ဆားမိုင်းတွင်းထဲမှာ ဆောက်လုပ်ထားတဲ့ ဘုရားကျောင်း

0
421

Crd (SmithsonianMagazine)
ခေါင်းစဉ်ကြီးဖတ်လိုက်ရတဲ့ အခါ လူတိုင်းရဲ့ စိတ်ထဲမှာ တွေးနေမိနေတဲ့ အချက်လေးတစ်ခုတော့ ရှိနေလိမ့်မယ်ထင်ပါတယ်။ ကိုယ်တိုင်တောင်ဘာမဆိုင်ညာမဆိုင် အတွေးတစ်ခုဝင်လာလို့ စဉ်းစားခဲ့မိပါတယ်။ ဘုရားကျောင်းကို တခြားနေရာတွေမှာလည်း ဆောက်ရင်ရရဲ့သားနဲ့ ဒီလိုမိုင်းတွင်းထဲမှာမှဆောက်လုပ်ထားတာဟာ ဘာကြောင့်များဖြစ်မလဲလို့ သိချင်နေမိပါတယ်။ ထူးဆန်းစွာဆောက်လုပ်ထားတဲ့ ဘုရားကျောင်းကြီးတည်ရှိတဲ့နေရာလေးကို ပြောပြချင်ပါတယ်။ အဲဒီနေရာကတော့ ကိုလံဘီယာနိုင်ငံZipaquira မြို့အနီးမှာတည်ရှိတဲ့ ရိုမန်ကက်သလစ် ဘုရားကျောင်းတစ်ခုဖြစ်ပါတယ်။ ဘာကြောင့်ထူးခြားတယ်လို့ပြောရတာလဲဆိုရင် ဘုရားကျောင်းကြီး ဆောက်လုပ်ထားတဲ့နေရာဟာ မြေအောက်အနက် ပေ ၆၀၀ကျော်မှာရှိနေတဲ့ ဆားထုတ်လုပ်တဲ့ ဥမင်ဟောင်းကြီးထဲမှာလို့သိရပါတယ်။

Crd (imgur.com)
အဲဒီနေရာကြီးဟာ ဟိုးအရင် ခရစ်တော်မပေါ်မီကတည်းက တွင်းထွက်ဆားတွေထုတ်လုပ်ခဲ့တဲ့ နေရာဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ဆားထုတ်လုပ်ခြင်းလုပ်ငန်းဟာလည်းအဲဒီဒေသရဲ့ အဓိကစီးပွားရေးလုပ်ငန်းတစ်ခုလည်းဖြစ်ခဲ့ပြီး၊ ၁၈၀၁ခုနှစ်ကတည်းက ဆားမိုင်းတွင်းကြီးရှိနေတာလို့ သိရပါတယ်။ ၁၈၇၆ခုနှစ်မှာနံရံကဆားကျောက်တုံးတွေကို ဖယ်ရှားဖို့အတွက် မိုင်းတွင်းလုပ်သားတွေဟာ ဥမင်၄ခု ထပ်တူးခဲ့ကြတယ်လို့ ဆိုပါတယ်။ ၁၉၃၂ခုမှာတော့ တူးဖော်ရေးလုပ်ငန်းမစမီ မနက်ခင်းလေးမှာပဲ ဝတ်ပြုဆုတောင်းဖို့ နေရာတစ်ခုထပ်ပြီး ဖန်တီးခဲ့ကြတယ်လို့သိရပါတယ်။

Crd (bogotapass.com)

၁၉၅၀ခုမှာတော့ ဘုရားကျောင်းကြီးတစ်ခုဖြစ်ဖို့ စီမံကိန်းတစ်ခုအနေနဲ့စပြီး ဆောက်လုပ်ခဲ့တယ်လို့သိရပါတယ်။ ၁၉၅၄ခုမှာ တည်ဆောက်ပြီးစီးခဲ့ကာ ကုန်ကျငွေဟာလည်း အမေရိကန်ဒေါ်လာ ၂၈၅ သန်းခန့်ကုန်ကျခဲ့တယ်လို့ဆိုပေမယ့် ၁၉၉၀ခုမှာတော့ မိုင်းတွင်းကိုရော ဘုရားကျောင်းကိုပါ ပိတ်ခဲ့ရတယ်လို့ဆိုပါတယ်။ အဲဒီလိုပိတ်ခဲ့ရပြီးနောက်တစ်နှစ်အကြာမှာပဲ စိတ်ချရတဲ့ နေရာတစ်ခုကိုရွေးပြီး ကျောက်တောင်ကိုတူးဖော်ကာ လက်ရှိဘုရားကျောင်းကိုပြန်ဖွင့်ခဲ့တယ်လို့သိရပါတယ်။

Crd (FREETOUR.com)
ဘုရားကျောင်းကိုပြန်လည်ဖွင့်လဲ့တဲ့နေရာမှာ ကျောက်တုံးတန်ချိန်ပေါင်း ၂၅၀၀၀၀ ခန့် ဖယ်ထုတ်ခဲ့ရကြောင်းသိရပါတယ်။ ဘုရားကျောင်းကို ဥမင်၁၄ ခုနဲ့ ချိတ်ဆက်တည်ဆောက်ထားကာ၊ ခန်းမ ၃ခုလည်းပါကြောင်းသိရပါတယ်။ ခရစ်တော်ရဲ့ ဖွားမြင်ခြင်း၊ ဘဝဖြတ်သန်းခြင်းနဲ့သေဆုံးခြင်းတို့ကိုပြတဲ့ အခန်းကဏ္ဍတွေပါပြထားပြီး၊ စကျင်ကျောက်နဲ့လည်း အရုပ်တွေထုလုပ်ထားကြောင်းဆိုပါတယ်။ ပင်မနေရာအကျယ်ကတော့ ပေ၄၀၀ခန့်ရှိကာ အမြင့်ပေမှာ ၇၀နဲ့ လူပေါင်း၈၀၀၀အထိဆံ့တယ်လို့ သိရပါတယ်။ အီတလီပန်းပုဆရာ လူဒိုဗီကိုကွန်းဆော့က ဘုရားကျောင်းအဝင်မှာထားဖို့ ရုပ်တုကို ထုလုပ်ပေးခဲ့ကြောင်း သိရပါတယ်။ ဒီဂူထဲကိုဝင်ရောက်လည်ပတ်သူဟာ တစ်နာရီထက်ပိုနေလို့ မရဘူးလို့ သိရပါတယ်။ ၂၀၀၇ ခုနှစ်မှာတော့ ကိုလံဘီယာရဲ့ ဂုဏ်ယူဖွယ်ရာနေရာတစ်ခုအဖြစ် ထည့်သွင်းသတ်မှတ်ခံခဲ့ရပါတယ်။

Crd (imgur.com)

အဲဒိဘုရားကျောင်းနေရာကိုလာရောက်လည်ပတ်ကြတဲ့သူတွေအတွက် ဆားထုတ်လုပ်ပုံအဆင့်ဆင့်ကို 3Dနဲ့ပြထားပေးသလို၊ဆားတူးဖော်ရေးလုပ်ငန်းလုပ်ခဲ့တာကို ပြတိုက်နဲ့ပြထားကြောင်းဆိုပါတယ်။ ဒါ့အပြင်လူ ဦးရေ ၃၀၀ ဆံ့တဲ့စားသောက်ခန်းမများနဲ့ ကော်ဖီခန်းမတွေလည်းရှိကာ၊ အစည်းအဝေးလုပ်လို့ရတဲ့ လူ၈၀၀ ဆံ့တဲ့ခန်းမတစ်ခုလည်း ရှိပါတယ်။ မင်္ဂလာပွဲတွေလည်းလုပ်လို့ရကာ၊ ဝင်ကြေးမှာ ၁၀ဒေါ်လာဝန်းကျင်လောက်ကျသင့်လိမ့်မယ်လို့ သိရပါတယ်။ အထူးကန့်သတ်ချက်အနေနဲ့ အိမ်မွေးတိရစ္ဆာန်၊ပြင်ပအစားများအပြင် ဆေးလိပ်နဲ့အရက်သောက်သုံးခြင်းကို တားမြစ်ထားကြောင်းသိရပါတယ်။

(zawgyi)

ဆားမိုင္းတြင္းထဲမွာ ေဆာက္လုပ္ထားတဲ့ ဘုရားေက်ာင္း
ေခါင္းစဥ္ႀကီးဖတ္လိုက္ရတဲ့ အခါ လူတိုင္းရဲ႕ စိတ္ထဲမွာ ေတြးေနမိေနတဲ့ အခ်က္ေလးတစ္ခုေတာ့ ရွိေနလိမ့္မယ္ထင္ပါတယ္။ ကိုယ္တိုင္ေတာင္ဘာမဆိုင္ညာမဆိုင္ အေတြးတစ္ခု၀င္လာလို႔ စဥ္းစားခဲ့မိပါတယ္။ ဘုရားေက်ာင္းကို တျခားေနရာေတြမွာလည္း ေဆာက္ရင္ရရဲ႕သားနဲ႔ ဒီလိုမိုင္းတြင္းထဲမွာမွေဆာက္လုပ္ထားတာဟာ ဘာေၾကာင့္မ်ားျဖစ္မလဲလို႔ သိခ်င္ေနမိပါတယ္။
ထူးဆန္းစြာေဆာက္လုပ္ထားတဲ့ ဘုရားေက်ာင္းႀကီးတည္ရွိတဲ့ေနရာေလးကို ေျပာျပခ်င္ပါတယ္။ အဲဒီေနရာကေတာ့ ကိုလံဘီယာႏိုင္ငံZipaquira ၿမိဳ႕အနီးမွာတည္ရွိတဲ့ ရိုမန္ကက္သလစ္ ဘုရားေက်ာင္းတစ္ခုျဖစ္ပါတယ္။ ဘာေၾကာင့္ထူးျခားတယ္လို႔ေျပာရတာလဲဆိုရင္ ဘုရားေက်ာင္းႀကီး ေဆာက္လုပ္ထားတဲ့ေနရာဟာ ေျမေအာက္အနက္ ေပ ၆၀၀ေက်ာ္မွာရွိေနတဲ့ ဆားထုတ္လုပ္တဲ့ ဥမင္ေဟာင္းႀကီးထဲမွာလို႔သိရပါတယ္။
အဲဒီေနရာႀကီးဟာ ဟိုးအရင္ ခရစ္ေတာ္မေပၚမီကတည္းက တြင္းထြက္ဆားေတြထုတ္လုပ္ခဲ့တဲ့ ေနရာျဖစ္ခဲ့တယ္လို႔ဆိုပါတယ္။ ဆားထုတ္လုပ္ျခင္းလုပ္ငန္းဟာလည္းအဲဒီေဒသရဲ႕ အဓိကစီးပြားေရးလုပ္ငန္းတစ္ခုလည္းျဖစ္ခဲ့ၿပီး၊ ၁၈၀၁ခုႏွစ္ကတည္းက ဆားမိုင္းတြင္းႀကီးရွိေနတာလို႔ သိရပါတယ္။ ၁၈၇၆ခုႏွစ္မွာနံရံကဆားေက်ာက္တုံးေတြကို ဖယ္ရွားဖို႔အတြက္ မိုင္းတြင္းလုပ္သားေတြဟာ ဥမင္၄ခု ထပ္တူးခဲ့ၾကတယ္လို႔ ဆိုပါတယ္။ ၁၉၃၂ခုမွာေတာ့ တူးေဖာ္ေရးလုပ္ငန္းမစမီ မနက္ခင္းေလးမွာပဲ ၀တ္ျပဳဆုေတာင္းဖို႔ ေနရာတစ္ခုထပ္ၿပီး ဖန္တီးခဲ့ၾကတယ္လို႔သိရပါတယ္။ ၁၉၅၀ခုမွာေတာ့ ဘုရားေက်ာင္းႀကီးတစ္ခုျဖစ္ဖို႔ စီမံကိန္းတစ္ခုအေနနဲ႔စၿပီး ေဆာက္လုပ္ခဲ့တယ္လို႔သိရပါတယ္။ ၁၉၅၄ခုမွာ တည္ေဆာက္ၿပီးစီးခဲ့ကာ ကုန္က်ေငြဟာလည္း အေမရိကန္ေဒၚလာ ၂၈၅ သန္းခန္႔ကုန္က်ခဲ့တယ္လို႔ဆိုေပမယ့္ ၁၉၉၀ခုမွာေတာ့ မိုင္းတြင္းကိုေရာ ဘုရားေက်ာင္းကိုပါ ပိတ္ခဲ့ရတယ္လို႔ဆိုပါတယ္။ အဲဒီလိုပိတ္ခဲ့ရၿပီးေနာက္တစ္ႏွစ္အၾကာမွာပဲ စိတ္ခ်ရတဲ့ ေနရာတစ္ခုကိုေရြးၿပီး ေက်ာက္ေတာင္ကိုတူးေဖာ္ကာ လက္ရွိဘုရားေက်ာင္းကိုျပန္ဖြင့္ခဲ့တယ္လို႔သိရပါတယ္။
ဘုရားေက်ာင္းကိုျပန္လည္ဖြင့္လဲ့တဲ့ေနရာမွာ ေက်ာက္တံုးတန္ခ်ိန္ေပါင္း ၂၅၀၀၀၀ ခန္႔ ဖယ္ထုတ္ခဲ့ရေၾကာင္းသိရပါတယ္။ ဘုရားေက်ာင္းကို ဥမင္၁၄ ခုနဲ႔ ခ်ိတ္ဆက္တည္ေဆာက္ထားကာ၊ ခန္းမ ၃ခုလည္းပါေၾကာင္းသိရပါတယ္။ ခရစ္ေတာ္ရဲ႕ ဖြားျမင္ျခင္း၊ ဘ၀ျဖတ္သန္းျခင္းနဲ႔ေသဆံုးျခင္းတို႔ကိုျပတဲ့ အခန္းက႑ေတြပါျပထားၿပီး၊ စက်င္ေက်ာက္နဲ႔လည္း အရုပ္ေတြထုလုပ္ထားေၾကာင္းဆိုပါတယ္။ ပင္မေနရာအက်ယ္ကေတာ့ ေပ၄၀၀ခန္႔ရွိကာ အျမင့္ေပမွာ ၇၀နဲ႔ လူေပါင္း၈၀၀၀အထိဆ့့ံတယ္လို႔ သိရပါတယ္။ အီတလီပန္းပုဆရာ လူဒိုဗီကိုကြန္းေဆာ့က ဘုရားေက်ာင္းအ၀င္မွာထားဖို႔ ရုပ္တုကို ထုလုပ္ေပးခဲ့ေၾကာင္း သိရပါတယ္။ ဒီဂူထဲကို၀င္ေရာက္လည္ပတ္သူဟာ တစ္နာရီထက္ပိုေနလို႔ မရဘူးလို႔ သိရပါတယ္။ ၂၀၀၇ ခုႏွစ္မွာေတာ့ ကုိလံဘီယာရဲ႕ ဂုဏ္ယူဖြယ္ရာေနရာတစ္ခုအျဖစ္ ထည့္သြင္းသတ္မွတ္ခံခဲ့ရပါတယ္။ အဲဒိဘုရားေက်ာင္းေနရာကိုလာေရာက္လည္ပတ္ၾကတဲ့သူေတြအတြက္ ဆားထုတ္လုပ္ပံုအဆင့္ဆင့္ကို 3Dနဲ႔ျပထားေပးသလို၊ဆားတူးေဖာ္ေရးလုပ္ငန္းလုပ္ခဲ့တာကို ျပတိုက္နဲ႔ျပထားေၾကာင္းဆိုပါတယ္။ ဒါ့အျပင္လူ ဦးေရ ၃၀၀ ဆံ့တဲ့စားေသာက္ခန္းမမ်ားနဲ႔ ေကာ္ဖီခန္းမေတြလည္းရွိကာ၊ အစည္းအေ၀းလုပ္လို႔ရတဲ့ လူ၈၀၀ ဆံ့တဲ့ခန္းမတစ္ခုလည္း ရွိပါတယ္။ မဂၤလာပြဲေတြလည္းလုပ္လို႔ရကာ၊ ၀င္ေၾကးမွာ ၁၀ေဒၚလာ၀န္းက်င္ေလာက္က်သင့္လိမ့္မယ္လို႔ သိရပါတယ္။ အထူးကန္႔သတ္ခ်က္အေနနဲ႔ အိမ္ေမြးတိရစၧာန္၊ျပင္ပအစားမ်ားအျပင္ ေဆးလိပ္နဲ႔အရက္ေသာက္သံုးျခင္းကို တားျမစ္ထားေၾကာင္းသိရပါတယ္။