမ်ိဳးနဲ႔ ၀တ္ဆင္ထားၾကတာျဖစ္ပါတယ္။
ေနာက္ထပ္မ်ိဳးႏြယ္စုကိုေျပာျပရမယ္ဆိုရင္ Hela ျပည္နယ္ထဲမွာ ေနထိုင္ၾကတဲ့လူမ်ိဳးမ်ားျဖစ္ကာ၊ အဲဒီေနရာေလးဟာ ပါပူနယူးဂီနီႏိုင္ငံထဲမွာရွိတဲ့ Huliလူမ်ိဳးစုျဖစ္ပါတယ္။ အဲဒီလူမ်ိဳးစုေတြဟာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း တစ္ေထာင္ေက်ာ္ကာလကတည္းက အေျခခ်ေနထိုင္သူေတြျဖစ္ၾကတယ္လို႔ဆိုေပမယ့္ ဥေရာပသားေတြကေတာ့ သူတို႔ကို ၂၀ရာစုမွာမွ စသိခဲ့ၾကတာလို႔သိရပါတယ္။ လူမ်ိဳးအမ်ားစုဟာ ဟိုးတုန္းကလိုပဲ ေနထိုင္ေနၾကတုန္းျဖစ္ေပမယ့္၊ တခ်ိဳ႕ေတြကေတာ့ ေခတ္နဲ႔အညီ ပိုမိုေကာင္းမြန္တဲ႔ေနရာကိုေျပာင္းေရႊ႕ေနထိုင္ေနၾကေၾကာင္းသိရၿပီး၊ မ်က္ႏွာေပၚမွာလည္း အနီ၊အ၀ါ ေဆးျခယ္ကာ ထူးျခားတဲ့ ေခါင္းေဆာင္းေတြကို ေဆာင္းထားတဲ့သူမ်ားျဖစ္လို႔ ထူးျခားခ်က္ရွိတဲ့လူမ်ိဳးစုျဖစ္ေၾကာင္းသိရပါတယ္။