ရုတ်တရက် အိပ်ပျော်သွားစေနိုင်တဲ့ ရွာကလေးနှစ်ရွာ

0
279


လောကကြီးမှာ တစ်ခါတစ်ခါထူးဆန်းလွန်းတာတွေဟာ ဘယ်လိုမှစဉ်းစားလို့မရတဲ့အထိ ဖြစ်တတ်တာကြုံဖူးကြမယ်ထင်ပါတယ်။ ကိုယ်တိုင်ရော ထူးထူးဆန်းဆန်း အဖြစ်အပျက်လေးတွေ ကိုကြုံခဲ့ရမယ်ဆိုရင် ဘယ်လိုခံစားရမလဲဆိုတာစဉ်းစားကြည့်ဖူးကြလားသိချင်ပါတယ်။ အမှတ်တမဲ့ကြုံရတဲ့ အဖြစ်ဟာ ပိုပြီၤးထူးဆန်းတတ်ပါတယ်။
အခုလည်းဘယ်မျက်လှည့်ဆရာ၊ပယောဂဆရာကအစွမ်းပြသွားလို့ ဘယ်သူမှနားမလည်နိုင်အောင်ဖြစ်သွားခဲ့တဲ့ အဖြစ်အပျက်လေးဟာ ပိုပြီးထူးဆန်းနေတာတော့ မအံ့သြဘဲမနေနိုင်တော့ပါဘူး။ ဒီဖြစ်ရပ်လေးရဲ့ ဇာစ်မြစ်ကိုပြောပြရမယ်ဆိုရင် ကာဇက်စတန်မြောက်ပိုင်းမှာရှိတဲ့ ကာလာရှီဆိုတဲ့ရွာလေးနဲ့ ကရက်နော့အော့ခ် ဆိုတဲ့ ရွာလေးနှစ်ရွာမှာ မထင်မှတ်ထားတဲ့ အဖြစ်အပျက်လေးတွေဖြစ်သွားခဲ့ကြောင်းသိရပါတယ်။


၂၀၀၃ခု မတ်လကတည်းကဖြစ်ခဲ့တာလို့ဆိုပါတယ်။ ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ သက်ဆိုင်ရာအစိုးရက တောင် ထုတ်ပြန်ထားတယ်လို့သိရပါတယ်။ ဘယ်လောက်အထိထူးဆန်းသလဲဆိုရင် ဒီသတင်းကို ကြားရသူအားလုံးတောင် ပါးစပ်အဟောင်းသားနဲ့ ဖြစ်ကုန်ကြတယ်လို့ဆိုပါတယ်။ အိပ်ရာဝင်ပုံပြင် တစ်ပုဒ်လိုဖြစ်နေတာမို့ အစိုးရကထုတ်ပြန်ထားတဲ့အချက်သာမဟုတ်ရင် ယုံနိုင်စရာလည်းမရှိကြတာမို့ ပြောစရာတစ်ခုဖြစ်နေခဲ့ပါတယ်။
ဒီအဖြစ်လေးကိုပြောပြရရင် အဲဒီရွာလေးနှစ်ရွာမှ ရွာသားအားလုံးဟာ နေ့စဉ်လုပ်နေကြအလုပ်တွေကို သူတို့လုပ်နေစဉ်မှာပဲ ထူးဆန်းစွာ ရုတ်တရက်အိပ်ပျော်သွားကြတာဖြစ်ပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းဟာ ရောဂါတစ်ခုခုကို ခံစားရလို့ဖြစ်သွားခဲ့တာလားဆိုတဲ့ အချက်ကို တစ်ဦးတစ်ယောက်မှမသိခဲ့ဘူးလို့ သိရပါတယ်။


အဲဒီလိုရုတ်တရက်ဖြစ်သွားကြတဲ့ရွာသားတွေထဲမှာ ရုရှားနဲ့ဂျာမန်နွယ်ဝင် အယောက် ၈၁၀လောက်ရှိပြီး၊ အဲဒီအထဲမှ ၁၅၂ ယောက်ဟာ ဒီအဖြစ်နဲ့ကြုံပြီးဝေဒနာခံစားခဲ့ရတယ်လို့သိရပါတယ်။ အဲဒီလူနာအများစုဟာ အလွန်ကြီးမားလှတဲ့ ကဇာ့ခ်မြက်ခင်းလွင်ပြင်ဒေသမှာ အခြေချ နေထိုင်သူတွေဖြစ်ကြောင်းလည်း သိရပါတယ်။
ကျေးရွာငယ်ကလေး ၂ခုကနေ လူပေါင်း ၁၅၂ ယောက်ဟာ ၆ရက်ကျော်ကြာတဲ့အထိ ရုတ်တရက်အိပ်ပျော်သွား ကာ အမည်မသိတဲ့အဖြစ်အပျက်တွေဟာလည်း အိပ်နေရင်းကပင်ထူးဆန်းစွာဖြစ်သွားခဲ့တာလို့ဆိုပါတယ်။ ဘာလို့ဒီလိုပြောရတာလဲဆိုရင် အဲဒီရွာသားတွေနိုးထလာချိန်မှာ ဘယ်ကနေဘယ်လိုဖြစ်သွားတာလဲ၊ ဘယ်သူလုပ်လို့ဖြစ်သွားတာလဲဆိုတာကိုမသိကြဘဲ မောပန်းနွမ်းနယ်ကာ၊ အားအင်ကုန်ခန်းပြီး၊ ခေါင်းကိုက်ခေါင်းခဲဖြစ်ကုန်ကြတယ်လို့သိရပါတယ်။ တချို့ဆိုရင် အိပ်ပျော်သွားတဲ့အချိန်လေးမှာကို ယောင်ပြီးလမ်းထလျှောက်တာမျိုးနဲ့ အော်ဟစ်တာတွေတောင်လုပ်ခဲ့ကြတယ်လို့ထူးဆန်းစွာပဲသိရပါတယ်။ ဒါတင်မကသေးဘဲ ဟောက်တဲ့သူကလည်းဟောက်နေပြီး၊ လူကောင်းတစ်ယောက်လိုပုံစံမျိုးတွေနဲ့ တွေ့သမျှပစ္စည်းအားလုံးကိုတောင် ရှောင်ကွင်းသွားလာနိုင်ကာ တချို့ကတော့ အိမ်မှုကိစ္စတွေပါဟန်မပျက်လုပ်နိုင်နေကြတယ်လို့သိရပြန်ပါတယ်။ အဲဒီလိုအဖြစ်အပျက်တွေရဲ့ အဖြေကိုတော့ကွင်းဆင်းလေ့လာမှုတွေအရသိခဲ့ရတယ်လို့ဆိုပါတယ်။ ခံစားရတဲ့သူတွေထဲမှာ သက်ကြီး၊သက်လတ်၊သက်ငယ်အကုန်ပါဝင်ပြီး၊ ကလေးတွေရဲ့ခံစားရပုံကို ပြောပြရမယ်ဆိုရင်သူတို့အိပ်ပျော်နေတဲ့အချိန်မှာပဲ ကယောင်ကတမ်းတွေပြုလုပ်တဲ့အနေအထားအထိ ရှိခဲ့တယ်လို့ဆိုပါတယ်။ အဲဒီရွာက ကြောင်လေးတစ်ကောင်ဟာဆိုရင် ရုတ်တရက် အိပ်ပျော်နေရာက နိုးလာချိန်မှာ စိတ်တွေဖောက်ပြီးအနားမှာရှိတဲ့နံရံ၊ ပစ္စည်းတွေအပြင် ခွေးတွေကိုလည်း လိုက်ပြီးကုတ်ခြစ်မာန်မဲခဲ့ကြောင်းသိရပါတယ်။

နောက်ပိုင်းမှာ ကြောင်ဟာ လူတစ်ယောက်ရဲ့ဟောက်သံတွေအတိုင်းအိပ်ပျော်သွားခဲ့ရာက နိုးလာချိန်မှာ မျက်စိပွင့်နေရုံအပြင် ဘာအမူအရာမှမပြဘဲ အစာတောင်မစားတော့ဘူးလို့ဆိုပါတယ်။ အားနည်းသွားတဲ့ပုံစံဖြစ်နေတာလို့ထင်ကြောင်း ဒေသခံမီဒီယာတွေကို ပြောပြခဲ့တယ်လို့သိရပါတယ်။ ရောဂါခံစားနေရတဲ့သူတွေကို စမ်းသပ်လေ့လာမှုပြုလုပ်ချက်တွေအရ လူနာတွေရဲ့ သွေးအတွင်းမှာ Vodka အရက်တွေလို အာနိသင်ရှိတဲ့ဓာတ်တွေဟာ ဦးနှောက်အတွင်းက အမည်မသတ်မှတ်နိုင်တဲ့ ရောဂါရဲ့တစ်စိတ်တစ်ပိုင်း အဖြစ်နဲ့ဖြစ်ပေါ်လာကြောင်းဖြစ်တယ်လို့ သိခဲ့ရပါတယ်။ အခုတင်ပြပေးခဲ့တဲ့ အဖြစ်အပျက်လေးရဲ့နောက်ဆုံးအဖြေတစ်ခုလို့ပြောလို့ရတဲ့ အချက်ကထူးဆန်းစွာအိပ်ပျော်ခဲ့ကြတဲ့ အဲဒီရွာလေးဟာ အရင်တုန်းကအနီးအနားမှာ ယူရေနီယံမိုင်းတွင်း တစ်ခုရှိနေခဲ့ပြီး ရေဒီယို သတ္တိကြွတွေကြောင့် လေထဲမှာ ကာဗွန်မိုနောက်ဆိုက်နဲ့ ဟိုက်ဒရီုကာဗွန်ဓာတ်ငွေ့တို့ကြောင့် ဒီအဖြစ်အပျက် ထူးဆန်းတာတွေဖြစ်လာကြောင်းသိရပါတယ်။

အဲဒီလိုထူးဆန်းမှုတွေဖြစ်ခဲ့တဲ့နေရာမှ ကျေးရွာရှိလူအားလုံးကို ကာဇက်စတန်အစိုးရကဖျက်သိမ်းဖို့စီစဉ်ကာ ဒေသခံတွေကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ကြောင်းသိရတဲ့အပြင် အဲဒီထူးဆန်းတဲ့ဖြစ်ရပ်လေးကိုပဲ Sleep hollowလို့ နာမည်ကြီးလာခဲ့ကြောင်းသိရပါတယ်။

Zawgyi Version

႐ုတ္တရက္ အိပ္ေပ်ာ္သြားေစႏုိင္တဲ့ ရြာကေလးႏွစ္ရြာ
ေလာကႀကီးမွာ တစ္ခါတစ္ခါထူးဆန္းလြန္းတာေတြဟာ ဘယ္လိုမွစဥ္းစားလို႔မရတဲ့အထိ ျဖစ္တတ္တာႀကံဳဖူးၾကမယ္ထင္ပါတယ္။ ကိုယ္တိုင္ေရာ ထူးထူးဆန္းဆန္း အျဖစ္အပ်က္ေလးေတြ ကိုႀကံဳခဲ့ရမယ္ဆိုရင္ ဘယ္လိုခံစားရမလဲဆိုတာစဥ္းစားၾကည့္ဖူးၾကလားသိခ်င္ပါတယ္။ အမွတ္တမဲ့ႀကံဳရတဲ့ အျဖစ္ဟာ ပိုၿပီၤးထူးဆန္းတတ္ပါတယ္။
အခုလည္းဘယ္မ်က္လွည့္ဆရာ၊ပေယာဂဆရာကအစြမ္းျပသြားလို႔ ဘယ္သူမွနားမလည္ႏိုင္ေအာင္ျဖစ္သြားခဲ့တဲ့ အျဖစ္အပ်က္ေလးဟာ ပိုၿပီးထူးဆန္းေနတာေတာ့ မအံ့ၾသဘဲမေနႏိုင္ေတာ့ပါဘူး။ ဒီျဖစ္ရပ္ေလးရဲ႕ ဇာစ္ျမစ္ကိုေျပာျပရမယ္ဆိုရင္ ကာဇက္စတန္ေျမာက္ပိုင္းမွာရွိတဲ့ ကာလာရွီဆိုတဲ့ရြာေလးနဲ႔ ကရက္ေနာ့ေအာ့ခ္ ဆိုတဲ့ ရြာေလးႏွစ္ရြာမွာ မထင္မွတ္ထားတဲ့ အျဖစ္အပ်က္ေလးေတြျဖစ္သြားခဲ့ေၾကာင္းသိရပါတယ္။
၂၀၀၃ခု မတ္လကတည္းကျဖစ္ခဲ့တာလို႔ဆိုပါတယ္။ ဒီအျဖစ္အပ်က္နဲ႔ပတ္သက္လို႔ သက္ဆိုင္ရာအစိုးရက ေတာင္ ထုတ္ျပန္ထားတယ္လို႔သိရပါတယ္။ ဘယ္ေလာက္အထိထူးဆန္းသလဲဆိုရင္ ဒီသတင္းကို ၾကားရသူအားလံုးေတာင္ ပါးစပ္အေဟာင္းသားနဲ႔ ျဖစ္ကုန္ၾကတယ္လို႔ဆိုပါတယ္။ အိပ္ရာ၀င္ပံုျပင္ တစ္ပုဒ္လိုျဖစ္ေနတာမို႔ အစိုးရကထုတ္ျပန္ထားတဲ့အခ်က္သာမဟုတ္ရင္ ယံုႏိုင္စရာလည္းမရွိၾကတာမို႔ ေျပာစရာတစ္ခုျဖစ္ေနခဲ့ပါတယ္။
ဒီအျဖစ္ေလးကိုေျပာျပရရင္ အဲဒီရြာေလးႏွစ္ရြာမွ ရြာသားအားလံုးဟာ ေန႔စဥ္လုပ္ေနၾကအလုပ္ေတြကို သူတို႔လုပ္ေနစဥ္မွာပဲ ထူးဆန္းစြာ ရုတ္တရက္အိပ္ေပ်ာ္သြားၾကတာျဖစ္ပါတယ္။ ဒီလိုျဖစ္ရတဲ့အေၾကာင္းရင္းဟာ ေရာဂါတစ္ခုခုကို ခံစားရလို႔ျဖစ္သြားခဲ့တာလားဆိုတဲ့ အခ်က္ကို တစ္ဦးတစ္ေယာက္မွမသိခဲ့ဘူးလို႔ သိရပါတယ္။
အဲဒီလိုရုတ္တရက္ျဖစ္သြားၾကတဲ့ရြာသားေတြထဲမွာ ရုရွားနဲ႔ဂ်ာမန္ႏြယ္၀င္ အေယာက္ ၈၁၀ေလာက္ရွိၿပီး၊ အဲဒီအထဲမွ ၁၅၂ ေယာက္ဟာ ဒီအျဖစ္နဲ႔ႀကံဳၿပီးေ၀ဒနာခံစားခဲ့ရတယ္လို႔သိရပါတယ္။ အဲဒီလူနာအမ်ားစုဟာ အလြန္ႀကီးမားလွတဲ့ ကဇာ့ခ္ျမက္ခင္းလြင္ျပင္ေဒသမွာ အေျခခ် ေနထိုင္သူေတြျဖစ္ေၾကာင္းလည္း သိရပါတယ္။
ေက်းရြာငယ္ကေလး ၂ခုကေန လူေပါင္း ၁၅၂ ေယာက္ဟာ ၆ရက္ေက်ာ္ၾကာတဲ့အထိ ရုတ္တရက္အိပ္ေပ်ာ္သြား ကာ အမည္မသိတဲ့အျဖစ္အပ်က္ေတြဟာလည္း အိပ္ေနရင္းကပင္ထူးဆန္းစြာျဖစ္သြားခဲ့တာလို႔ဆိုပါတယ္။ ဘာလို႔ဒီလိုေျပာရတာလဲဆိုရင္ အဲဒီရြာသားေတြႏိုးထလာခ်ိန္မွာ ဘယ္ကေနဘယ္လိုျဖစ္သြားတာလဲ၊ ဘယ္သူလုပ္လို႔ျဖစ္သြားတာလဲဆိုတာကိုမသိၾကဘဲ ေမာပန္းႏြမ္းနယ္ကာ၊ အားအင္ကုန္ခန္းၿပီး၊ ေခါင္းကိုက္ေခါင္းခဲျဖစ္ကုန္ၾကတယ္လို႔သိရပါတယ္။ တခ်ိဳ႕ဆိုရင္ အိပ္ေပ်ာ္သြားတဲ့အခ်ိန္ေလးမွာကို ေယာင္ၿပီးလမ္းထေလွ်ာက္တာမ်ိဳးနဲ႔ ေအာ္ဟစ္တာေတြေတာင္လုပ္ခဲ့ၾကတယ္လို႔ထူးဆန္းစြာပဲသိရပါတယ္။ ဒါတင္မကေသးဘဲ ေဟာက္တဲ့သူကလည္းေဟာက္ေနၿပီး၊ လူေကာင္းတစ္ေယာက္လိုပံုစံမ်ိဳးေတြနဲ႔ ေတြ႔သမွ်ပစၥည္းအားလံုးကိုေတာင္ ေရွာင္ကြင္းသြားလာႏိုင္ကာ တခ်ိဳ႕ကေတာ့ အိမ္မႈကိစၥေတြပါဟန္မပ်က္လုပ္ႏိုင္ေနၾကတယ္လို႔သိရျပန္ပါတယ္။ အဲဒီလိုအျဖစ္အပ်က္ေတြရဲ႕ အေျဖကိုေတာ့ကြင္းဆင္းေလ့လာမႈေတြအရသိခဲ့ရတယ္လို႔ဆိုပါတယ္။ ခံစားရတဲ့သူေတြထဲမွာ သက္ႀကီး၊သက္လတ္၊သက္ငယ္အကုန္ပါ၀င္ၿပီး၊ ကေလးေတြရဲ႕ခံစားရပံုကို ေျပာျပရမယ္ဆိုရင္သူတို႔အိပ္ေပ်ာ္ေနတဲ့အခ်ိန္မွာပဲ ကေယာင္ကတမ္းေတြျပဳလုပ္တဲ့အေနအထားအထိ ရွိခဲ့တယ္လို႔ဆိုပါတယ္။ အဲဒီရြာက ေၾကာင္ေလးတစ္ေကာင္ဟာဆိုရင္ ရုတ္တရက္ အိပ္ေပ်ာ္ေနရာက ႏိုးလာခ်ိန္မွာ စိတ္ေတြေဖာက္ၿပီးအနားမွာရွိတဲ့နံရံ၊ ပစၥည္းေတြအျပင္ ေခြးေတြကိုလည္း လိုက္ၿပီးကုတ္ျခစ္မာန္မဲခဲ့ေၾကာင္းသိရပါတယ္။ ေနာက္ပိုင္းမွာ ေၾကာင္ဟာ လူတစ္ေယာက္ရဲ႕ေဟာက္သံေတြအတိုင္းအိပ္ေပ်ာ္သြားခဲ့ရာက ႏိုးလာခ်ိန္မွာ မ်က္စိပြင့္ေနရံုအျပင္ ဘာအမူအရာမွမျပဘဲ အစာေတာင္မစားေတာ့ဘူးလုိ႔ဆိုပါတယ္။ အားနည္းသြားတဲ့ပံုစံျဖစ္ေနတာလို႔ထင္ေၾကာင္း ေဒသခံမီဒီယာေတြကို ေျပာျပခဲ့တယ္လို႔သိရပါတယ္။ ေရာဂါခံစားေနရတဲ့သူေတြကို စမ္းသပ္ေလ့လာမႈျပဳလုပ္ခ်က္ေတြအရ လူနာေတြရဲ႕ ေသြးအတြင္းမွာ Vodka အရက္ေတြလို အာနိသင္ရွိတဲ့ဓာတ္ေတြဟာ ဦးေႏွာက္အတြင္းက အမည္မသတ္မွတ္ႏိုင္တဲ့ ေရာဂါရဲ႕တစ္စိတ္တစ္ပိုင္း အျဖစ္နဲ႔ျဖစ္ေပၚလာေၾကာင္းျဖစ္တယ္လို႔ သိခဲ့ရပါတယ္။ အခုတင္ျပေပးခဲ့တဲ့ အျဖစ္အပ်က္ေလးရဲ႕ေနာက္ဆံုးအေျဖတစ္ခုလို႔ေျပာလို႔ရတဲ့ အခ်က္ကထူးဆန္းစြာအိပ္ေပ်ာ္ခဲ့ၾကတဲ့ အဲဒီရြာေလးဟာ အရင္တုန္းကအနီးအနားမွာ ယူေရနီယံမိုင္းတြင္း တစ္ခုရွိေနခဲ့ၿပီး ေရဒီယို သတၱိၾကြေတြေၾကာင့္ ေလထဲမွာ ကာဗြန္မိုေနာက္ဆိုက္နဲ႔ ဟိုက္ဒရီုကာဗြန္ဓာတ္ေငြ႕တို႔ေၾကာင့္ ဒီအျဖစ္အပ်က္ ထူးဆန္းတာေတြျဖစ္လာေၾကာင္းသိရပါတယ္။
အဲဒီလိုထူးဆန္းမႈေတြျဖစ္ခဲ့တဲ့ေနရာမွ ေက်းရြာရွိလူအားလံုးကို ကာဇက္စတန္အစိုးရကဖ်က္သိမ္းဖို႔စီစဥ္ကာ ေဒသခံေတြကို ေဘးလြတ္ရာေရႊ႕ေျပာင္းေပးခဲ့ေၾကာင္းသိရတဲ့အျပင္ အဲဒီထူးဆန္းတဲ့ျဖစ္ရပ္ေလးကိုပဲ Sleep hollowလို႔ နာမည္ႀကီးလာခဲ့ေၾကာင္းသိရပါတယ္။