သင်္ဘောကြီးပေါ်မှာမျက်လုံးပြူးသေနေကြ

0
1159

ခေါင်းစဉ်ကြီးကိုမြင်လိုက်ရတာနဲ့တင် အရမ်းလန့်သွားပြီလားလို့ မေးချင်နေမိပါတယ်။ သင်္ဘောဆိုတာတွေဟာလည်း ကမ်းမမြင်လမ်းမမြင်သွားနေကြတာမဟုတ်ပါလား။ အဲဒီလိုသွားနေကြတဲ့ သင်္ဘောတွေဟာ ကိုယ့်ရဲ့ ဦးတည်ချက်ခရီးတွေကို မရောက်ခင်မှာပဲ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေ ဖြစ်လာတတ်တာဟာလည်း ဒုနဲ့ဒေးဖြစ်ပါတယ်။ အခုအဖြစ်အပျက်လေးကတော့ ဒီနေ့ထိတိုင် ဘယ်သူမှ အဖြေရှာမရ ဖြစ်နေတဲ့ ထူးဆန်းဖွယ်ရာ ထိတ်လန့်စရာကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။

crd (Boombastis.com)
ဒီဇာတ်လမ်းလေးရဲ့အစဟာ ၁၉၄၈ခု ဖေဖော်ဝါရီလမှာစတင်ခဲ့တာဖြစ်ပါတယ်။ ပဟေဠိတစ်ပုဒ်ဖြစ်ရတဲ့ အကြောင်းလေးပြောပြရမယ်ဆိုရင်တော့ သင်္ဘောတည်ရှိရာနေရာလေးဟာ အင်ဒိုနီးရှားကမ်းရိုးတန်း အနီးမှာရှိနေခဲ့တာဖြစ်ပြီး ၊သင်္ဘောအမည်ကတော့ Ourang Medanလို့ ခေါ်ကြောင်းသိရပါတယ်။ အဲဒီသင်္ဘောကြီးကနေ အနီးဆုံးစခန်းဆီကိုကြေးနန်းတစ်စောင်နဲ့ အကူအညီတောင်းခံခဲ့တယ်လို့ သိရပါတယ်။အဲဒီစာထဲမှာပါတဲ့အကြောင်းအရာလေးကတော့ “သင်္ဘောကက်ပတိန်နဲ့ အရာရှိတွေအားလုံးမျက်လုံးပြူးပြီးသေနေကြကြောင်း၊ မကြာမီ သင်္ဘောသားတွေ အားလုံးလည်း သေဆုံးကုန်တော့မှာဖြစ်ကြောင်းအပြင်၊ နောက်ထပ် အဓိပ္ပာယ်ဖော်မရတဲ့စာသားတွေလည်း ပါကြောင်းသိရပါတယ်။

crd (Beyong science)

နောက်ဆုံးတစ်ကြောင်းဖြစ်တဲ့ “ငါလည်းသေပြီ” ဆိုတဲ့စာကိုဖတ်လိုက်ရတဲ့အခါမှာတော့ စခန်းမှ အရာရှိများ အထိတ်တလန့်ဖြစ်ခဲ့ကြပါတယ်။ ဘာကြောင့်သေရတယ်ဆိုတာကိုတော့ ဖော်ပြထားခြင်းမရှိကြောင်းသိရပါတယ်။
သိလိုက်ရတာနဲ့တစ်ပြိုက်နက် သင်္ဘောရှိရာကို ကယ်ဆယ်ဖို့လိုက်သွားကြတယ်ဆိုရင်ပဲ သင်္ဘောအနီးရောက်တဲ့အခါမှာ အမြန်ဆုံးအဆက်အသွယ် လုပ်ပေမယ့် ဘယ်လိုမှ ဆက်သွယ်လို့မရခဲ့ဘူးလို့ဆိုပါတယ်။ အံ့သြခြင်းများစွာဖြင့် သင်္ဘောပေါ်တက်ကြည့်လိုက်စဉ်မှာပဲ သင်္ဘောပေါ်မှာရှိနေတဲ့လူတွေအပြင်၊ ခွေးအားလုံးဟာလည်း မျက်စိပြူးပြီးသေဆုံးနေကြသလို၊ မျက်နှာများလည်း ရှုံ့မဲ့ကာသေဆုံးနေကြတယ်လို့ ဆိုပါတယ်။

crd (YouTube.com)
Sliver Star သင်္ဘောနဲ့လိုက်ကယ်သူများဟာ အသက်ရှင်သူရှိမရှိကို သင်္ဘောပေါ်မှာ ပတ်ရှာကြပြီး၊ စက်ခန်းထဲရောက်ရှိချိန်မှာတော့ အခန်းတွင်းအပူချိန်ဟာ ပုံမှန်အပူချိန်ပဲရှိနေတာတွေ့ရတယ်လို့သိရတဲ့အတွက် သေသူများကိုစမ်းလိုက်တဲ့အခါ အားလုံးဟာ အလွန်တရာ အေးစိမ့်ပြီးဖြစ်နေတာမို့ ထိတ်လန့်သလို ခံစားခဲ့ကြရပါတယ်။ သင်္ဘောကြီးကိုဆွဲယူဖို့လုပ်ခဲ့ပေမယ့် သင်္ဘောအလယ်မှ မီးခိုးများထွက်လာတာကြောင့် ကယ်ဆယ်ရေးသမားများအပါအဝင်သင်္ဘောသားတွေဟာ စွန့်ခွာခဲ့တယ်လို့သိရပြီး၊ ခဏဆိုတဲ့အချိန်မှာပဲ Ourang Nedan သင်္ဘောဟာ မီးတောက်မီးလျှံများထတောက်ကာ ပေါက်ကွဲနစ်မြုပ်သွားခဲ့တယ်လို့ သိရပါတယ်။

crd (YouTube.com)

အဲဒီလိုအဖြစ်အပျက်တွေဟာ ဓာတုပစ္စည်းများလည်းတင်ဆောင်လာတာမို့ပေါက်ကွဲတာကို လက်ခံနိုင်ပေမယ့်၊ သင်္ဘောသားတွေဘာကြောင့်သေဆုံးရတာလဲဆိုတာ မသိရတာတော့ ထူးဆန်းနေတယ်လို့ခံစားမိပါတယ်။ ဒီအဖြစ်ဟာ တော်တော်လေး ထူးဆန်းတဲ့ အဖြစ်တစ်ခုလို့ မှတ်သားထားကြတာကို အံ့သြစွာပဲသိလိုက်ရပါတယ်။ ပရလောကသားတွေကြောင့်ပဲ အားလုံးသေကုန်ကြတာလား၊ သူတို့ဘာကိုမြင်လို့ မျက်လုံးတွေပြူးပြီးသေနေကြတာလဲဆိုတာ ပဟေဠိတစ်ပုဒ်ဖြစ်နေခဲ့ပါတယ်။သရဲသင်္ဘောကြီးအဖြစ်မှတ်ထားတဲ့ ပဟေဠိသင်္ဘောကြီးဟာ ဘာတွေမြင်လိုက်တာလဲ စဉ်းစားခန်းဝင်ရတော့မှာဖြစ်ပါတယ်။

crd (YouTube.com)

(zawgyi)

သေဘၤာႀကီးေပၚမွာမ်က္လံုးျပဴးေသေနၾက
ေခါင္းစဥ္ႀကီးကိုျမင္လိုက္ရတာနဲ႔တင္ အရမ္းလန္႔သြားၿပီလားလို႔ ေမးခ်င္ေနမိပါတယ္။ သေဘၤာဆိုတာေတြဟာလည္း ကမ္းမျမင္လမ္းမျမင္သြားေနၾကတာမဟုတ္ပါလား။ အဲဒီလိုသြားေနၾကတဲ့ သေဘၤာေတြဟာ ကိုယ့္ရဲ႕ ဦးတည္ခ်က္ခရီးေတြကို မေရာက္ခင္မွာပဲ မထင္မွတ္ထားတဲ့ အျဖစ္အပ်က္ေတြ ျဖစ္လာတတ္တာဟာလည္း ဒုနဲ႔ေဒးျဖစ္ပါတယ္။ အခုအျဖစ္အပ်က္ေလးကေတာ့ ဒီေန႔ထိတိုင္ ဘယ္သူမွ အေျဖရွာမရ ျဖစ္ေနတဲ့ ထူးဆန္းဖြယ္ရာ ထိတ္လန္႔စရာေကာင္းတဲ့ ဇာတ္လမ္းေလးတစ္ပုဒ္ပဲျဖစ္ပါတယ္။
ဒီဇာတ္လမ္းေလးရဲ႕အစဟာ ၁၉၄၈ခု ေဖေဖာ္၀ါရီလမွာစတင္ခဲ့တာျဖစ္ပါတယ္။ ပေဟဠိတစ္ပုဒ္ျဖစ္ရတဲ့ အေၾကာင္းေလးေျပာျပရမယ္ဆိုရင္ေတာ့ သေဘၤာတည္ရွိရာေနရာေလးဟာ အင္ဒိုနီးရွားကမ္းရိုးတန္း အနီးမွာရွိေနခဲ့တာျဖစ္ၿပီး ၊သေဘၤာအမည္ကေတာ့ Ourang Medanလို႔ ေခၚေၾကာင္းသိရပါတယ္။ အဲဒီသေဘၤာႀကီးကေန အနီးဆံုးစခန္းဆီကိုေၾကးနန္းတစ္ေစာင္နဲ႔ အကူအညီေတာင္းခံခဲ့တယ္လို႔ သိရပါတယ္။အဲဒီစာထဲမွာပါတဲ့အေၾကာင္းအရာေလးကေတာ့ “သေဘၤာကက္ပတိန္နဲ႔ အရာရွိေတြအားလံုးမ်က္လံုးျပဴးၿပီးေသေနၾကေၾကာင္း၊ မၾကာမီ သေဘၤာသားေတြ အားလံုးလည္း ေသဆံုးကုန္ေတာ့မွာျဖစ္ေၾကာင္းအျပင္၊ ေနာက္ထပ္ အဓိပၸာယ္ေဖာ္မရတဲ့စာသားေတြလည္း ပါေၾကာင္းသိရပါတယ္။ ေနာက္ဆံုးတစ္ေၾကာင္းျဖစ္တဲ့ “ငါလည္းေသၿပီ” ဆိုတဲ့စာကိုဖတ္လိုက္ရတဲ့အခါမွာေတာ့ စခန္းမွ အရာရွိမ်ား အထိတ္တလန္႔ျဖစ္ခဲ့ၾကပါတယ္။ ဘာေၾကာင့္ေသရတယ္ဆိုတာကိုေတာ့ ေဖာ္ျပထားျခင္းမရွိေၾကာင္းသိရပါတယ္။
သိလိုက္ရတာနဲ႔တစ္ျပိဳက္နက္ သေဘၤာရွိရာကို ကယ္ဆယ္ဖို႔လိုက္သြားၾကတယ္ဆိုရင္ပဲ သေဘၤာအနီးေရာက္တဲ့အခါမွာ အျမန္ဆံုးအဆက္အသြယ္ လုပ္ေပမယ့္ ဘယ္လိုမွ ဆက္သြယ္လို႔မရခဲ့ဘူးလို႔ဆိုပါတယ္။ အ့့ံၾသျခင္းမ်ားစြာျဖင့္ သေဘၤာေပၚတက္ၾကည့္လိုက္စဥ္မွာပဲ သေဘၤာေပၚမွာရွိေနတဲ့လူေတြအျပင္၊ ေခြးအားလံုးဟာလည္း မ်က္စိျပဴးၿပီးေသဆံုးေနၾကသလို၊ မ်က္ႏွာမ်ားလည္း ရႈံ႕မဲ့ကာေသဆံုးေနၾကတယ္လို႔ ဆိုပါတယ္။
Sliver Star သေဘၤာနဲ႔လိုက္ကယ္သူမ်ားဟာ အသက္ရွင္သူရွိမရွိကို သေဘၤာေပၚမွာ ပတ္ရွာၾကၿပီး၊ စက္ခန္းထဲေရာက္ရွိခ်ိန္မွာေတာ့ အခန္းတြင္းအပူခ်ိန္ဟာ ပံုမွန္အပူခ်ိန္ပဲရွိေနတာေတြ႔ရတယ္လို႔သိရတဲ့အတြက္ ေသသူမ်ားကိိုစမ္းလိုက္တဲ့အခါ အားလံုးဟာ အလြန္တရာ ေအးစိမ့္ၿပီးျဖစ္ေနတာမို႔ ထိတ္လန္႔သလို ခံစားခဲ့ၾကရပါတယ္။ သေဘၤာႀကီးကိုဆြဲယူဖို႔လုပ္ခဲ့ေပမယ့္ သေဘၤာအလယ္မွ မီးခိုးမ်ားထြက္လာတာေၾကာင့္ ကယ္ဆယ္ေရးသမားမ်ားအပါအ၀င္သေဘၤာသားေတြဟာ စြန္႔ခြာခဲ့တယ္လို႔သိရၿပီး၊ ခဏဆိုတဲ့အခ်ိန္မွာပဲ Ourang Nedan သေဘၤာဟာ မီးေတာက္မီးလွ်ံမ်ားထေတာက္ကာ ေပါက္ကြဲနစ္ျမဳပ္သြားခဲ့တယ္လို႔ သိရပါတယ္။ အဲဒီလိုအျဖစ္အပ်က္ေတြဟာ ဓာတုပစၥည္းမ်ားလည္းတင္ေဆာင္လာတာမို႔ေပါက္ကြဲတာကို လက္ခံႏိုင္ေပမယ့္၊ သေဘၤာသားေတြဘာေၾကာင့္ေသဆံုးရတာလဲဆိုတာ မသိရတာေတာ့ ထူးဆန္းေနတယ္လို႔ခံစားမိပါတယ္။ ဒီအျဖစ္ဟာ ေတာ္ေတာ္ေလး ထူးဆန္းတဲ့ အျဖစ္တစ္ခုလို႔ မွတ္သားထားၾကတာကို အ့ံၾသစြာပဲသိလိုက္ရပါတယ္။ ပရေလာကသားေတြေၾကာင့္ပဲ အားလံုးေသကုန္ၾကတာလား၊ သူတို႔ဘာကိုျမင္လို႔ မ်က္လံုးေတြျပဴးၿပီးေသေနၾကတာလဲဆိုတာ ပေဟဠိတစ္ပုဒ္ျဖစ္ေနခဲ့ပါတယ္။
သရဲသေဘၤာႀကီးအျဖစ္မွတ္ထားတဲ့ ပေဟဠိသေဘၤာႀကီးဟာ ဘာေတြျမင္လိုက္တာလဲ စဥ္းစားခန္း၀င္ရေတာ့မွာျဖစ္ပါတယ္။