သမီးေလးအတြက္ရတက္မေအးနိုင္တဲ့ေဖေဖ

0
199

 

မိသားစုဆိုတဲ့ စကားလုံးလေးကို တချို့တွေက ဘယ်လိုပုံဖော်ကြလဲမသိနိုင်ပေမယ့်၊ တချို့ကတော့ အလွန်အကျွံကို ဖော်ပြတတ်ကြပါတယ်။ အဲဒီလို ဖော်ပြတဲ့အထဲမှာ လူပင်ငယ်ပေမယ့်လည်း မေတ္တာတရားက ဘယ်လောက်ကြီးမားလဲဆိုတဲ့အဖြေကိုတော့ တရုတ်နိုင်ငံ Sichuanမှာနေထိုင်တဲ့ Zhang Liyobg ဆိုတဲ့ လူလတ်ပိုင်းအမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ သမီးလေးမှာ သွေးကင်ဆာရောဂါ ခံစားနေရတာကို သိခဲ့ပြီးနောက်မှာတော့ အကြီးအကျယ်စိတ်တွေညစ်ကာ သမီးလေးအတွက် အကောင်းဆုံးတွေကိုလုပ်ပေးဖို့ကြိုးစားခဲ့ပါတယ်။

Crd photo (YouTube)

ဆေးကုသစရိတ်ကြီးမားလွန်းတဲ့ဒဏ်ကိုမိဘနှစ်ပါး အလူးအလဲခံစားရင်း သမီးလေးဆေးကုဖို့အတွက် ယူထားတဲ့ အကြွေးတွေလည်း ပြန်လည်မဆပ်နိုင်တဲ့ အခြေအနေတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီလိုဖြစ်နေတဲ့ အခြေအနေများကို ဆက်လက်မခံစားနိုင်တော့တဲ့ အခြေအနေတွေဖြစ်လာတာကြောင့် လိုနေတဲ့ဆေးဖိုးလည်းထပ်မရှာတော့ဘဲ သေဖို့အရေးပဲစောင့်နေတော့မယ်ဆိုတဲ့ အနေအထားကို ဖန်တီးဖို့စဉ်းစားခဲ့တာလို့သိရပါတယ်။

Crd photo (Banabini Photography)

ငွေထပ်ချေးတာနဲ့ပတ်သက်လို့လည်း သူ့ကိုဘယ်သူကမှ ငွေမချေးတော့တာကြောင့် သမီးလေးအတွက်လည်း မတတ်နိုင်ခဲ့တဲ့အပြင် ရောဂါအခြေအနေဟာလည်းပိုပြီးဆိုးလာတာတွေကြောင့် ဆေးဆက်ကုဖို့အရေးပေါ်ငွေလိုအပ်လာတာဖြစ်ခဲ့ပါတယ်။ ငွေကြေးအခက်အခဲဖြစ်နေတဲ့အပြင် သမီးလေးအတွက် အချိန်မလောက်တော့တာကြောင့်လည်း မျှော်လင့်ချက်မဲ့စွာနဲ့ပဲသေဖို့ပဲ စောင့်နေရပါတော့တယ်။

 

Crd photo (Daily Mail)

အရှုံးပေးရတော့မယ့် သမီးလေးအတွက် နှုတ်ဆက်ချိန်ကို ထိုင်စောင့်နေရင်း သမီးလေးနဲ့ အတူတူ သေဖို့တောင်ကိုယ်တိုင်တွင်းတူးပြင်ဆင်ကာ စောင့်နေတယ်ဆိုတဲ့သတင်းဟာ လူတိုင်းရဲ့ ပါးစပ်ဖျားမှာ ပြောစမှတ်ဖြစ်နေခဲ့ပါတယ်။ သူတို့သားအဖရဲ့ အဖြစ်လေးဟာ ကြေကွဲစရာလေးဖြစ်နေခဲ့တာကြောင့် မိဘတို့ရဲ့ မေတ္တာတရားဟာ ဘယ်လောက်အထိ ကြီးမားသလဲဆိုတာကိုဖော်ပြလိုက်တဲ့ Liyongကို လေးစားသနားမိပါတယ်။

Crd photo (THE Sun)

မိဘတိုင်းကတော့ ပိုပြီးကောင်းတဲ့အစီအစဉ်တွေကိုပဲ လုပ်ပေးချင်ကြတာမျိုးပဲမို့ အဖေဖြစ်သူရဲ့ သဘောထားကို လေးစားတန်ဖိုးထားမိပါတယ်။ လူမှုကွန်ရက်မှာ တွေ့ရှိခဲ့ကြသူတိုင်းက သေဆုံးခါနီးသမီးလေးအတွက် အလှုငွေများကို ဝန်းရံပေးခဲ့တာကြောင့်ခွဲစိတ်ကုသဖို့ အောင်မြင်အောင် ဆက်လက်အကူအညီများပေးရင်း စောင့်ရှောက်ပေးနိုင်ဖို့ ကူညီနေကြတယ်လို့ သိရပါတယ်။

Crd photo (DAILY MAIL)

 

(Zawgyi)

သမီးေလးအတြက္ရတက္မေအးနိုင္တဲ့ေဖေဖ
မိသားစုဆိုတဲ့ စကားလံုးေလးကို တခ်ိဳ႕ေတြက ဘယ္လိုပံုေဖာ္ၾကလဲမသိႏိုင္ေပမယ့္၊ တခ်ိဳ႕ကေတာ့ အလြန္အက်ြံကို ေဖာ္ျပတတ္ၾကပါတယ္။ အဲဒီလို ေဖာ္ျပတဲ့အထဲမွာ လူပင္ငယ္ေပမယ့္လည္း ေမတၱာတရားက ဘယ္ေလာက္ႀကီးမားလဲဆိုတဲ့အေျဖကိုေတာ့ တရုတ္ႏိုင္ငံ Sichuanမွာေနထိုင္တဲ့ Zhang Liyobg ဆိုတဲ့ လူလတ္ပိုင္းအမ်ိဳးသားတစ္ေယာက္ဟာ သူ႔ရဲ႕ သမီးေလးမွာ ေသြးကင္ဆာေရာဂါ ခံစားေနရတာကို သိခဲ့ၿပီးေနာက္မွာေတာ့ အႀကီးအက်ယ္စိတ္ေတြညစ္ကာ သမီးေလးအတြက္ အေကာင္းဆံုးေတြကိုလုပ္ေပးဖို႔ႀကိဳးစားခဲ့ပါတယ္။
ေဆးကုသစရိတ္ႀကီးမားလြန္းတဲ့ဒဏ္ကိုမိဘႏွစ္ပါး အလူးအလဲခံစားရင္း သမီးေလးေဆးကုဖို႔အတြက္ ယူထားတဲ့ အေၾကြးေတြလည္း ျပန္လည္မဆပ္ႏိုင္တဲ့ အေျခအေနတစ္ခုျဖစ္လာခဲ့ပါတယ္။ဒီလိုျဖစ္ေနတဲ့ အေျခအေနမ်ားကို ဆက္လက္မခံစားႏိုင္ေတာ့တဲ့ အေျခအေနေတြျဖစ္လာတာေၾကာင့္ လိုေနတဲ့ေဆးဖိုးလည္းထပ္မရွာေတာ့ဘဲ ေသဖို႔အေရးပဲေစာင့္ေနေတာ့မယ္ဆိုတဲ့ အေနအထားကို ဖန္တီးဖို႔စဥ္းစားခဲ့တာလို႔သိရပါတယ္။
ေငြထပ္ေခ်းတာနဲ႔ပတ္သက္လို႔လည္း သူ႕ကိုဘယ္သူကမွ ေငြမေခ်းေတာ့တာေၾကာင့္ သမီးေလးအတြက္လည္း မတတ္ႏိုင္ခဲ့တဲ့အျပင္ ေရာဂါအေျခအေနဟာလည္းပိုၿပီးဆိုးလာတာေတြေၾကာင့္ ေဆးဆက္ကုဖို႔အေရးေပၚေငြလိုအပ္လာတာျဖစ္ခဲ့ပါတယ္။ ေငြေၾကးအခက္အခဲျဖစ္ေနတဲ့အျပင္ သမီးေလးအတြက္ အခ်ိန္မေလာက္ေတာ့တာေၾကာင့္လည္း ေမွ်ာ္လင့္ခ်က္မဲ့စြာနဲ႔ပဲေသဖို႔ပဲ ေစာင့္ေနရပါေတာ့တယ္။
အရႈံးေပးရေတာ့မယ့္ သမီးေလးအတြက္ ႏႈတ္ဆက္ခ်ိန္ကို ထိုင္ေစာင့္ေနရင္း သမီးေလးနဲ႔ အတူတူ ေသဖို႔ေတာင္ကိုယ္တိုင္တြင္းတူးျပင္ဆင္ကာ ေစာင့္ေနတယ္ဆုိတဲ့သတင္းဟာ လူတိုင္းရဲ႕ ပါးစပ္ဖ်ားမွာ ေျပာစမွတ္ျဖစ္ေနခဲ့ပါတယ္။ သူတို႔သားအဖရဲ႕ အျဖစ္ေလးဟာ ေၾကကြဲစရာေလးျဖစ္ေနခဲ့တာေၾကာင့္ မိဘတို႔ရဲ႕ ေမတၱာတရားဟာ ဘယ္ေလာက္အထိ ႀကီးမားသလဲဆိုတာကိုေဖာ္ျပလိုက္တဲ့ Liyongကို ေလးစားသနားမိပါတယ္။
မိဘတိုင္းကေတာ့ ပိုၿပီးေကာင္းတဲ့အစီအစဥ္ေတြကိုပဲ လုပ္ေပးခ်င္ၾကတာမ်ိဳးပဲမို႔ အေဖျဖစ္သူရဲ႕ သေဘာထားကို ေလးစားတန္ဖိုးထားမိပါတယ္။ လူမႈကြန္ရက္မွာ ေတြ႕ရွိခဲ့ၾကသူတိုင္းက ေသဆံုးခါနီးသမီးေလးအတြက္ အလႈေငြမ်ားကို ၀န္းရံေပးခဲ့တာေၾကာင့္ခြဲစိတ္ကုသဖို႔ ေအာင္ျမင္ေအာင္ ဆက္လက္အကူအညီမ်ားေပးရင္း ေစာင့္ေရွာက္ေပးႏိုင္ဖို႔ ကူညီေနၾကတယ္လို႔ သိရပါတယ္။