တောင်တက်ရင်း ဘယ်သူသတ်လို့သေမှန်းမသိတဲ့ အဖြစ်အပျက်

0
417

ခေါင်းစဉ်လေးဖတ်လိုက်မိတယ်ဆိုရင်ပဲ ဘာကြောင့် သတ်ခံရတာလဲဆိုတာကို ကိုယ်တိုင်လည်း စိတ်ဝင်စားသွားခဲ့တာကြောင့် ပြန်ပြီးမျှဝေခံစားပေးစေချင်တာမို့ တင်ပြလိုက်တာဖြစ်ပါတယ်။ ဘယ်လိုလူတွေက ဘာကြောင့် ဒီလိုတွေသတ်လိုက်ရတာလဲဆိုတာ အရမ်းသိချင်နေကြမယ်ထင်ပါတယ်။

အခုထိတိုင်မဖြေရှင်းနိုင်သေးတဲ့ကိစ္စတစ်ခုကို သံသယဖြစ်မိတာအမှန်ပါပဲလို့ပြောချင်ပါတယ်။ အဖြစ်လေးကတော့ ၁၉၅၉ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်လောက်ကဖြစ်ခဲ့တဲ့အဖြစ်အပျက်လေးပါ။ နေရာကတော့ ရုရှားမြောက်ပိုင်းက Uralတောင်ပေါ်မှာ ဖြစ်ခဲ့တာဖြစ်ပါတယ်။ အဲဒီတောင်ပေါ်ကို လူငယ် ၁၀ ယောက်တက်သွားခဲ့တာမှ ၉ ယောက်ဟာ သေဆုံးခဲ့ပြီး တစ်ယောက်တည်းပဲပြန်လွတ်လာကြောင်းသိရပါတယ်။ လွတ်လာခဲ့တဲ့ တစ်ယောက်ဟာ နေမကောင်းဖြစ်ကာကျန်ခဲ့တဲ့ Yuri Yefimovich Yudin ဆိုသူဖြစ်ကာ အသက် ၇၅ နှစ်ထိ အသက်ရှင် နေထိုင်သွားခဲ့နိုင်ကြောင်း သိရပါတယ်။

အခု အဖြစ်အပျက်တွေမှာပါဝင်တဲ့ လူငယ်အားလုံးဟာ Ural Polytechnical တက္ကသိုလ်ကကျောင်းသားများဖြစ်ကာ အသက်၂၀ ကျော်များဖြစ်ကာ အဖွဲ့ခေါင်းဆောင်မှာ Dyatlov ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့အဖွဲ့ရည်မှန်းချက်ဟာ ၆.၂မိုင် အကွာအဝေးမှာရှိတဲ့ Otorten တောင်ကိုတက်ဖို့ထွက်လာခဲ့ကြရာမှာ Vizhai ရွာကို ရောက်ရှိခဲ့ကာ အဲဒီရွာရောက်ချိန်မှာပဲ Yudin ဆိုတဲ့လူငယ်တစ်ဦးဟာ နေမကောင်းဖြစ်ခဲ့ပါတယ်။ နေမကောင်းတဲ့ တစ်ယောက်ကို ထားခဲ့ပြီး၊ ကျန်တဲ့ ၉ယောက်ဟာ တောင်တက်ဖို့ စတင်ပြင်ဆင်ခဲ့ကြကာ ဖေဖော်ဝါရီ ၁ ရက်မှာ ခရီးစထွက်ခဲ့ကြပါတယ်။

နှင်းမုန်တိုင်းများ မကြာခဏတိုက်ခတ်တဲ့ကြားကနေ ဦးတည်သွားတဲ့ လမ်းကြောင်းကို မြင်ဖို့ရာ မစွမ်းသာတဲ့ အခြေအနေဖြစ်လာပြီး မှားယွင်းခဲ့ကာ သွားချင်တဲ့တောင်မရောက်ဘဲ Kholat Syakhi လို့ သိကြတဲ့ မရဏတောင်ထိပ်ကို ရောက်သွားခဲ့ကြတာဖြစ်တယ်လို့ စိတ်မကောင်းစွာပဲသိလိုက်ရပါတယ်။ လမ်းမှားတာကိုသိသိချင်းပဲ အဲဒီနေရာမှာတင် စခန်းချရပ်နားဖို့ လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒီခရီးကိုမစခင်မှာပဲ ခေါင်းဆောင်ဖြစ်သူအနေနဲ့ Vizhai ကို ပြန်ရောက်တာနဲ့ ကြေးနန်းပို့မယ်လို့ သူတို့အားကစားကလပ်ကို ပြောခဲ့ကြောင်းသိရပါတယ်။

သူတို့ရဲ့ ခရီးစဉ်ဟာ ၁၂ရက်နေ့မှာ ပြီးဆုံးမယ်လို့ မှန်းခဲ့ပေမယ့်၊ နေမကောင်းဖြစ်ပြီးကျန်ခဲ့တဲ့ တစ်ယောက်ကိုတော့ ၁၂ ရက်ထက်ပိုကြာခဲ့ရင်လည်း စိတ်မပူဖို့ မှာခဲ့တယ်လို့ သိရပါတယ်။ ၁၂ ရက်ကျော်တဲ့အထိ ဘာဆက်သွယ်မှုမှ မလုပ်လာခဲ့တာကြောင့် ရက် ၂၀ ကြာတဲ့အခါမှာတော့ ရှာဖွေမယ့်ခရီးစဉ်မှာ ကယ်ဆယ်ရေးလုပ်ကြမယ့် အဖွဲ့များ ပါဝင်သလို၊ အစိုးရ အဖွဲ့အနေနဲ့လည်း လေယာဉ်၊ ဟယ်လီကော်ပတာများ အသုံးပြုစေခဲ့တယ်လို့ သိရပါတယ်။ ရှာဖွေသူများအဖွဲ့ဟာ တောင်တက်သွားခဲ့ကြတဲ့ အဖွဲ့ နောက်ဆုံးစခန်းချရာနေရာကို ရောက်ရှိခဲ့တဲ့ အချိန်မှာပဲ တဲကိုလည်း အပြင်ကဆုတ်ဖြဲထားတာကိုတွေ့ရပြီး၊ ခြေရာ၉ ခုကိုလည်း တွေ့ခဲ့တဲ့အပြင် တချို့အရာတွေကတော့ နှင်းများအုပ်နေတာကို တွေ့ခဲ့ရပါတယ်။ တွေ့ရတဲ့ ခြေရာအတိုင်း လိုက်ခဲ့ရာ မီတာ ၅၀၀ လောက်အရောက်မှာတော့ နှင်းတွေဟာ ခြေရာတွေကို ဖျက်စီးထားသလို၊ အဲဒီနေရာတစ်ဝိုက်ကို ရှာကြည့်လိုက်တော့ မီးတောက်လေးတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ အဲဒီအပင်နားအရောက်မှာလည်း ကြွင်းကျန်နေတဲ့ မီးဖိုဖြစ်နေတာရယ်၊ သေဆုံးနေတဲ့ တောင်တက်သမားနှစ်ဦးရဲ့ အလောင်းတွေကို အဝတ်အစားအားလုံး ချွတ်လျက်အနေအထားနဲ့သေနေကြတာကို တွေ့ခဲ့ကြတာမှာ အပူချိန် ၂၀ ဒီဂရီ လောက်ရှိတဲ့နေရာမှာ အဝတ်မရှိဘဲ သေနေကြတာဟာ အင်မတန်ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခုလို့ ဆိုရမလောက်အောင်ဖြစ်နေပါတယ်။

နောက်ထပ် တွေ့ရှိခဲ့တဲ့အလောင်းတွေကတော့ အဖွဲ့ခေါင်းဆောင် အပါအဝင် သုံးယောက်ဖြစ်ကာ၊ ကျန်တဲ့သူတွေကိုတော့ ၂ လကြာတဲ့အထိ ရှာဖွေ မတွေ့ရှိခဲ့ကြပါဘူး။ ကျန်တဲ့လေးယောက်ကိုတော့ အဝတ်တွေ၊ အနွေးထည်တွေအပြည့်အစုံနဲ့ သေဆုံးနေကြပြီး နှင်းခဲတွေအောက် လေးမီတာခန့်မှာ ရောက်ရှိနေခဲ့တာကို တွေ့ခဲ့ကြတာဖြစ်ပါတယ်။ ရှာဖွေကြတဲ့အဖွဲ့ရဲ့ မှတ်တမ်းများအရ တိုက်ခိုက်ခံရသူများမှာ တချို့တွေက လျှာကိုကိုက်ဖြတ်ခံထားရကာ တချို့မှာတော့ မျက်လုံးမရှိတော့တာဖြစ်ပါတယ်။ ဦးခေါင်းခွံလည်းပျက်စီးနေကာ၊ တခြားတစ်ယောက်မှာတော့ ကားမတော်တဆဖြစ်သလိုမျိုး လောင်ကျွမ်းနေတာကို တွေ့ရပါတယ်။ ဒီ့ထက်ထူးခြားတာကတော့ သူတို့ရဲ့ အဝတ်တွေမှာ ရေဒီယိုသတ္တိကြွအရည်တွေပေနေတာပဲဖြစ်ပါတယ်။ အဲဒီအဖွဲ့သေဆုံးတဲ့ရက်တွေမှာ လိမ္မော်ရောင်မီးလုံးကြီးတွေကို တောင်ရဲ့ တစ်ဝိုက်မှာ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ ထူးဆန်းလွန်းတဲ့ ဒီအဖြစ်အပျက်လေးဟာ စိတ်ဝင်စားကြတဲ့ သူတွေများတာမို့ အဲဒီအဖြစ်နဲ့ပတ်သက်တဲ့ The Dyatlov Pass Incident(Devil’s Pass) 2013 ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကိုတောင် ရိုက်ကူးထုတ်လုပ်ထားခဲ့ပါတယ်။ သေဆုံးသူတွေရဲ့ အထိမ်းအမှတ် ဂူကိုတော့ Mikhajlov သချုႋင်းမှာ တွေ့မြင်နိုင်ပါတယ်။

(Zawgyi Version)

ေတာင္တက္ရင္း ဘယ္သူသတ္လို႔ေသမွန္းမသိတဲ့ အျဖစ္အပ်က္

ေခါင္းစဥ္ေလးဖတ္လိုက္မိတယ္ဆိုရင္ပဲ ဘာေၾကာင့္ သတ္ခံရတာလဲဆိုတာကို ကိုယ္တိုင္လည္း စိတ္၀င္စားသြားခဲ့တာေၾကာင့္ ျပန္ၿပီးမွ်ေ၀ခံစားေပးေစခ်င္တာမို႔ တင္ျပလိုက္တာျဖစ္ပါတယ္။ ဘယ္လိုလူေတြက ဘာေၾကာင့္ ဒီလိုေတြသတ္လိုက္ရတာလဲဆိုတာ အရမ္းသိခ်င္ေနၾကမယ္ထင္ပါတယ္။

အခုထိတိုင္မေျဖရွင္းနိုင္ေသးတဲ့ကိစၥတစ္ခုကို သံသယျဖစ္မိတာအမွန္ပါပဲလို႔ေျပာခ်င္ပါတယ္။ အျဖစ္ေလးကေတာ့ ၁၉၅၉ ခုႏွစ္ ေဖေဖာ္၀ါရီ ၂ ရက္ေလာက္ကျဖစ္ခဲ့တဲ့အျဖစ္အပ်က္ေလးပါ။ ေနရာကေတာ့ ရုရွားေျမာက္ပိုင္းက Uralေတာင္ေပၚမွာ ျဖစ္ခဲ့တာျဖစ္ပါတယ္။ အဲဒီေတာင္ေပၚကို လူငယ္ ၁၀ ေယာက္တက္သြားခဲ့တာမွ ၉ ေယာက္ဟာ ေသဆံုးခဲ့ၿပီး တစ္ေယာက္တည္းပဲျပန္လြတ္လာေၾကာင္းသိရပါတယ္။ လြတ္လာခဲ့တဲ့ တစ္ေယာက္ဟာ ေနမေကာင္းျဖစ္ကာက်န္ခဲ့တဲ့ Yuri Yefimovich Yudin ဆိုသူျဖစ္ကာ အသက္ ၇၅ ႏွစ္ထိ အသက္ရွင္ ေနထိုင္သြားခဲ့ႏိုင္ေၾကာင္း သိရပါတယ္။

အခု အျဖစ္အပ်က္ေတြမွာပါ၀င္တဲ့ လူငယ္အားလံုးဟာ Ural Polytechnical တကၠသိုလ္ကေက်ာင္းသားမ်ားျဖစ္ကာ အသက္၂၀ ေက်ာ္မ်ားျဖစ္ကာ အဖြဲ႕ေခါင္းေဆာင္မွာ Dyatlov ျဖစ္တယ္လို႔ ဆိုပါတယ္။ သူတို႔အဖြဲ႕ရည္မွန္းခ်က္ဟာ ၆.၂မိုင္ အကြာအေ၀းမွာရွိတဲ့ Otorten ေတာင္ကိုတက္ဖို႔ထြက္လာခဲ့ၾကရာမွာ Vizhai ရြာကို ေရာက္ရွိခဲ့ကာ အဲဒီရြာေရာက္ခ်ိန္မွာပဲ Yudin ဆုိတဲ့လူငယ္တစ္ဦးဟာ ေနမေကာင္းျဖစ္ခဲ့ပါတယ္။ ေနမေကာင္းတဲ့ တစ္ေယာက္ကို ထားခဲ့ၿပီး၊ က်န္တဲ့ ၉ေယာက္ဟာ ေတာင္တက္ဖို႔ စတင္ျပင္ဆင္ခဲ့ၾကကာ ေဖေဖာ္၀ါရီ ၁ ရက္မွာ ခရီးစထြက္ခဲ့ၾကပါတယ္။

ႏွင္းမုန္တိုင္းမ်ား မၾကာခဏတိုက္ခတ္တဲ့ၾကားကေန ဦးတည္သြားတဲ့ လမ္းေၾကာင္းကို ျမင္ဖို႔ရာ မစြမ္းသာတဲ့ အေျခအေနျဖစ္လာၿပီး မွားယြင္းခဲ့ကာ သြားခ်င္တဲ့ေတာင္မေရာက္ဘဲ Kholat Syakhi လို႔ သိၾကတဲ့ မရဏေတာင္ထိပ္ကို ေရာက္သြားခဲ့ၾကတာျဖစ္တယ္လို႔ စိတ္မေကာင္းစြာပဲသိလိုက္ရပါတယ္။ လမ္းမွားတာကိုသိသိခ်င္းပဲ အဲဒီေနရာမွာတင္ စခန္းခ်ရပ္နားဖို႕ လုပ္ခဲ့ၾကတယ္လို႔ ဆိုပါတယ္။ ဒီခရီးကိုမစခင္မွာပဲ ေခါင္းေဆာင္ျဖစ္သူအေနနဲ႔ Vizhai ကို ျပန္ေရာက္တာနဲ႔ ေၾကးနန္းပို႔မယ္လို႔ သူတို႔အားကစားကလပ္ကို ေျပာခဲ့ေၾကာင္းသိရပါတယ္။

သူတို႔ရဲ႕ ခရီးစဥ္ဟာ ၁၂ရက္ေန႔မွာ ၿပီးဆံုးမယ္လို႔ မွန္းခဲ့ေပမယ့္၊ ေနမေကာင္းျဖစ္ၿပီးက်န္ခဲ့တဲ့ တစ္ေယာက္ကိုေတာ့ ၁၂ ရက္ထက္ပိုၾကာခဲ့ရင္လည္း စိတ္မပူဖို႔ မွာခဲ့တယ္လို႔ သိရပါတယ္။ ၁၂ ရက္ေက်ာ္တဲ့အထိ ဘာဆက္သြယ္မႈမွ မလုပ္လာခဲ့တာေၾကာင့္ ရက္ ၂၀ ၾကာတဲ့အခါမွာေတာ့ ရွာေဖြမယ့္ခရီးစဥ္မွာ ကယ္ဆယ္ေရးလုပ္ၾကမယ့္ အဖြဲ႕မ်ား ပါ၀င္သလို၊ အစိုးရ အဖြဲ႕အေနနဲ႔လည္း ေလယာဥ္၊ ဟယ္လီေကာ္ပတာမ်ား အသံုးျပဳေစခဲ့တယ္လို႔ သိရပါတယ္။ ရွာေဖြသူမ်ားအဖဲြ႔ဟာ ေတာင္တက္သြားခဲ့ၾကတဲ့ အဖြဲ႕ ေနာက္ဆံုးစခန္းခ်ရာေနရာကို ေရာက္ရွိခဲ့တဲ့ အခ်ိန္မွာပဲ တဲကိုလည္း အျပင္ကဆုတ္ၿဖဲထားတာကိုေတြ႔ရၿပီး၊ ေျခရာ၉ ခုကိုလည္း ေတြ႔ခဲ့တဲ့အျပင္ တခ်ိဳ႕အရာေတြကေတာ့ ႏွင္းမ်ားအုပ္ေနတာကို ေတြ႕ခဲ့ရပါတယ္။ ေတြ႕ရတဲ့ ေျခရာအတိုင္း လိုက္ခဲ့ရာ မီတာ ၅၀၀ ေလာက္အေရာက္မွာေတာ့ ႏွင္းေတြဟာ ေျခရာေတြကို ဖ်က္စီးထားသလို၊ အဲဒီေနရာတစ္၀ိုက္ကို ရွာၾကည့္လိုက္ေတာ့ မီးေတာက္ေလးတစ္ခုကိုေတြ႔ရွိခဲ့ပါတယ္။ အဲဒီအပင္နားအေရာက္မွာလည္း ၾကြင္းက်န္ေနတဲ့ မီးဖိုျဖစ္ေနတာရယ္၊ ေသဆံုးေနတဲ့ ေတာင္တက္သမားႏွစ္ဦးရဲ႕ အေလာင္းေတြကို အ၀တ္အစားအားလံုး ခ်ြတ္လ်က္အေနအထားနဲ႔ေသေနၾကတာကို ေတြ႔ခဲ့ၾကတာမွာ အပူခ်ိန္ ၂၀ ဒီဂရီ ေလာက္ရွိတဲ့ေနရာမွာ အ၀တ္မရွိဘဲ ေသေနၾကတာဟာ အင္မတန္ထူးဆန္းတဲ့ အျဖစ္အပ်က္တစ္ခုလို႔ ဆိုရမေလာက္ေအာင္ျဖစ္ေနပါတယ္။

ေနာက္ထပ္ ေတြ႔ရွိခဲ့တဲ့အေလာင္းေတြကေတာ့ အဖြဲ႔ေခါင္းေဆာင္ အပါအ၀င္ သံုးေယာက္ျဖစ္ကာ၊ က်န္တဲ့သူေတြကိုေတာ့ ၂ လၾကာတဲ့အထိ ရွာေဖြ မေတြ႕ရွိခဲ့ၾကပါဘူး။ က်န္တဲ့ေလးေယာက္ကုိေတာ့ အ၀တ္ေတြ၊ အေႏြးထည္ေတြအျပည့္အစံုနဲ႔ ေသဆံုးေနၾကၿပီး ႏွင္းခဲေတြေအာက္ ေလးမီတာခန္႔မွာ ေရာက္ရွိေနခဲ့တာကို ေတြ႕ခဲ့ၾကတာျဖစ္ပါတယ္။ ရွာေဖြၾကတဲ့အဖြဲ႔ရဲ႕ မွတ္တမ္းမ်ားအရ တိုက္ခိုက္ခံရသူမ်ားမွာ တခ်ိဳ႕ေတြက လွ်ာကိုကိုက္ျဖတ္ခံထားရကာ တခ်ိဳ႕မွာေတာ့ မ်က္လံုးမရွိေတာ့တာျဖစ္ပါတယ္။ ဦးေခါင္းခြံလည္းပ်က္စီးေနကာ၊ တျခားတစ္ေယာက္မွာေတာ့ ကားမေတာ္တဆျဖစ္သလိုမ်ိဳး ေလာင္က်ြမ္းေနတာကို ေတြ႕ရပါတယ္။ ဒီ့ထက္ထူးျခားတာကေတာ့ သူတို႔ရဲ႕ အ၀တ္ေတြမွာ ေရဒီယိုသတၱိၾကြအရည္ေတြေပေနတာပဲျဖစ္ပါတယ္။ အဲဒီအဖြဲ႕ေသဆံုးတဲ့ရက္ေတြမွာ လိေမၼာ္ေရာင္မီးလံုးႀကီးေတြကို ေတာင္ရဲ႕ တစ္၀ိုက္မွာ ေတြ႕လိုက္ရတယ္လို႔ ဆိုပါတယ္။ ထူးဆန္းလြန္းတဲ့ ဒီအျဖစ္အပ်က္ေလးဟာ စိတ္၀င္စားၾကတဲ့ သူေတြမ်ားတာမို႕ အဲဒီအျဖစ္နဲ႔ပတ္သက္တဲ့ The Dyatlov Pass Incident(Devil’s Pass) 2013 ဆုိတဲ့ ႐ုပ္ရွင္ဇာတ္ကားကုိေတာင္ ရိုက္ကူးထုတ္လုပ္ထားခဲ့ပါတယ္။ ေသဆံုးသူေတြရဲ႕ အထိမ္းအမွတ္ ဂူကိုေတာ့ Mikhajlov သခ်ဳႋင္းမွာ ေတြ႕ျမင္ႏိုင္ပါတယ္။