အသက်ငယ်ငယ်နဲ့ ကြက်ကြော်ဆိုင်ပိုင်ရှင်ဖြစ်လာသူ

0
1860

ကလေးဆိုတဲ့စကားလေးနှစ်လုံးဟာ တချို့အတွက်တော့ ပြီးပြည့်စုံအောင်ဘဝကို အပူအပင်မရှိ ဘာဆိုဘာမှမသိဘဲ နေရတဲ့ဘဝလေးဖြစ်ပါတယ်။ တချို့ကြတော့လည်း အဲဒီကလေးဆိုတဲ့ ဘဝဟာ ဘယ်လိုပုံစံနဲ့ ဘယ်လိုအရသာရှိလဲလို့တောင်မေးယူရတဲ့ ဘဝတွေလည်း ရှိနေတာကို တွေ့ကြရမှာဖြစ်ပါတယ်။

photo internet

ဒီလိုအချိန်လေးမှာ ငယ်ငယ်တုန်းက ပါးစပ်ဖျားမှာ ရေပန်းစားခဲ့ပြီး၊ အလုပ်လုပ်ရင်း အမြဲလိုလိုညည်းတွားမိတဲ့ သီချင်းလေးကို ပြန်ပြီးသတိရမိပါတယ်။ “ငယ်စဉ်က ကလေးတို့ဘဝမှာ ပျော်ပါးဖို့ရာလွယ်ပါတယ်။ ကိုယ်ရတာနဲ့ တင်းတိမ်ရောင့်ရဲ စားချိန်မှာ ဝင်စားမယ်၊ အိပ်ချိန်မှာဝင်အိပ်မယ်၊ အပူပင်ကင်းတဲ့ ကလေး လေးဘဝကို တစ်ခါပြန်ပြီးရောက်ချင်သေးတယ်။ အပြစ်မရှိသေးတဲ့ ကလေးလေးဘဝကို တစ်ခါပြန်ပြီးရချင်သေးတယ်။” ဆိုတဲ့သီချင်းလေးက Beelဆိုတဲ့ သမီးငယ်လေးအတွက်တော့ မဟုတ်ခဲ့ဘူးလို့ပြောရမလိုဖြစ်နေပါတယ်။

photo internet

ဘာဖြစ်လို့လဲဆိုတော့ အဲဒီသမီးငယ်လေးရဲ့ဘဝဟာ အဖေနဲ့အမေတို့ကွဲကြပြီးတဲ့နောက်မှာ 3နှစ်သမီးလေးက အဖွားဖြစ်သူနဲ့ အတူနေထိုင်ရင်း မောင်ငယ်လေးနှစ်ယောက်နဲ့ အတူကြီးပြင်းလာခဲ့သူလေးဖြစ်ပါတယ်။ သူမဟာ အဖွားဖြစ်သူနဲ့ ကြက်ကြော်ဆိုင်လိုက်ထွက်ရင်း သူမတတ်နိုင်သမျှကို ကူလုပ်ပေးရင်း အသက်လေး ၉နှစ်ရောက်လာတဲ့ အချိန်မှာတော့ ကြက်ကြော်ဆိုင်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ဖွင့်နိုင်ခဲ့ပါတယ်။ အဖွားနဲ့အဘိုး၊မောင်လေးနှစ်ယောက်ကို ပါစောင့်ရှောက်ပေးရတဲ့ အလုပ်ဟာ သူမအတွက် မိသားစုတာဝန်တစ်ခုဖြစ်လာခဲ့ပါတယ်။

photo internet

ဈေးရောင်းရင်း၊ မောင်လေးတွေကိုလည်းစောင့်ရှောက်ရင်း နေရတဲ့ အဲဒီဘဝလေးကိုပဲ အပြုံးတစ်ချက်မပျက်ဘဲ လုပ်ပေးနေတာလေးတွေဟာ သူမဆိုင်ကို လာရောက်စားသုံးကြသူများကို အားကျစေဖွယ်ဖြစ်စေပါတယ်။ ဆန်ကုန်မြေလေးဖြစ်နေကြတဲ့ လူုငယ်လူရွယ်တွေအတွက် အတုယူအားကျစေချင်မိတာအမှန်ဖြစ်ပါတယ်။ ကိုယ့်လုပ်အားနဲ့ကိုယ် မိသားစုတာဝန်ကို ယူနိုင်နေပြီဖြစ်တဲ့ ဘီးလ်လေးဟာ အသက်ကငယ်တယ်ဆိုပေမယ့်လည်း သူလုပ်ရကိုင်ရမယ့် အလုပ်နဲ့ မိသားစုတာဝန်ကလွဲပြီး ကလေးဘဝဆိုတဲ့ အရသာကို ဘယ်လို အပြည့်အဝခံစားနိုင်ရတော့မှာလဲ။

photo internet

သူမတတ်နိုင်တဲ့ဘက်ကနေ ဆိုင်လုပ်ငန်းလေးကို ကူညီလုပ်ကိုင်ပေးရင်း အဘိုးအဘွား၊မောင်လေးတွေနဲ့ပျော်နေတဲ့ သူမအကြောင်းလေးကိုဆိုင်ကို ပုံမှန်လို လာရောက်စားသုံးနေသူတစ်ယောက်က ဘီးလ်လေးရဲ့ စွမ်းဆောင်ချက်တွေကို ချီးမွမ်းခန်းမဖွင့်ဘဲ မနေနိုင်တော့လို့ အခုလိုမျိုး အားလုံးသိအောင်ဝေမျှခံစားစေဖို့ လုပ်ပေးလိုက်တာကြောင့် သူမဆိုင်လေးမှာ ကြက်ကြော် လာရောက်စားသုံးသူတွေ ပိုများလာတယ် လို့သိရပါတယ်။ ကလေးတို့ဘဝလေး သာယာပြီး စေတနာကောင်းရင် ကံကောင်းမှာမို့ ဘီးလ်လေးလည်း အခက်အခဲမရှိ အားလုံးကို ကျော်ဖြတ်နိုင်ပါစေလို့လည်း စာဖတ်သူတို့နဲ့အတူဆုတောင်းပေးနေပါ့မယ်၊ဆက်လက်တိုးတက်ကြီးပွားလိမ့်မယ်လို့လည်း ယုံကြည် နေမိပါတယ်။

photo internet

(Zawgyi Version)

အသက္ငယ္ငယ္နဲ႔ ၾကက္ေၾကာ္ဆိုင္ပိုင္ရွင္ျဖစ္လာသူ

ကေလးဆိုတဲ့စကားေလးႏွစ္လံုးဟာ တခ်ိဳ႕အတြက္ေတာ့ ၿပီးျပည့္စံုေအာင္ဘ၀ကို အပူအပင္မရွိ ဘာဆိုဘာမွမသိဘဲ ေနရတဲ့ဘ၀ေလးျဖစ္ပါတယ္။ တခ်ိဳ႕ၾကေတာ့လည္း အဲဒီကေလးဆိုတဲ့ ဘ၀ဟာ ဘယ္လိုပံုစံနဲ႔ ဘယ္လိုအရသာရွိလဲလို႔ေတာင္ေမးယူရတဲ့ ဘ၀ေတြလည္း ရွိေနတာကို ေတြ႔ၾကရမွာျဖစ္ပါတယ္။

ဒီလိုအခ်ိန္ေလးမွာ ငယ္ငယ္တုန္းက ပါးစပ္ဖ်ားမွာ ေရပန္းစားခဲ့ၿပီး၊ အလုပ္လုပ္ရင္း အၿမဲလိုလိုညည္းတြားမိတဲ့ သီခ်င္းေလးကို ျပန္ၿပီးသတိရမိပါတယ္။ “ငယ္စဥ္က ကေလးတို႔ဘ၀မွာ ေပ်ာ္ပါးဖို႔ရာလြယ္ပါတယ္။ ကိုယ္ရတာနဲ႔ တင္းတိမ္ေရာင့္ရဲ စားခ်ိန္မွာ ၀င္စားမယ္၊ အိပ္ခ်ိန္မွာ၀င္အိပ္မယ္၊ အပူပင္ကင္းတဲ့ ကေလး ေလးဘ၀ကို တစ္ခါျပန္ၿပီးေရာက္ခ်င္ေသးတယ္။ အျပစ္မရွိေသးတဲ့ ကေလးေလးဘ၀ကို တစ္ခါျပန္ၿပီးရခ်င္ေသးတယ္။” ဆိုတဲ့သီခ်င္းေလးက Beelဆိုတဲ့ သမီးငယ္ေလးအတြက္ေတာ့ မဟုတ္ခဲ့ဘူးလို႔ေျပာရမလိုျဖစ္ေနပါတယ္။

ဘာျဖစ္လို႔လဲဆိုေတာ့ အဲဒီသမီးငယ္ေလးရဲ႕ဘ၀ဟာ အေဖနဲ႔အေမတို႔ကြဲၾကၿပီးတဲ့ေနာက္မွာ 3ႏွစ္သမီးေလးက အဖြားျဖစ္သူနဲ႔ အတူေနထိုင္ရင္း ေမာင္ငယ္ေလးႏွစ္ေယာက္နဲ႔ အတူႀကီးျပင္းလာခဲ့သူေလးျဖစ္ပါတယ္။ သူမဟာ အဖြားျဖစ္သူနဲ႔ ၾကက္ေၾကာ္ဆိုင္လိုက္ထြက္ရင္း သူမတတ္ႏိုင္သမွ်ကို ကူလုပ္ေပးရင္း အသက္ေလး ၉ႏွစ္ေရာက္လာတဲ့ အခ်ိန္မွာေတာ့ ၾကက္ေၾကာ္ဆိုင္ကို က်ြမ္းက်င္ပိုင္ႏိုင္စြာ ဖြင့္ႏိုင္ခဲ့ပါတယ္။ အဖြားနဲ႔အဘိုး၊ေမာင္ေလးႏွစ္ေယာက္ကိုပါေစာင့္ေရွာက္ေပးရတဲ့ အလုပ္ဟာ သူမအတြက္ မိသားစုတာ၀န္တစ္ခုျဖစ္လာခဲ့ပါတယ္။

ေစ်းေရာင္းရင္း၊ ေမာင္ေလးေတြကိုလည္းေစာင့္ေရွာက္ရင္း ေနရတဲ့ အဲဒီဘ၀ေလးကိုပဲ အျပံဳးတစ္ခ်က္မပ်က္ဘဲ လုပ္ေပးေနတာေလးေတြဟာ သူမဆိုင္ကို လာေရာက္စားသုံးၾကသူမ်ားကို အားက်ေစဖြယ္ျဖစ္ေစပါတယ္။ ဆန္ကုန္ေျမေလးျဖစ္ေနၾကတဲ့ လူုငယ္လူရြယ္ေတြအတြက္ အတုယူအားက်ေစခ်င္မိတာအမွန္ျဖစ္ပါတယ္။ ကိုယ့္လုပ္အားနဲ႔ကိုယ္ မိသားစုတာ၀န္ကို ယူႏိုင္ေနၿပီျဖစ္တဲ့ ဘီးလ္ေလးဟာ အသက္ကငယ္တယ္ဆိုေပမယ့္လည္း သူလုပ္ရကိုင္ရမယ့္ အလုပ္နဲ႔ မိသားစုတာ၀န္ကလြဲၿပီး ကေလးဘ၀ဆိုတဲ့ အရသာကို ဘယ္လို အျပည့္အ၀ခံစားႏိုင္ရေတာ့မွာလဲ။

သူမတတ္ႏိုင္တဲ့ဘက္ကေန ဆိုင္လုပ္ငန္းေလးကို ကူညီလုပ္ကိုင္ေပးရင္း အဘိိုးအဘြား၊ေမာင္ေလးေတြနဲ႔ေပ်ာ္ေနတဲ့ သူမအေၾကာင္းေလးကိုဆိုင္ကို ပံုမွန္လို လာေရာက္စားသံုးေနသူတစ္ေယာက္က ဘီးလ္ေလးရဲ႕ စြမ္းေဆာင္ခ်က္ေတြကို ခ်ီးမြမ္းခန္းမဖြင့္ဘဲ မေနနိုင္ေတာ့လို႔ အခုလိုမ်ိုး အားလံုးသိေအာင္ေ၀မွ်ခံစားေစဖို႔ လုပ္ေပးလိုက္တာေၾကာင့္ သူမဆိုင္ေလးမွာ ၾကက္ေၾကာ္ လာေရာက္စားသံုးသူေတြ ပိုမ်ားလာတယ္ လို႔သိရပါတယ္။ ကေလးတို႔ဘ၀ေလး သာယာၿပီး ေစတနာေကာင္းရင္ ကံေကာင္းမွာမို႔ ဘီးလ္ေလးလည္း အခက္အခဲမရွိ အားလံုးကို ေက်ာ္ျဖတ္ႏိုင္ပါေစလို႔လည္း စာဖတ္သူတို႔နဲ႔အတူဆုေတာင္းေပးေနပါ့မယ္၊ဆက္လက္တိုးတက္ႀကီးပြားလိမ့္မယ္လို႔လည္း ယံုၾကည္ ေနမိပါတယ္။