သရဲကိုစိန်ခေါ်ကြသူများ

0
1402

သူငယ်ချင်းသုံးဦး စာမေးပွဲနောက်ဆုံးနေ့မှာ စိတ်လွတ် ကိုယ်လွတ် ပျော်ကြမယ်လို့ ကြိုတင်တိုင်ပင်ခဲ့ကြပါတယ်။ ဦးဆောင်သူကတော့ ကျော်ကျော်ဖြစ်ကာ၊ သူဟာ စိတ်ကူးတည့်ရာ အကုန်လုပ်တတ်သူဖြစ်တယ်လို့သိရပါတယ်။ စာမေးပွဲဖြေလို့ အပြီးမှာတော့သူငယ်ချင်းသုံးဦးဟာ အစီအစဉ်ဆွဲ တိုင်ပင်ထားတဲ့အတိုင်း တစ်ယောက်မှမပျက်ကွက်ဘဲအမှတ်(၁) အထက်တန်းကျောင်း ရှေ့မှာဆုံမိကြပါတယ်။ သဘောတူညီထားတဲ့အတိုင်း သူငယ်ချင်း သုံးယောက် ဦးတည်လိုက်ကြတဲ့နေရာကတော့မြို့အထွက် စိမ်းလဲ့ကန်သာ အရက်ဆိုင်ဆီသို့ ဖြစ်ပါတယ်။ သူတို့သုံးဦးစလုံးဟာ အရက်သောက်လေ့ သောက်ထ မရှိတဲ့ အူရိုင်းများဖြစ်တာမို့ တစ်လုံးကုန်တာနဲ့ မူးစပြုလာပြီလို့ပြောလို့ရနေပါတယ်။သောက်နေရင်းကပင် ညနေ ၄း၃၀ ကျော်တဲ့အထိတိုင် အိမ်ပြန်ဖို့ကို သတိမရနိုင်ကြဘဲ၊ ပိုမူးလာလေ ပြောချင်တာတွေက များလာလေဖြစ်ကာ အပြိုင်အဆိုင်ရင်ဖွင့်ကာ အပြောပြိုင်ပွဲကြီး ကျင်းပနေကြပါတော့တယ်။ဆိုင်မှ ပြန်မထွက်မီ လေးမှာပင် နောက်တစ်နေရာကို ထပ်သွားဖို့အတွက် တိုင်ပင်နေရင်း ရွှတ်နောက်နောက်ဖြင့်ပြောလိုက်တဲ့ ကျော်ကျော့်စကားကြောင့် ကျန်နှစ်ယောက်မှာ မျက်လုံးအပြူးသားဖြင့် ကြည့်နေလိုက်ကြပါတယ်။ သူပြောလိုက်တဲ့စကားကတော့ “သုံးယောက်လုံး သဘောတူရင်သွားမယ်ကွာ၊ သင်္ချိုင်းကုန်းသွားမယ်”ဆိုတဲ့အသံကိုကြားလိုက်ကြတဲ့ ဘေးဝဲယာမှ လူအများဟာ မျက်လုံးပြူးကုန်ကြပါတယ်။

photo internet

‘ဘာလုပ်မှာမို့ အဲဒီနေရာကို သွားမှာလဲဆိုတဲ့ မောင်မောင်ရဲ့ အမေးကိုဖြေပေးလိုက်တဲ့စကားလေးကို မိုးထွန်းတစ်ယောက်က ထပ်ပြီးထောက်ခံစကားပြောလိုက်ပါတယ်။ “သရဲ ရှိမရှိ စမ်းသပ်ကြည့်ရအောင်ပေါ့”လို့ဆိုတဲ့ စကားကို “အေးသွားမယ်ကွာ၊ ငါလည်းသိချင်တယ်လို့ပြောလိုက်ပေမယ့်၊ မောင်မောင်ကသွားချင်စိတ်မရှိဘူးလို့ဖြေလိုက်ပါတယ်။ သုံးယောက်ပေါင်းတော့ လောင်းကျော်ပေါ့ ကွာ၊ လိုက်မယ် မဟုတ်လား သူငယ်ချင်းဆိုပြီးကျော်ကျော်က မောင်မောင့်ကို မေးလိုက်ပါတယ်။ မိုးထွန်းဘက်လှည့်ပြီး၊ မောင်မောင့်ကိုမရရအောင်ခေါ်ဖို့တိုင်ပင်လိုက်ပါသေးတယ်။ကျော်ကျော်ကလည်း အရှိန်တက်နေပြီမို့၊ မောင်မောင်နဲ့မိုးထွန်းတို့လည်း ဘယ်လိုမှမငြင်းနိုင်တော့ဘဲအိမ်ကိုပြန်ဖို့စိတ်ကူးရှိနေပေမယ့် သူတို့နှစ်ယောက်လည်း မပြန်ရဲကြတော့ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ အိမ်အပြန်နောက်ကျနေပြီဆိုတာကို သိနေတဲ့အတွက် အခုအချိန်ပြန်ရင် အမေနဲ့အဖေစိတ်ဆိုးကာ ကျောကွဲအောင်အချခံရမှာကို တွေးနေမိတဲ့အတွက်ကြောင့် အိမ်ပြန်ဖို့ကိုမပြောကြတော့ဘဲ သင်္ချိုင်းကုန်းရှိရာဘက် ကိုသုံးယောက်သား စက်ဘီးကိုယ်စီနဲ့ ထွက်လာရင်းပါးစပ်ကလည်း တွေ့ကရာ သီချင်းများဆိုလာကာ စက်ဘီးကိုနင်းလာကြပါတယ်။ ညနေနေဝင်ချိန်ကျော်ပြီမို့ အလင်းရောင်ကလည်းရေးတေးတေးပဲရှိ နေပါတော့တယ်။ သူတို့သုံးယောက်သားဟာ ဦးတည်ထားတဲ့နေရာကိုအရောက်မှာပဲ “ သင်္ချိုင်းကုန်းထဲကိုခဲနဲ့ပေါက်ကြမယ်။ မပေါက်ရဲတဲ့ကောင် ငကြောက်ပဲ ”လို့ပြောလိုက်တဲ့ကျော်ကျော့်စကားသံကြောင့် “ဘာဖြစ်လို့ မလုပ်ရဲရမှာလဲ၊ မင်းတောင်လုပ်ရဲသေးတာပဲ” ဆိုကာ မူးရူးနေကြတဲ့သူတွေရဲ့ ပုံစံအတိုင်း တစ်ယောက်နဲ့တစ်ယောက် အရှုံးမပေးကြဘဲ သုသာန်ထဲကို ခဲလုံးများဖြင့် ပစ်လိုက်ကြပါတယ်။ မူးရူးသူတို့ထုံးစံအတိုင်း မိုက်ရိုင်းစုတ်ပြတ်တဲ့ အသံမျိုးစုံနဲ့အော်ဟစ်ပစ်ပေါက်နေချိန်မှာပဲ ငလျင်လှုပ်ကာနီး တော်လဲအော်သံကြီးလိုမျိုးကို ကြားလိုက်ရပါတယ်။

photo internet

လန့်ဖျပ်ပြီးငေးကြည့်နေကြတဲ့အချိန်မှာပဲ သူတို့ပစ်ပေါက်လိုက်ကြတဲ့ ခဲလုံးတွေကို ပြန်ပေးလိုက်သလား ထင်ရလောက်အောင်တဝုန်းဝုန်းနဲ့ သူတို့ဆီကို ခဲမိုးရွာချလာပါတော့တယ်။ သူတို့သုံးယောက်စလုံး ကြောက်လန့်တကြား အော်ချင်တိုင်းအော်ကာ ပေါက်ကရများရေရွတ်ရင်း ထွက်ပြေးလာရင်း သရဲရှိရင်ပြစမ်းပါကွာလို့ ဆက်တိုက်အော်ရင်း အိမ်ရောက်အောင်ပြန်လာခဲ့ကြပါတယ်။ မိခင်ဖြစ်သူမှ သားပြန်လာတာကိုမြင်တယ်ဆိုရင်ပဲ မိုးချုပ်မှပြန်လာရသလား၊ နင့်အဖေဆူတော့မှာပဲဆိုတဲ့ ဆူပူသံလေးတွေနားထောင်ရင်း၊ သူ့အဖေတွေ့ရင် တကယ်ရိုက်ခံရမှာကိုသိနေတဲ့ ကျော်ကျော်ဟာ အိပ်ရာထဲဝင် တစ်ချိုးတည်းဝင်အိပ်လိုက်တယ်ဆိုရင်ပဲ မူးနေတဲ့အချိန်ကြောင့် တန်းပြီးအိပ်ပျော်သွားပါတော့တယ်။အိပ်ပျော်လို့မကြာခင်အချိန်လေးမှာပဲ “သရဲရှိတယ်ဆိုရင်ပြစမ်းကွာ”လို့ သူတို့ အကြိမ်ကြိမ်အော်ခဲ့တာကိုလက်တွေ့သိလိုက်ရပါတော့တယ်။

ကျော်ကျော်ဟာ “ အမလေး ကယ်ကြပါဦး သားကိုကယ်ပါ ဦး ”ဆိုကာ အလန့်တကြားထအော်လိုက်သံကို ကြားလိုက်တဲ့ မိခင်ကြီးဟာအပြေးလေးရောက်လာကာ သားဖြစ်သူအား”ဘာဖြစ်တာလဲ..သားရယ်” လို့ဆိုကာ မေးမြန်းလိုက်တဲ့မိခင်ဖြစ်သူ ဒေါ်နန်းစိန်ကို သားဖြစ်သူကျော်ကျော် ကမူမမှန်စွာ မျက်ထောင့်နီဖြင့်ကြည့်ရင်း အမေဖြစ်သူ အား “ဘာလာလုပ်တာလဲ အခုထွက်သွား၊ ငါ့ဆီ မလာနဲ့ နင်တို့တစ်တွေ ကိုမတွေ့ချင်ဘူး၊နင်တို့လုံးဝမကောင်းဘူး”ဟုဆိုကာ ကျောင်းမှန်းကန်မှန်းသိအောင် ဗီဇပြပါတော့တယ်။ တဟီးဟီးဖြင့်တုန်ကာ ရယ်လိုက်ငိုလိုက် ဖြစ်နေတာကိုမြင်တွေ့နေရတဲ့ မိခင်ဖြစ်သူဟာ ဘယ်လိုမှမဖြေနိုင်အောင်ဖြစ်နေပါတော့တယ်။ ပါးစပ်ကလည်း “သား ဘာတွေဖြစ်နေတာလဲ ။ အမေ့ကို ဘာတွေ ပြောနေတာလဲဆိုပြီး၊ အံ့သြမှင်သက်စွာငေးနေမိပါတော့တယ်။ သားဖြစ်သူရဲ့အဖြစ်ကိုစောင့် ကြည့်ရင်း သူသဘောပေါက်သွားခဲ့ပါတယ်။ ဒါကြောင့် မိခင်ဒေါ်နန်းစိန်တစ်ယောက် ထိတ်လန့်တကြား အိမ် နီးနားချင်းတို့ကိုအပြေးအလွှားအော်ခေါ်လိုက်ပါတော့တယ်။

photo internet

တစ်ယောက်စ နှစ်ယောက်စရောက်လာတဲ့ အိမ်နီးချင်းတွေကလည်း “ဘာဖြစ်တာလဲ ၊ဘယ်လို ဖြစ်တာလဲ တစ်ခုခု မှားခဲ့ပြီထင်တယ်”ဆိုတဲ့ တစ်ယောက်တစ်ပေါက် ပြောဆိုသံတွေဟာ ဆူညံသွားခဲ့ပါတယ်။ တစ်ယောက်တစ်မျိုးနဲ့ ပြောဆိုနေကြတဲ့အသံတွေဟာ ပွက်လောရိုက်နေပါတော့တယ်။ အဲဒီလိုဆူညံနေတဲ့အချိန်မှာပဲ အိမ်ချင်းကပ်နေတဲ့ ဦးတိုးလွင်က ဒေါ်နန်းစိန် ကို ကျော်ကျော်ပုံမှန် မှဟုတ်ရဲ့လား ၊ ငါ ကိုအောင် ကြီးကိုသွားခေါ်လိုက်မယ်လို့ ပြောရင်းအပြေးထွက်သွားခဲ့ပါတော့တယ်။ မကြာခင်မှာပဲ “ဦးအောင်လာပြီတဲ့”ဟေ့ဆိုတဲ့အိမ်နီးချင်းတစ်ယောက်ရဲ့ အသံကိုကြားလိုက်ရတဲ့အချိန်မှာပဲ “ငါ့ဆီမလာနဲ့ ငါ့ကို ထမင်းပေးစမ်း ထမင်းစားချင်တယ်”ဆိုကာ ကျော်ကျော့်ဆီမှာ ဝင်ကပ်နေတဲ့ မကောင်းဆိုးဝါးက တစ်စခန်းထကာ အစားအသောက်တွေတောင်းနေသံကို မိခင်ကြီးဟာ ကြားလိုက်တဲ့အခါ သားအတွက်စိတ်မကောင်းဖြစ်စွာနဲ့ပဲကြည့်နေမိပါတော့တယ်။

photo internet

သရဲရှိရင်ပြစမ်းကွာလို့ပြောခဲ့တာကိုတော့ မိခင်ဖြစ်သူကမသိခဲ့ပေမယ့် ကျော်ကျော့်အကြောင်းကြားရတဲ့ သူငယ်ချင်းနှစ်ယောက်ကတော့ အခုအချိန်လောက်ဆို လက်တွေ့ပြလိုက်တာကို သိသွားခဲ့ကြပြီလို့ တွေးမိပါတယ်။ သူတို့သုံးယောက်ထဲက တစ်ယောက်တော့ အပူးခံနေရပြီ၊ကျန်တဲ့နှစ်ယောက်လည်း ဘယ်အချိန်မှာ ဘာတွေဖြစ်လာဦးမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ဖြစ်နေကြမှာကို မြင်ယောင်နေမိပါတယ်။ ထိတ်လန့်နေကြတဲ့လူအုပ်ကြီးကိုတိုးဝှေ့ကာအိမ်ပေါ်တက်လာတဲ့ ဆရာအောင်ဟာ ဘုရားစင်ရှေ့မှာထိုင်မိ တယ်ဆိုရင်ပဲ မိခင်ကြီးက သားဖြစ်သူကို အခန်းထဲမှ အရှေ့ဘက်ကိုခေါ်ထုတ်လာခဲ့ပါတယ်။ ဆရာနဲ့မကောင်းဆိုးဝါးတို့ တွေ့ကြတော့မှာကို လန့်ဖျပ်နေတဲ့ဒေါ်နန်းစိန်တစ်ယောက်ဟာ ဘာလုပ်လို့ဘယ်လိုနေရမလဲမသိအောင်ဖြစ်နေပါတော့တယ်။ ဆရာအောင်ရဲ့“နင်က ဘယ်သူလဲ ဘယ်ကလဲ”လို့မေးလိုက်တဲ့အချိန်မှာပဲအပူးခံနေရတဲ့ကျော်ကျော်ဟာ “မပြောဘူး၊ ငါ့ကိုမမေးနဲ့”လို့ပြန်ပြောလိုက်ပါတယ်။

photo internet

“နင် ဘယ်ကလဲ” “မပြောဘူး” “မပြောရင် ဒဏ်ခတ်မယ်” “ဒီမှာကြည့်စမ်းတွေ့လား သိမ်ဝင်အပ်”လို့ဆရာကပြောလည်းပြော၊ အပ်လည်းထုတ်ပြတာကိုတောင် ကျော်ကျော့်ကိုဝင်ပူးနေတဲ့ ဝိဉာဉ်ကထအော်လိုက်ပါတယ်။“ဘာလုပ်ရမှာလဲ ငါမကြောက်ဘူး” လို့ပြောတယ်ဆိုရင်ပဲ ဆရာအောင်က “ဘုရားကိုကန်တော့စမ်း ၊ နင့်ကို စကြဝဠာ အပြင်ဘက်အထိ ငါပို့လိုက်ရမလား၊ပြောဆိုလိုက်ရာ“မကန်တော့ဘူး ငါသွားချင်ပြီ” “နင်ဘယ်သူလဲပြော ၊ မပြောရင် မလွှတ် ဘူး”ဆိုပြီး ပယောဂဆရာအောင်ဟာ ပါလာတဲ့အိတ်ကိုဖွင့်ကာ အိတ်ထဲမှနေ ပစ္စည်းလေးတစ်ခုထုတ်ကာ ကျောက်ပြင်မှာ အပြာရောင်ခဲလေးတစ်ခဲကိုရေနဲ့သွေးကာ ပိတ်ချင်းသီး ၇လုံးကို လိမ်းကျံပြီး၊ ကျော်ကျော့်ဘက်လှည့်ကာမေးလိုက်ပြန်ပါတယ်။ “မပြောဘူး” “မပြောရင် မင်းဝိညာဉ်ကိုငါချုပ်ထားမယ်” “မပြောဘူး ငါ့ကိုလွှတ်ပေး”ဆိုပေမယ့်၊ ဆရာရဲ့ အစွမ်းတွေဟာ အံ့သြလောက်စွာပဲတွေ့ရှိလိုက်ရကာ နောက်ဆုံးမှာ ကျော်ကျော်နဲ့အပေါင်းပါနှစ်ယောက် စိန်ခေါ်မှုကြောင့် စားချင်သောက်ချင်လို့လိုက်လာတာဖြစ်ကြောင်းပြောရင်း ဆရာ့ရဲ့ပညာနဲ့ကုသနှင်ထုတ်လိုက်မှ ကျော်ကျော်တစ်ယောက်ငြိမ်ကျသွားကာ ဘုရားကိုရှိခိုးပြီး၊ နေပြန်ကောင်းသွားကာ သရဲရှိကြောင်း လက်တွေ့သိသွားခဲ့ပြီမို့ နောင်တရကာ ကြောက်နေပါတော့တယ်။လူငယ်တွေပီပီ စူးစမ်းချင်တာကို မပြောလိုပေမယ့်၊ စူးစမ်းသင့်တာကိုပဲလေ့လာသင့်ကြောင်း အကြံပေးချင်ပါတယ်။

(Zawgyi Version)

သရဲကိုစိန္ေခၚၾကသူမ်ား

သူငယ္ခ်င္းသုံးဦး စာေမးပြဲေနာက္ဆုံးေန႔မွာ စိတ္လြတ္ ကိုယ္လြတ္ ေပ်ာ္ၾကမယ္လို႔ ႀကိဳတင္တိုင္ပင္ခဲ့ၾကပါတယ္။ ဦးေဆာင္သူကေတာ့ ေက်ာ္ေက်ာ္ျဖစ္ကာ၊ သူဟာ စိတ္ကူးတည့္ရာ အကုန္လုပ္တတ္သူျဖစ္တယ္လို႔သိရပါတယ္။ စာေမးပြဲေျဖလို႔ အၿပီးမွာေတာ့သူငယ္ခ်င္းသုံးဦးဟာ အစီအစဥ္ဆြဲ တိုင္ပင္ထားတဲ့အတိုင္း တစ္ေယာက္မွမပ်က္ကြက္ဘဲအမွတ္(၁) အထက္တန္းေက်ာင္း ေရွ႕မွာဆုံမိၾကပါတယ္။ သေဘာတူညီထားတဲ့အတိုင္း သူငယ္ခ်င္း သံုးေယာက္ ဦးတည္လိုက္ၾကတဲ့ေနရာကေတာ့ၿမိဳ႕အထြက္ စိမ္းလဲ့ကန္သာ အရက္ဆိုင္ဆီသို႔ ျဖစ္ပါတယ္။ သူတို႔သံုးဦးစလံုးဟာ အရက္ေသာက္ေလ့ ေသာက္ထ မရွိတဲ့ အူ႐ိုင္းမ်ားျဖစ္တာမို႔ တစ္လုံးကုန္တာနဲ႔ မူးစျပဳလာၿပီလို႔ေျပာလို႔ရေနပါတယ္။ေသာက္ေနရင္းကပင္ ညေန ၄း၃၀ ေက်ာ္တဲ့အထိတိုင္ အိမ္ျပန္ဖို႔ကို သတိမရႏိုင္ၾကဘဲ၊ ပိုမူးလာေလ ေျပာခ်င္တာေတြက မ်ားလာေလျဖစ္ကာ အၿပိဳင္အဆိုင္ရင္ဖြင့္ကာ အေျပာၿပိဳင္ပြဲႀကီး က်င္းပေနၾကပါေတာ့တယ္။ဆိုင္မွ ျပန္မထြက္မီ ေလးမွာပင္ ေနာက္တစ္ေနရာကို ထပ္သြားဖို႔အတြက္ တိုင္ပင္ေနရင္း ရႊတ္ေနာက္ေနာက္ျဖင့္ေျပာလိုက္တဲ့ ေက်ာ္ေက်ာ့္စကားေၾကာင့္ က်န္ႏွစ္ေယာက္မွာ မ်က္လံုးအၿပဴးသားျဖင့္ ၾကည့္ေနလိုက္ၾကပါတယ္။ သူေျပာလိုက္တဲ့စကားကေတာ့ “သုံးေယာက္လုံး သေဘာတူရင္သြားမယ္ကြာ၊ သခ်ႋဳင္းကုန္းသြားမယ္”ဆိုတဲ့အသံကိုၾကားလိုက္ၾကတဲ့ ေဘး၀ဲယာမွ လူအမ်ားဟာ မ်က္လံုးျပဴးကုန္ၾကပါတယ္။

‘ဘာလုပ္မွာမို႔ အဲဒီေနရာကို သြားမွာလဲဆိုတဲ့ ေမာင္ေမာင္ရဲ႕ အေမးကိုေျဖေပးလိုက္တဲ့စကားေလးကို မိုးထြန္းတစ္ေယာက္က ထပ္ၿပီးေထာက္ခံစကားေျပာလိုက္ပါတယ္။ “သရဲ ရွိမရွိ စမ္းသပ္ၾကည့္ရေအာင္ေပါ့”လို႔ဆိုတဲ့ စကားကို “ေအးသြားမယ္ကြာ၊ ငါလည္းသိခ်င္တယ္လို႔ေျပာလိုက္ေပမယ့္၊ ေမာင္ေမာင္ကသြားခ်င္စိတ္မရွိဘူးလို႔ေျဖလိုက္ပါတယ္။ သုံးေယာက္ေပါင္းေတာ့ ေလာင္းေက်ာ္ေပါ့ ကြာ၊ လိုက္မယ္ မဟုတ္လား သူငယ္ခ်င္းဆိုၿပီးေက်ာ္ေက်ာ္က ေမာင္ေမာင့္ကို ေမးလိုက္ပါတယ္။ မိုးထြန္းဘက္လွည့္ၿပီး၊ ေမာင္ေမာင့္ကိုမရရေအာင္ေခၚဖို႔တိုင္ပင္လိုက္ပါေသးတယ္။ေက်ာ္ေက်ာ္ကလည္း အရွိန္တက္ေနၿပီမို႔၊ ေမာင္ေမာင္နဲ႔မိုးထြန္းတို႔လည္း ဘယ္လိုမွမျငင္းႏိုင္ေတာ့ဘဲအိမ္ကိုျပန္ဖို႔စိတ္ကူးရွိေနေပမယ့္ သူတို႔ႏွစ္ေယာက္လည္း မျပန္ရဲၾကေတာ့ပါဘူး။

ဘာျဖစ္လို႔လဲဆိုေတာ့ အိမ္အျပန္ေနာက္က်ေနၿပီဆိုတာကို သိေနတဲ့အတြက္ အခုအခ်ိန္ျပန္ရင္ အေမနဲ႔အေဖစိတ္ဆိုးကာ ေက်ာကြဲေအာင္အခ်ခံရမွာကို ေတြးေနမိတဲ့အတြက္ေၾကာင့္ အိမ္ျပန္ဖို႔ကိုမေျပာၾကေတာ့ဘဲ သခ်ႋဳင္းကုန္းရွိရာဘက္ ကိုသံုးေယာက္သား စက္ဘီးကိုယ္စီနဲ႔ ထြက္လာရင္းပါးစပ္ကလည္း ေတြ႔ကရာ သီခ်င္းမ်ားဆိုလာကာ စက္ဘီးကိုနင္းလာၾကပါတယ္။ ညေနေနဝင္ခ်ိန္ေက်ာ္ၿပီမို႔ အလင္းေရာင္ကလည္းေရးေတးေတးပဲရွိ ေနပါေတာ့တယ္။ သူတို႔သံုးေယာက္သားဟာ ဦးတည္ထားတဲ့ေနရာကိုအေရာက္မွာပဲ “ သခ်ႋဳင္းကုန္းထဲကိုခဲနဲ႔ေပါက္ၾကမယ္။ မေပါက္ရဲတဲ့ေကာင္ ငေၾကာက္ပဲ ”လို႔ေျပာလိုက္တဲ့ေက်ာ္ေက်ာ့္စကားသံေၾကာင့္ “ဘာျဖစ္လို႔ မလုပ္ရဲရမွာလဲ၊ မင္းေတာင္လုပ္ရဲေသးတာပဲ” ဆိုကာ မူးရူးေနၾကတဲ့သူေတြရဲ႕ ပံုစံအတိုင္း တစ္ေယာက္နဲ႔တစ္ေယာက္ အရႈံးမေပးၾကဘဲ သုသာန္ထဲကို ခဲလံုးမ်ားျဖင့္ ပစ္လိုက္ၾကပါတယ္။ မူးရူးသူတို႔ထံုးစံအတိုင္း မိုက္ရိုင္းစုတ္ျပတ္တဲ့ အသံမ်ိဳးစံုနဲ႔ေအာ္ဟစ္ပစ္ေပါက္ေနခ်ိန္မွာပဲ ငလ်င္လႈပ္ကာနီး ေတာ္လဲေအာ္သံႀကီးလိုမ်ိုးကို ၾကားလိုက္ရပါတယ္။

လန္႔ဖ်ပ္ၿပီးေငးၾကည့္ေနၾကတဲ့အခ်ိန္မွာပဲ သူတို႔ပစ္ေပါက္လိုက္ၾကတဲ့ ခဲလံုးေတြကို ျပန္ေပးလိုက္သလား ထင္ရေလာက္ေအာင္တ၀ုန္း၀ုန္းနဲ႔ သူတို႔ဆီကို ခဲမိုးရြာခ်လာပါေတာ့တယ္။ သူတို႔သံုးေယာက္စလံုး ေၾကာက္လန္႔တၾကား ေအာ္ခ်င္တိုင္းေအာ္ကာ ေပါက္ကရမ်ားေရရြတ္ရင္း ထြက္ေျပးလာရင္း သရဲရွိရင္ျပစမ္းပါကြာလို႔ ဆက္တိုက္ေအာ္ရင္း အိမ္ေရာက္ေအာင္ျပန္လာခဲ့ၾကပါတယ္။ မိခင္ျဖစ္သူမွ သားျပန္လာတာကိုျမင္တယ္ဆိုရင္ပဲ မိုးခ်ဳပ္မွျပန္လာရသလား၊ နင့္အေဖဆူေတာ့မွာပဲဆိုတဲ့ ဆူပူသံေလးေတြနားေထာင္ရင္း၊ သူ႔အေဖေတြ႕ရင္ တကယ္ရိုက္ခံရမွာကိုသိေနတဲ့ ေက်ာ္ေက်ာ္ဟာ အိပ္ရာထဲ၀င္ တစ္ခ်ိဳးတည္း၀င္အိပ္လိုက္တယ္ဆိုရင္ပဲ မူးေနတဲ့အခ်ိန္ေၾကာင့္ တန္းၿပီးအိပ္ေပ်ာ္သြားပါေတာ့တယ္။အိပ္ေပ်ာ္လို႔မၾကာခင္အခ်ိန္ေလးမွာပဲ “သရဲရွိတယ္ဆိုရင္ျပစမ္းကြာ”လို႔ သူတို႔ အႀကိမ္ႀကိမ္ေအာ္ခဲ့တာကိုလက္ေတြ႔သိလိုက္ရပါေတာ့တယ္။

ေက်ာ္ေက်ာ္ဟာ “ အမေလး ကယ္ၾကပါဦး သားကိုကယ္ပါ ဦး ”ဆိုကာ အလန္႔တၾကားထေအာ္လိုက္သံကို ၾကားလိုက္တဲ့ မိခင္ႀကီးဟာအေျပးေလးေရာက္လာကာ သားျဖစ္သူအား”ဘာျဖစ္တာလဲ..သားရယ္” လို႔ဆိုကာ ေမးျမန္းလိုက္တဲ့မိခင္ျဖစ္သူ ေဒၚနန္းစိန္ကို သားျဖစ္သူေက်ာ္ေက်ာ္ ကမူမမွန္စြာ မ်က္ေထာင့္နီျဖင့္ၾကည့္ရင္း အေမျဖစ္သူ အား “ဘာလာလုပ္တာလဲ အခုထြက္သြား၊ ငါ့ဆီ မလာနဲ႔ နင္တို႔တစ္ေတြ ကိုမေတြ႔ခ်င္ဘူး၊နင္တို႔လံုး၀မေကာင္းဘူး”ဟုဆိုကာ ေက်ာင္းမွန္းကန္မွန္းသိေအာင္ ဗီဇျပပါေတာ့တယ္။ တဟီးဟီးျဖင့္တုန္ကာ ရယ္လိုက္ငိုလိုက္ ျဖစ္ေနတာကိုျမင္ေတြ႔ေနရတဲ့ မိခင္ျဖစ္သူဟာ ဘယ္လိုမွမေျဖႏိုင္ေအာင္ျဖစ္ေနပါေတာ့တယ္။ ပါးစပ္ကလည္း “သား ဘာေတြျဖစ္ေနတာလဲ ။ အေမ့ကို ဘာေတြ ေျပာေနတာလဲဆိုၿပီး၊ အံ့ၾသမွင္သက္စြာေငးေနမိပါေတာ့တယ္။ သားျဖစ္သူရဲ႕အျဖစ္ကိုေစာင့္ ၾကည့္ရင္း သူသေဘာေပါက္သြားခဲ့ပါတယ္။ ဒါေၾကာင့္ မိခင္ေဒၚနန္းစိန္တစ္ေယာက္ ထိတ္လန႔္တၾကား အိမ္ နီးနားခ်င္းတို႔ကိုအေျပးအလႊားေအာ္ေခၚလိုက္ပါေတာ့တယ္။

တစ္ေယာက္စ ႏွစ္ေယာက္စေရာက္လာတဲ့ အိမ္နီးခ်င္းေတြကလည္း “ဘာျဖစ္တာလဲ ၊ဘယ္လို ျဖစ္တာလဲ တစ္ခုခု မွားခဲ့ၿပီထင္တယ္”ဆိုတဲ့ တစ္ေယာက္တစ္ေပါက္ ေျပာဆိုသံေတြဟာ ဆူညံသြားခဲ့ပါတယ္။ တစ္ေယာက္တစ္မ်ိဳးနဲ႔ ေျပာဆိုေနၾကတဲ့အသံေတြဟာ ပြက္ေလာရို္က္ေနပါေတာ့တယ္။ အဲဒီလိုဆူညံေနတဲ့အခ်ိ္န္မွာပဲ အိမ္ခ်င္းကပ္ေနတဲ့ ဦးတိုးလြင္က ေဒၚနန္းစိန္ ကို ေက်ာ္ေက်ာ္ပုံမွန္ မွဟုတ္ရဲ႕လား ၊ ငါ ကိုေအာင္ ႀကီးကိုသြားေခၚလိုက္မယ္လို႔ ေျပာရင္းအေျပးထြက္သြားခဲ့ပါေတာ့တယ္။ မၾကာခင္မွာပဲ “ဦးေအာင္လာၿပီတဲ့”ေဟ့ဆိုတဲ့အိမ္နီးခ်င္းတစ္ေယာက္ရဲ႕အသံကိုၾကားလိုက္ရတဲ့အခ်ိန္မွာပဲ “ငါ့ဆီမလာနဲ႔ ငါ့ကို ထမင္းေပးစမ္း ထမင္းစားခ်င္တယ္”ဆိုကာ ေက်ာ္ေက်ာ့္ဆီမွာ ၀င္ကပ္ေနတဲ့ မေကာင္းဆိုး၀ါးက တစ္စခန္းထကာ အစားအေသာက္ေတြေတာင္းေနသံကို မိခင္ႀကီးဟာ ၾကားလိုက္တဲ့အခါ သားအတြက္စိတ္မေကာင္းျဖစ္စြာနဲ႔ပဲၾကည့္ေနမိပါေတာ့တယ္။

သရဲရွိရင္ျပစမ္းကြာလို႔ေျပာခဲ့တာကိုေတာ့ မိခင္ျဖစ္သူကမသိခဲ့ေပမယ့္ ေက်ာ္ေက်ာ့္အေၾကာင္းၾကားရတဲ့ သူငယ္ခ်င္းႏွစ္ေယာက္ကေတာ့ အခုအခ်ိန္ေလာက္ဆို လက္ေတြ႔ျပလိုက္တာကို သိသြားခဲ့ၾကၿပီလို႔ ေတြးမိပါတယ္။ သူတို႔သံုးေယာက္ထဲက တစ္ေယာက္ေတာ့ အပူးခံေနရၿပီ၊က်န္တဲ့ႏွစ္ေယာက္လည္း ဘယ္အခ်ိန္မွာ ဘာေတြျဖစ္လာဦးမလဲဆိုတာ ရင္တထိတ္ထိတ္နဲ႔ျဖစ္ေနၾကမွာကို ျမင္ေယာင္ေနမိပါတယ္။ ထိတ္လန္႔ေနၾကတဲ့လူအုပ္ႀကီးကိုတိုးေ၀ွ႔ကာအိမ္ေပၚတက္လာတဲ့ ဆရာေအာင္ဟာ ဘုရားစင္ေရွ႕မွာထိုင္မိတယ္ဆိုရင္ပဲ မိခင္ႀကီးက သားျဖစ္သူကို အခန္းထဲမွ အေရွ႕ဘက္ကိုေခၚထုတ္လာခဲ့ပါတယ္။ ဆရာနဲ႔မေကာင္းဆိုး၀ါးတို႔ ေတြ႔ၾကေတာ့မွာကို လန္႔ဖ်ပ္ေနတဲ့ေဒၚနန္းစိန္တစ္ေယာက္ဟာ ဘာလုပ္လို႔ဘယ္လိုေနရမလဲမသိေအာင္ျဖစ္ေနပါေတာ့တယ္။ ဆရာေအာင္ရဲ႕“နင္က ဘယ္သူလဲ ဘယ္ကလဲ”လို႔ေမးလိုက္တဲ့အခ်ိန္မွာပဲအပူးခံေနရတဲ့ေက်ာ္ေက်ာ္ဟာ “မေျပာဘူး၊ ငါ့ကိုမေမးနဲ႔”လို႔ျပန္ေျပာလိုက္ပါတယ္။

“နင္ ဘယ္ကလဲ” “မေျပာဘူး” “မေျပာရင္ ဒဏ္ခတ္မယ္” “ဒီမွာၾကည့္စမ္းေတြ႕လား သိမ္ဝင္အပ္”လို႔ဆရာကေျပာလည္းေျပာ၊ အပ္လည္းထုတ္ျပတာကိုေတာင္ ေက်ာ္ေက်ာ့္ကို၀င္ပူးေနတဲ့ ၀ိဥာဥ္ကထေအာ္လိုက္ပါတယ္။“ဘာလုပ္ရမွာလဲ ငါမေၾကာက္ဘူး” လို႔ေျပာတယ္ဆိုရင္ပဲ ဆရာေအာင္က “ဘုရားကိုကန္ေတာ့စမ္း ၊ နင့္ကို စၾကဝဠာ အျပင္ဘက္အထိ ငါပို႔လိုက္ရမလား၊ေျပာဆိုလိုက္ရာ“မကန္ေတာ့ဘူး ငါသြားခ်င္ၿပီ” “နင္ဘယ္သူလဲေျပာ ၊ မေျပာရင္ မလႊတ္ ဘူး”ဆိုၿပီး ပေယာဂဆရာေအာင္ဟာ ပါလာတဲ့အိတ္ကိုဖြင့္ကာ အိတ္ထဲမွေန ပစၥည္းေလးတစ္ခုထုတ္ကာ ေက်ာက္ျပင္မွာ အျပာေရာင္ခဲေလးတစ္ခဲကိုေရနဲ႔ေသြးကာ ပိတ္ခ်င္းသီး ၇လံုးကို လိမ္းက်ံၿပီး၊ ေက်ာ္ေက်ာ့္ဘက္လွည့္ကာေမးလိုက္ျပန္ပါတယ္။ “မေျပာဘူး” “မေျပာရင္ မင္းဝိညာဥ္ကိုငါခ်ဳပ္ထားမယ္” “မေျပာဘူး ငါ့ကိုလႊတ္ေပး”ဆိုေပမယ့္၊ ဆရာရဲ႕ အစြမ္းေတြဟာ အံ့ၾသေလာက္စြာပဲေတြ႔ရွိလိုက္ရကာ ေနာက္ဆံုးမွာ ေက်ာ္ေက်ာ္နဲ႔အေပါင္းပါႏွစ္ေယာက္ စိန္ေခၚမႈေၾကာင့္ စားခ်င္ေသာက္ခ်င္လို႔လိုက္လာတာျဖစ္ေၾကာင္းေျပာရင္း ဆရာ့ရဲ႕ပညာနဲ႔ကုသႏွင္ထုတ္လိုက္မွ ေက်ာ္ေက်ာ္တစ္ေယာက္ၿငိမ္က်သြားကာ ဘုရားကိုရွိခိုးၿပီး၊ ေနျပန္ေကာင္းသြားကာ သရဲရွိေၾကာင္း လက္ေတြ႕သိသြားခဲ့ၿပီမို႔ ေနာင္တရကာ ေၾကာက္ေနပါေတာ့တယ္။
လူငယ္ေတြပီပီ စူးစမ္းခ်င္တာကို မေျပာလိုေပမယ့္၊ စူးစမ္းသင့္တာကိုပဲေလ့လာသင့္ေၾကာင္း အၾကံေပးခ်င္ပါတယ္။