ေရခဲေတာင္မ်ားကိုေရႊ႕ယူၿပီး ေရခ်ိဳရရွိေအာင္ျပဳလုပ္မယ့္ႏိုင္ငံ

0
370

ရေအသက်တစ်မနက် ထမင်းအသက်၇ရက်ဆိုသလိုပါပဲ။ မနက်မိုးလင်းတာနဲ့ ရေတစ်ခွက်အရင်သောက်လိုက်ရမှ အားလုံးပြည့်စုံတယ်လို့ ခံစားရပါတယ်။ ဗိုက်ဆာရင်တောင် နေနိုင်ကြတယ်ဆိုပေမယ့် ရေဆာလာပြီဆိုရင်တော့ ဘယ်လိုအခြေအနေမျိုးနဲ့ ဖြစ်ဖြစ်၊ အာဆွတ်ရုံလေးသောက်လိုက်ရတယ်ဆိုရင်ပဲ ကျေနပ်ရတဲ့ အခြေအနေမျိုးတွေ ရှိခဲ့ဖူးပါတယ်။  ရေတအားဆာနေတဲ့ အချိန်မျိုးမှာ တခြားအချိုရည်တွေဘာတွေမဟုတ်ဘဲ ဘာအရသာမှမရှိတဲ့ သန့်ပြီးအေးနေတဲ့ ရေလေးများသောက်လိုက်ရရင် ရင်ထဲမှာနေသာထိုင်သာရှိသွားတဲ့ အရသာကို ခံစားဖူးလိမ့်မယ်လို့ ထင်ပါတယ်။

ရေဒုက္ခဟာ အင်မတန်အရေးကြီးတာမို့ အဖက်ဖက်ကနေ သောက်လို့ရတဲ့ ရေကို ဘယ်လိုလုပ်ပေးရင်ရမလဲဆိုတဲ့ ပြသနာတွေကို စမ်းသပ်ချက်မျိုးစုံလုပ်ပြီး၊အဆင်ပြေအောင်လုပ်နေကြတဲ့ နိုင်ငံတွေထဲမှာ ယူအေအီးလည်းပါဝင်ပါတယ်။ စွန့်ဦးတီထွင်မှုတွေဟာလည်း သူ့ထက်ငါအပြိုင်အဆိုင် ပြုလုပ်လာနိုင်ကြတာတွေကိုလည်း အများကြီးတွေ့နေရပါတယ်။ တီထွင်ထုတ်လုပ်မှုတွေအောင်မြင်လာကြတဲ့အခါ ကိုယ့်နိုင်ငံ ကိုယ့်တိုင်းပြည်အတွင်းမှာတင်မကဘဲ ကမ္ဘာကိုပါ မျှေ၀ အသုံးပြုစေမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေရှိနေခဲ့ကြတာဟာလည်း ဝမ်းသာစရာကောင်းတဲ့ သတင်းတစ်ပုဒ်လို့ပြောချင်ပါတယ်။

အခုပြောပြပေးချင်တဲ့အကြောင်းလေးက ယူအေအီးနိုင်ငံအနေနဲ့ ပင်လယ်ဆားငန်ရေကို အဆင့်ဆင့် စမ်းသပ်ပြုလုပ်ပြီး ရေချိုရအောင်လုပ်ဖို့ရန်အတွက် အစီအစဉ်ချထားခဲ့တာဟာ ၂ နှစ်လောက်ရှိပြီလို့သိရပါတယ်။ ပင်လယ်ရေကနေ ရေချိုရအောင်ပြုလုပ်ပါက ပင်လယ်ထဲမှာအသက်ရှင်နေထိုင်ကြတဲ့ တိရစ္ဆာန်လေးများ အသေအပျောက်တွေဖြစ်ကုန်မှာစိုးလို့ အဲဒီအစီအစဉ်ကို ဆက်လက်အကောင်အထည်မဖော်တော့ဘဲ ရေခဲတောင်တွေကို ဆွဲယူပြီးသောက်သုံးရေ ရအောင်လုပ်ဖို့ စီစဉ်နေတဲ့အကြောင်းလေးပဲဖြစ်ပါတယ်။ ရေအခက်အခဲဖြစ်နေတာကိုတော့ နားလည်ပေးနိုင်တယ်ဆိုပေမယ့်လည်း၊ ရေခဲတောင်တွေအများကြီးရွှေ့ယူလိုက်မယ်ဆိုပါက အဲဒီပတ်ဝန်းကျင်မှာ နေထိုင်ကျက်စားကြတဲ့ သတ္တဝါတွေဟာ အခက်အခဲရှိလာနိုင်မလားလို့ဆိုတဲ့ အတွေးလေးတွေဖြစ်မိပါတယ်။ အခုဆိုရင် ယူအေအီးနိုင်ငံရဲ့ ရေချိုရရှိအောင်ပြုလုပ်မယ့် အစီအစဉ်မှာ အန္တာတိက မှ ရေခဲတောင်ကျွန်းမျောတွေကို သြစတြေးလျ အနောက်ကမ်းရိုးတန်းနဲ့ အာဖရိက အရှေ့ကမ်းရိုးတန်းဆီဆွဲလာပြီး ရေချိုရရှိအောင်ပြုလုပ်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ အခုလို ရေခဲတောင်ကျွန်းမျောတွေကို ရွှေ့ဖို့လုပ်တဲ့ စမ်းသပ်ချက်လုပ်ဆောင်တာတောင် အမေရိကန်ဒေါ်လာ သန်း၈၀ ကုန်ကျမှာဖြစ်တယ်လို့ သိရပါတယ်။

ရွှေ့ယူကြမယ့် ရေခဲတောင်တွေဟာ သြစတြေးလျနိုင်ငံက ပိုင်ဆိုင်တဲ့ ဟာ့ဒ်ကျွန်းကဖြစ်ကာ၊ ခွင့်ပြုချက်ရပြီဆိုတာနဲ့ အလုပ်စတော့မှာလို့ ယူအေအီးရဲ့ ရင်းနှီးမြှုပ်နှံသူ၊စွန့်ဦးတီထွင်သူဖြစ်တဲ့ အယ်ရှီဟီက Euro news ကိုပြောပြသွားခဲ့တယ်လို့ သိရပါတယ်။ ရေခဲကျွန်းမျောတွေကိုဆွဲယူရာမှာ အရှည် ၂ကီလိုမီတာရှိပြီး၊ အကျယ်အနေအထားကတော့ ၅၀၀ မီတာလောက်ရှိတဲ့ရေခဲတွေဆိုပိုပြီးအဆင်ပြေနိုင်ကြောင်းနဲ့ လူပေါင်း ၁သန်းကို ငါးနှစ်လောက်အထိ သောက်သုံးရေပေးနိုင်မယ်လို့ရှင်းလင်းပြောဆိုခဲ့ပါတယ်။ အန္တာတိက ကမ်းရိုးတန်းအလွန် ကီလိုမီတာ၁၀၀၀ အကွာမှာရှိတဲ့ရေခဲတောင်ကိုလည်း ဆွဲချကာရေချိုရရှိဖို့ အခြေခံအတွေးလေးရှိနေကြောင်းလည်း ပြောထားတာကို သိရပါတယ်။ သူတို့အကြံအစည်အောင်မြင်ပါစေလို့ပဲဆုတောင်းပေးရမလား၊ မိတ်ဆွေတို့ရော စဉ်းစားကြည့်ပေးကြပါလားလို့ ပြောချင်ပါတယ်။

(Zawgyi Version)

ေရခဲေတာင္မ်ားကိုေရႊ႕ယူၿပီး ေရခ်ိဳရရွိေအာင္ျပဳလုပ္မယ့္ႏိုင္ငံ

ေရအသက္တစ္မနက္ ထမင္းအသက္၇ရက္ဆိုသလိုပါပဲ။ မနက္မိုးလင္းတာနဲ႔ ေရတစ္ခြက္အရင္ေသာက္လိုက္ရမွ အားလံုးျပည့္စံုတယ္လို႔ ခံစားရပါတယ္။ ဗိုက္ဆာရင္ေတာင္ ေနႏိုင္ၾကတယ္ဆိုေပမယ့္ ေရဆာလာၿပီဆိုရင္ေတာ့ ဘယ္လိုအေျခအေနမ်ိဳးနဲ႔ ျဖစ္ျဖစ္၊ အာဆြတ္ရံုေလးေသာက္လိုက္ရတယ္ဆိုရင္ပဲ ေက်နပ္ရတဲ့ အေျခအေနမ်ိဳးေတြ ရွိခဲ့ဖူးပါတယ္။  ေရတအားဆာေနတဲ့ အခ်ိန္မ်ိဳးမွာ တျခားအခ်ိဳရည္ေတြဘာေတြမဟုတ္ဘဲ ဘာအရသာမွမရွိတဲ့ သန္႔ၿပီးေအးေနတဲ့ ေရေလးမ်ားေသာက္လိုက္ရရင္ ရင္ထဲမွာေနသာထိုင္သာရွိသြားတဲ့ အရသာကို ခံစားဖူးလိမ့္မယ္လို႔ ထင္ပါတယ္။

ေရဒုကၡဟာ အင္မတန္အေရးႀကီးတာမို႔ အဖက္ဖက္ကေန ေသာက္လို႔ရတဲ့ ေရကို ဘယ္လိုလုပ္ေပးရင္ရမလဲဆိုတဲ့ ျပသနာေတြကို စမ္းသပ္ခ်က္မ်ိဳးစံုလုပ္ၿပီး၊အဆင္ေျပေအာင္လုပ္ေနၾကတဲ့ ႏိုင္ငံေတြထဲမွာ ယူေအအီးလည္းပါ၀င္ပါတယ္။ စြန္႔ဦးတီထြင္မႈေတြဟာလည္း သူ႔ထက္ငါအၿပိဳင္အဆိုင္ ျပဳလုပ္လာႏိုင္ၾကတာေတြကိုလည္း အမ်ားႀကီးေတြ႕ေနရပါတယ္။ တီထြင္ထုတ္လုပ္မႈေတြေအာင္ျမင္လာၾကတဲ့အခါ ကိုယ့္ႏိုင္ငံ ကိုယ့္တိုင္းျပည္အတြင္းမွာတင္မကဘဲ ကမၻာကိုပါ မွ်ေ၀ အသံုးျပဳေစမယ္ဆိုတဲ့ ရည္ရြယ္ခ်က္ေတြရွိေနခဲ့ၾကတာဟာလည္း ၀မ္းသာစရာေကာင္းတဲ့ သတင္းတစ္ပုဒ္လို႔ေျပာခ်င္ပါတယ္။

အခုေျပာျပေပးခ်င္တဲ့အေၾကာင္းေလးက ယူေအအီးႏိုင္ငံအေနနဲ႔ ပင္လယ္ဆားငန္ေရကို အဆင့္ဆင့္ စမ္းသပ္ျပဳလုပ္ျပီး ေရခ်ိဳရေအာင္လုပ္ဖို႔ရန္အတြက္ အစီအစဥ္ခ်ထားခဲ့တာဟာ ၂ ႏွစ္ေလာက္ရွိၿပီလို႔သိရပါတယ္။ ပင္လယ္ေရကေန ေရခ်ိဳရေအာင္ျပဳလုပ္ပါက ပင္လယ္ထဲမွာအသက္ရွင္ေနထိုင္ၾကတဲ့ တိရစၧာန္ေလးမ်ား အေသအေပ်ာက္ေတြျဖစ္ကုန္မွာစိုးလို႔ အဲဒီအစီအစဥ္ကို ဆက္လက္အေကာင္အထည္မေဖာ္ေတာ့ဘဲ ေရခဲေတာင္ေတြကို ဆြဲယူၿပီးေသာက္သံုးေရ ရေအာင္လုပ္ဖို႔ စီစဥ္ေနတဲ့အေၾကာင္းေလးပဲျဖစ္ပါတယ္။ ေရအခက္အခဲျဖစ္ေနတာကိုေတာ့ နားလည္ေပးႏိုင္တယ္ဆိုေပမယ့္လည္း၊ ေရခဲေတာင္ေတြအမ်ားႀကီးေရႊ႕ယူလုိက္မယ္ဆိုပါက အဲဒီပတ္၀န္းက်င္မွာ ေနထိုင္က်က္စားၾကတဲ့ သတၱ၀ါေတြဟာ အခက္အခဲရွိလာႏိုင္မလားလို႔ဆိုတဲ့ အေတြးေလးေတြျဖစ္မိပါတယ္။ အခုဆိုရင္ ယူေအအီးနိုင္ငံရဲ႕ ေရခ်ိဳရရွိေအာင္ျပဳလုပ္မယ့္ အစီအစဥ္မွာ အႏၱာတိက မွ ေရခဲေတာင္က်ြန္းေမ်ာေတြကို ၾသစေၾတးလ် အေနာက္ကမ္းရိုးတန္းနဲ႔ အာဖရိက အေရွ႕ကမ္းရိုးတန္းဆီဆြဲလာၿပီး ေရခ်ိဳရရွိေအာင္ျပဳလုပ္ေတာ့မွာျဖစ္တယ္လို႔ သိရပါတယ္။ အခုလို ေရခဲေတာင္က်ြန္းေမ်ာေတြကို ေရႊ႕ဖို႔လုပ္တဲ့ စမ္းသပ္ခ်က္လုပ္ေဆာင္တာေတာင္ အေမရိကန္ေဒၚလာ သန္း၈၀ ကုန္က်မွာျဖစ္တယ္လို႔ သိရပါတယ္။

ေရႊ႕ယူၾကမယ့္ ေရခဲေတာင္ေတြဟာ ၾသစေၾတးလ်ႏိုင္ငံက ပိုင္ဆိုင္တဲ့ ဟာ့ဒ္က်ြန္းကျဖစ္ကာ၊ ခြင့္ျပဳခ်က္ရၿပီဆိုတာနဲ႔ အလုပ္စေတာ့မွာလို႔ ယူေအအီးရဲ႕ ရင္းႏွီးျမွဳပ္ႏွံသူ၊စြန္႕ဦးတီထြင္သူျဖစ္တဲ့ အယ္ရွီဟီက Euro news ကိုေျပာျပသြားခဲ့တယ္လို႔ သိရပါတယ္။ ေရခဲက်ြန္းေမ်ာေတြကိုဆြဲယူရာမွာ အရွည္ ၂ကီလိုမိီတာရွိၿပီး၊ အက်ယ္အေနအထားကေတာ့ ၅၀၀ မီတာေလာက္ရွိတဲ့ေရခဲေတြဆိုပိုၿပီးအဆင္ေျပႏိုင္ေၾကာင္းနဲ႔ လူေပါင္း ၁သန္းကို ငါးႏွစ္ေလာက္အထိ ေသာက္သံုးေရေပးႏိုင္မယ္လို႔ရွင္းလင္းေျပာဆိုခဲ့ပါတယ္။ အႏၱာတိက ကမ္းရိုးတန္းအလြန္ ကီလိုမီတာ၁၀၀၀ အကြာမွာရွိတဲ့ေရခဲေတာင္ကိုလည္း ဆြဲခ်ကာေရခ်ိဳရရွိဖို႔ အေျခခံအေတြးေလးရွိေနေၾကာင္းလည္း ေျပာထားတာကို သိရပါတယ္။ သူတို႔အၾကံအစည္ေအာင္ျမင္ပါေစလို႔ပဲဆုေတာင္းေပးရမလား၊ မိတ္ေဆြတို႔ေရာ စဥ္းစားၾကည့္ေပးၾကပါလားလို႔ ေျပာခ်င္ပါတယ္။