ဘာမြူဒါကျွန်းမှ ခေါင်မိုးဖြူများ
0
277
အိမ်ခေါင်မိုး ဖြူနေတာများ ဘာထူးဆန်းလို့လဲထင်နေကြမှာ သိနေပါတယ်။ အိမ်ခေါင်မိုးစိမ်းတာလေးတွေမြင်ရခဲ့တဲ့နေရာလေးတွေလည်း ရှိတာကို မိတ်ဆွေတို့မြင်ဖူးခဲ့ကြမယ် လို့ထင်ပါတယ်။ ဒီလိုအိမ်ခေါင်မိုးလေးတွေကို အစိမ်းရောင်လေးတွေပြုလုပ်ထားတာဟာ ရာသီဥတုအလိုက် အပူအအေးညီမျှဖို့အတွက် ဒီလိုပြုလုပ်ရခြင်းဖြစ်တယ်လို့သိရပါတယ်။
crd photo (Youtube)
အခုတင်ပြပေးချင်တဲ့ ခေါင်မိုးလေးတွေက ဘာကြောင့် အဖြူတွေချည်းပဲလုပ်ထားကြတာလဲဆိုတဲ့ အကြောင်းလေးကို ပြောပြပေးမှာဖြစ်ပါတယ်။ နေရာလေးကတော့ အမေရိကန် North Carolina ရဲ့ အရှေ့ဘက်မိုင် ၆၀၀ အကွာအဝေးမှာရှိတဲ့ကျွန်းလေးပဲဖြစ်ပါတယ်။ဒီနေရာလေးဟာ ကိုယ်ထူကိုယ်ထအုပ်ချုပ်တဲ့ အနေအထားနဲ့ လည်ပတ်နေတဲ့ကျွန်းလေးဖြစ်ကြောင်းသိရတဲ့အပြင် ဒီကျွန်းမှာရှိတဲ့လူဦးရေဟာ ၆၄၀၀၀၀န်းကျင်လောက်ပဲရှိတယ်လို့ ဆိုပါတယ်။ ခရီးသွားလုပ်ငန်းကလည်း ကျွန်းဝင်ငွေရရှိအောင် ဖန်တီးပေးထားတာသိရပါတယ်။ အိမ်ခေါင်မိုးဖြူဖြူလေးတွေကိုလည်း အဲဒီကျွန်းလေးမှာ တွေ့မြင်ရမှာပဲဖြစ်ပါတယ်။
crd photo (freshome.com)
ဘာလို့ ဒီလိုအမိုးဖြူဖြူလေးတွေနဲ့ ဆောက်လုပ်ထားတာလဲဆိုတာ ထူးဆန်းနေသလိုဖြစ်နေခဲ့ပါတယ်။ အမှန်တကယ်တော့ အဲဒီအမိုးဖြူဖြူလေးတွေဟာ ရေသိုလှောင်စုဆောင်းဖို့အတွက် အခုလိုပြုလုပ်ထားကြတာဖြစ်တယ်လို့သိရပါတယ်။ ဘာကြောင့်လဲဆိုရင် အဲဒီဘာမြူဒါကျွန်းမှာက သန့်ရှင်းတဲ့ရေကို ရရှိဖို့ခက်ခဲတာကြောင့်ဖြစ်ပါတယ်။ ဒီနေရာလေးမှာ မြစ်တွေကန်တွေမရှိဘဲ ပင်လယ်ဝိုင်းနေတဲ့ကျွန်းဖြစ်တာကြောင့် သန့်ရှင်းတဲ့ရေချိုကို တခြားဘယ်နေရာကမှ ယူလို့မရလို့ဖြစ်ပါတယ်။
crd photo (You Tube)
အဲဒါတွေကြောင့်ပဲ အိမ်ခေါင်မိုးတွေကို အဖြူရောင်လုပ်ထားပြီးလှေကားထစ်ပုံစံဒီဇိုင်းနဲ့ လုပ်ထားတာဟာ မိုးရွာတဲ့အခါ မိုးရေတွေကို အိမ်ခေါင်မိုးကနေတစ်ဆင့် အိမ်ရဲ့အောက်မှာရှိနေတဲ့ တိုင်ကီထဲကိုစီးကျစေတာဖြစ်ကာ ရေသန့်စုဆောင်းထားတာဖြစ်ပါတယ်။ ဒီအိမ်ခေါင်မိုးဒီဇိုင်းတွေဟာ ဟာရီကိန်းမုန်တိုင်းဒဏ်ကို တော်ရုံတန်ရုံခံနိုင်ရည်ရှိစေပါတယ်။ အိမ်ခေါင်မိုးအဖြူရောင်တွေကြောင့် ultra-violet lightကိုလည်း ရောင်ပြန်စေတယ်လို့ ဆိုပါတယ်။ အမိုးဖြူဖြူနဲ့ ရေလှောင်ထားတာဟာ သန့်ရှင်းရဲ့လားဆိုတာကို စစ်ဆေးမှုတွေအရ မြင်သာထင်သာရှိနေတာကိုတွေ့ရမှာဖြစ်ပါတယ်။
crd photo(You Tube)
ဒါကြောင့် ရေတန်ဖိုးကိုသိပြီး၊ ရေကိုအလဟာသမဖြုန်းတီးဖြစ်အောင် ဆက်လက်စုဆောင်းနေထိုင်ဖို့နဲ့ တန်ဖိုးကို သိစေချင်လို့ဖြစ်ကြောင်းပြောပြထားပါတယ်။ ရေတန်ဖိုးကိုပိုပြီးသိစေဖို့အတွက် ရေတစဖန်ခွက်ရှိရင် အဲဒါနဲ့မျက်နှာသစ်၊ သွားတိုက်လုပ်တတ်ရမယ်လို့ဆိုပါတယ်။ ရေကုန်စေမယ့် ဓာတုဆေးသုံးခြင်းတွေကို မပြုလုပ်ဖို့နဲ့ ပန်းကန်များဆေးပြီးသားရေတွေကို သွန်ပစ်ဖို့စိတ်မကူးစေချင်ပါဘူးလို့ဆိုပါတယ်။ အဲဒီရေတွေကို ဥယျာဉ်ကိုပြန်လောင်းပေးလို့ရကြောင်းပြောခဲ့ပါတယ်။ ဒါ့အပြင် ခရီးသွားများ ဒီကျွန်းကိုလာလည်တဲ့အခါရေပိုသုံးနိုင်အောင်ဝန်ဆောင်မှုကောင်းပေးနိုင်အောင်လုပ်ထားကြတာဖြစ်ပါတယ်။ ဒီဒေသမှာမိုးမရွာခဲ့ရင်လည်းရေရောင်းပေးတယ်လို့ဆိုပါတယ်။ ဒီဒေသကဟိုတယ်တွေမှာ တည်းခိုစရိတ်ဟာ အနည်းဆုံး ၃သိန်းခွဲအထက်မှာရှိကြောင်းသိရပါတယ်။ တကယ်လို့များ အဲဒီကျွန်းကို သွားလည်ကြမယ်ဆုရင်တော့ ရေကိုချွေတာသုံးစွဲလိုစိတ်တွေ တဖွားဖွားပေါ်လာစေပါတယ်။ ရေအများကြီးသုံးတတ်တဲ့သူတွေများများ သွားကြစေချင်ပါတယ်။
(zawgyi)