မိမိဘာသာစီရင်သေဆုံးကြတဲ့သူများအတွက်ကယ်တင်ရှင်ဘိုးဘိုး

0
2331

crd (Medscape)
အဖန် ငါးရာ၊ ငါးကမ္ဘာဆိုတဲ့ စကားကို မသိကြလေတာလားလို့ တွေးမိပေမယ့်၊ အထုံပါလာကြတဲ့သူတွေမို့လည်း၊ ဒီအသက်၊ဒီအချိန်၊ ဒီလိုပြသနာမျိုးတွေနဲ့ ကြုံပြီဆိုတာနဲ့ မပြတ်သေးတဲ့ အကြွေးတွေပေးဆပ်နေကြရတာဖြစ်ပါတယ်။
ကံကြမ္မာအလှည့်က မျက်နှာသာပေးလို့ ကိုယ့်ဘေးနားမှာ ကယ်မယ့်သူရှိနေပေမယ့်လည်း၊ တစ်ရက်မဟုတ်တစ်ရက်၊ တစ်ကြိမ်မဟုတ်တစ်ကြိမ်တော့ ပေးဆပ်ရမှာဖြစ်ပါတယ်။ ကြိုးနဲ့သေဆုံးဖို့ အဖို့ပါလာသူကလည်း ကြိုးအကြီးနဲ့မှမဟုတ်ဘဲ၊ မျှင်လွန်းတဲ့ ကြိုးတစ်ပင်ဖြစ်စေဦးတော့ တစ်နေ့မဟုတ်တစ်နေ့တော့သေကြရတာမျိုးဖြစ်ပါတယ်။ လူဆိုတာသေမျိုးကြီးပဲလို့ဆိုတာမျိုးမို့သေရ တာမဟုတ်ဘဲ သေချိန်မတန်ဘဲသေရတာဖြစ်ပါတယ်။ အဲဒီလို အမျိုးစုံသေဆုံးနေကြတဲ့ လူသားတွေဟာ ဘယ်လောက်တောင် များနေပြီလဲဆိုရင် ကယ်တင်ပေးနိုင်ခဲ့လို့ အသက်ရှင်ခဲ့ကြတဲ့ လူဦးရေတောင် ၅၀၀ကျော်ရှိနေပြီလို့ သိရပါတယ်။ အဲဒီလူဦးရေ ၅၀၀ကျော်ကို ကယ်တင်ပေးနိုင်ခဲ့တဲ့သူကို လမ်းညွှန်ပြောပြရမယ်ဆိုရင်တော့ သူဟာ ဂျပန်နိုင်ငံက ရဲအရာရှိတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ သက်တမ်း ရဝနှစ် တစ်လျှောက်မှာတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ကြံစည်တဲ့သူတွေ ၅၀၀ကျော်ကို ကယ်တင်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

crd (Internet)
မိမိဘာသာအဆုံးစီရင်မှုတွေအများဆုံးနိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံမှာ ဒီလို သူရဲကောင်း တစ်ယောက်ပေါ်ထွက် လာတာဟာ အထုံပါလို့ အကြွေးဆပ်ဖို့ရှိသူများအတွက် ဆက်လက်နေထိုင်ခွင့် ပါမစ်ဆက်ရနေမှာကို ကျေးဇူးတင်ကြပါ့မလားလို့ စဉ်းစားမိပါတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ ဒီလိုသတ်သေကြတဲ့ သူတွေအများစုဟာ လူမှုရေးပြသနာ၊ စီးပွားရေးပြသနာ၊ ကိုယ့်စိတ်ကိုယ် ကိုယ်တိုင်မနိုင်လို့ ဖြစ်တဲ့ပြသနာတွေကြောင့်ဖြစ်ကြတာလို့ သိထားကြတာမို့ ကယ်တင်ပေးတဲ့သူက အိမ်ပေး ကျွေးမွေးထားရဦးမှာလားလို့ တွေးမိလို့ပါ။ သေဆုံးကြတဲ့သူအများဆုံးဟာလည်း အရွယ်ကောင်းလေးတွေမှာပဲ သေဆုံးသွားကြတာများနေတာမို့လည်း မိဘ အသိုင်းအဝိုင်းအနေနဲ့လည်း နှမြောကြမှာပဲဖြစ်ပါတယ်။ အဲဒီလိုမျိုး ဘဝကို အလွယ်တကူနဲ့ အရှုံးပေးသွားကြသူများကို ကယ်တင်ပေးခဲ့တဲ့ သူတစ်ယောက်ရှိနေတယ်လို့သိရပြီး၊ သူနေထိုင်တဲ့နေရာနဲ့ အလုပ်အကိုင်ကတော့ ဖူကူအိနယ်မြေက ရဲအရာရှိဟောင်းတစ်ဦးဖြစ်တဲ့ယူကီရိုပဲဖြစ်ပါတယ်။သူဟာ ဝန်ထမ်းဘဝကို ၄၂နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့သူတစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။

crd (YouTube)
ပင်စင်ယူကာနီး တာဝန်ကျတဲ့ Tonjinboဒေသမှာဆိုရင် မကြခဏဆိုသလို အလောင်းများလိုက်လံဆယ်ယူနေခဲ့ရပါတယ်လို့သိရပါတယ်။ လှည့်ကင်းလှည့်တဲ့ တောင်ကုန်းတွေတစ်လျှောက်ကိုလည်း အမြဲလိုစောင့်ကြည့်နေရတယ်လို့ ဆိုပါတယ်။ ဒီနေရာဟာ သတ်သေမှုတွေအများဆုံးနေရာတစ်ခုဖြစ်တာကြောင့်ပါ၊ ခရီးသွားတွေလည်းများပြီး၊ နာမည်ကြီးနေရာတစ်ခုလည်းဖြစ်တာကြောင့် ပိုပြီးသတိထားစောင့်ကြည့်ခဲ့ရကြောင်းသိရပါတယ်။ နေ့တိုင်း စေတနာ့ဝန်ထမ်း၃ဦးနဲ့ အတူ လှည့်ပတ်ကြည့်ရကြောင်းသိရပါတယ်။ သူ့အနေနဲ့လည်း အဲဒီလိုသေကြောင်းကြံစည်ပြီးသေကြတဲ့သူတွေကိုများ ကယ်တင်ပေးဖို့အတွက် မိုးနတ်မင်းက လွှတ်ပေးထားသလားလို့တောင်ထင်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ဒီလိုမျိုးတွေနဲ့ သေဖို့ကြံစည်နေကြသူ၊ပြင်ဆင်နေကြသူတွေကို စောင့်ကြည့်နေရလို့ပဲဖြစ်ပါတယ်။

crd (Discover Magazine)
သူ့အနေနဲ့ အဝေးကနေလှမ်းမြင်နိုင်အောင်လို့လည်း အဝေးကြည့်မှန်ပြောင်းတစ်လက်နဲ့ အမြဲတမ်းစောင့်ကြည့်ကာ တွေ့ရှိတာနဲ့ ဖြောင်းဖြပြောဆိုကာ တစ်မျိုး၊ ချော့မော့ ပြောဆိုတာတွေပါလုပ်နေရပြီး၊အောင်မြင်ခဲ့တာတွေလည်းရှိကြောင်းနဲ့ စောင့်ရှောက်ပေးရတာမျိုးလည်းရှိ တယ်လို့သိရပါတယ်။ သူတစ်ယောက်တည်း လှည့်လည် နေရာမှ သူ့ကို ကူညီလုပ်ပေးမယ့် အဖွဲ့လေးတစ်ဖွဲ့ဟာ မကြာမီမှာပဲပေါ်လာခဲ့ပါတယ်။ အဲဒီအဖွဲ့လေးဟာNPOလို့ အမည်ပေးထားတဲ့ အဖွဲ့လေးဖြစ်ပါတယ်။ ဒီအဖွဲ့လေးနဲ့ ပူးပေါင်းပြီး ကယ်ဆယ်လာခဲ့ရာမှာ ၁၁နှစ်အတွင်း ၅၀၀ ကျော်ရှိခဲ့ပြီလို့သိရပါတယ်။
သူရဲကောင်းကြီးယူကီရိုအနေနဲ့ အခုချိန်မှာတော့ ပရဟိတအလုပ် ဖြစ်တဲ့ လူတွေရဲ့ အသက်ကိုကယ်တဲ့အလုပ်တွေကို လုပ်ချင်နေပေမယ့်လည်း၊ အနားယူခဲ့လိုက်ပါပြီလို့ သိထားပါတယ်။ သူအနားမယူခင်ကယ်ပေးခဲ့ရတဲ့သူကတော့ အကြွေးတွေနဲ့ နစ်နေတဲ့ စားသောက်ဆိုင်ပိုင်ရှင် စုံတွဲဖြစ်ပါတယ်။ ပင်လယ်ထဲခုန်ချပြီးသတ်သေဖို့ ပြင်ဆင်ထားခဲ့ကြတာကို ကယ်တင်ရှင်ဘိုးဘိုးကြီးကတွေ့သွားခဲ့တာကြောင့် လင်မယားနှစ်ယောက်ရဲ့အသက်ကို ကယ်တင်နိုင်ခဲ့တယ်လို့သိရပါတယ်။

crd GrandPa Japan
ကယ်ဆယ်မယ့်သူရှိလို့ ဘယ်လိုပဲအသက်ရှင်ခဲ့ရှင်ခဲ့၊ ဒါနဲ့သေဖို့ပါလာတဲ့သူကတော့ သေဆုံးကြမှာပဲဆိုတာ ကိုတော့ လက်တွေ့သိလိုက်ရပါတယ်။ သူအနားမယူခင်ကယ်ပေးခဲ့တဲ့ လင်မယားဟာ နောက်၅ ရက်အကြာမှာပဲ သူတို့ကိုယ်သူတို့ ဆွဲကြိုးချသေဆုံးခဲ့တယ်လို့ စိတ်မကောင်းစွာပဲသိလိုက်ရပါတယ်။ ယူကီရိုဟာ တိုက်တွေ၊ တောင်ကုန်းတွေ ပေါ်ကနေတစ်နည်းနည်းနဲ့ သတ်သေဖို့ကြိုးစားသူ အတာ်များများကိုလည်း ကယ်ဆယ်ပေးနိုင်ခဲ့တဲ့ ဂျပန်သူရဲကောင်း ကယ်တင်ရှင်ကြီးဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။ အခုဆိုရင် သူ့အသက်ဟာ ၇၀ကျော်ရှိနေပြီလို့ သိရပါတယ်။

(zawgyi)

မိမိဘာသာစီရင္ေသဆံုးၾကတဲ့သူမ်ားအတြက္ကယ္တင္ရွင္ဘိုးဘိုး
အဖန္ ငါးရာ၊ ငါးကမၻာဆိုတဲ့ စကားကို မသိၾကေလတာလားလို႔ ေတြးမိေပမယ့္၊ အထံုပါလာၾကတဲ့သူေတြမို႔လည္း၊ ဒီအသက္၊ဒီအခ်ိ္န္၊ ဒီလိုျပသနာမ်ိဳးေတြနဲ႔ ႀကံဳၿပီဆိုတာနဲ႔ မျပတ္ေသးတဲ့ အေၾကြးေတြေပးဆပ္ေနၾကရတာျဖစ္ပါတယ္။
ကံၾကမၼာအလွည့္က မ်က္ႏွာသာေပးလို႔ ကိုယ့္ေဘးနားမွာ ကယ္မယ့္သူရွိေနေပမယ့္လည္း၊ တစ္ရက္မဟုတ္တစ္ရက္၊ တစ္ႀကိမ္မဟုတ္တစ္ႀကိမ္ေတာ့ ေပးဆပ္ရမွာျဖစ္ပါတယ္။ ႀကိဳးနဲ႔ေသဆံုးဖို႔ အဖို႔ပါလာသူကလည္း ႀကိဳးအႀကီးနဲ႔မွမဟုတ္ဘဲ၊ မွ်င္လြန္းတဲ့ ႀကိဳးတစ္ပင္ျဖစ္ေစဦးေတာ့ တစ္ေန႔မဟုတ္တစ္ေန႔ေတာ့ေသၾကရတာမ်ိဳးျဖစ္ပါတယ္။ လူဆိုတာေသမ်ိဳးႀကီးပဲလို႔ဆိုတာမ်ိဳးမို႔ေသရ တာမဟုတ္ဘဲ ေသခ်ိန္မတန္ဘဲေသရတာျဖစ္ပါတယ္။
အဲဒီလို အမ်ိဳးစံုေသဆံုးေနၾကတဲ့ လူသားေတြဟာ ဘယ္ေလာက္ေတာင္ မ်ားေနၿပီလဲဆိုရင္ ကယ္တင္ေပးႏိုင္ခဲ့လို႔ အသက္ရွင္ခဲ့ၾကတဲ့ လူဦးေရေတာင္ ၅၀၀ေက်ာ္ရွိေနၿပီလို႔ သိရပါတယ္။ အဲဒီလူဦးေရ ၅၀၀ေက်ာ္ကို ကယ္တင္ေပးႏိုင္ခဲ့တဲ့သူကို လမ္းညႊန္ေျပာျပရမယ္ဆိုရင္ေတာ့ သူဟာ ဂ်ပန္ႏိုင္ငံက ရဲအရာရွိတစ္ဦးျဖစ္ပါတယ္။ သူ႔ရဲ႕ သက္တမ္း ရ၀ႏွစ္ တစ္ေလွ်ာက္မွာေတာ့ ကိုယ့္ကိုယ္ကိုယ္ သတ္ေသဖို႔ႀကံစည္တဲ့သူေတြ ၅၀၀ေက်ာ္ကို ကယ္တင္ေပးႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။
မိမိဘာသာအဆံုးစီရင္မႈေတြအမ်ားဆံုးႏိုင္ငံျဖစ္တဲ့ ဂ်ပန္ႏိုင္ငံမွာ ဒီလို သူရဲေကာင္း တစ္ေယာက္ေပၚထြက္ လာတာဟာ အထံုပါလို႔ အေၾကြးဆပ္ဖို႔ရွိသူမ်ားအတြက္ ဆက္လက္ေနထိုင္ခြင့္ ပါမစ္ဆက္ရေနမွာကို ေက်းဇူးတင္ၾကပါ့မလားလို႔ စဥ္းစားမိပါတယ္။ ဘာျဖစ္လို႔လဲဆိုရင္ေတာ့ ဒီလိုသတ္ေသၾကတဲ့ သူေတြအမ်ားစုဟာ လူမႈေရးျပသနာ၊ စီးပြားေရးျပသနာ၊ ကိုယ့္စိတ္ကိုယ္ ကိုယ္တိုင္မနိုင္လို႕ ျဖစ္တဲ့ျပသနာေတြေၾကာင့္ျဖစ္ၾကတာလို႔ သိထားၾကတာမို႔ ကယ္တင္ေပးတဲ့သူက အိမ္ေပး ေက်ြးေမြးထားရဦးမွာလားလို႔ ေတြးမိလို႔ပါ။
ေသဆံုးၾကတဲ့သူအမ်ားဆံုးဟာလည္း အရြယ္ေကာင္းေလးေတြမွာပဲ ေသဆံုးသြားၾကတာမ်ားေနတာမို႔လည္း မိဘ အသိုင္းအ၀ိုင္းအေနနဲ႔လည္း ႏွေျမာၾကမွာပဲျဖစ္ပါတယ္။ အဲဒီလိုမ်ိုး ဘ၀ကို အလြယ္တကူနဲ႔ အရံႈးေပးသြားၾကသူမ်ားကို ကယ္တင္ေပးခဲ့တဲ့ သူတစ္ေယာက္ရွိေနတယ္လို႔သိရၿပီး၊ သူေနထိုင္တဲ့ေနရာနဲ႔ အလုပ္အကိုင္ကေတာ့ ဖူကူအိနယ္ေျမက ရဲအရာရွိေဟာင္းတစ္ဦးျဖစ္တဲ့ယူကီရိုပဲျဖစ္ပါတယ္။သူဟာ ၀န္ထမ္းဘ၀ကို ၄၂ႏွစ္ၾကာတာ၀န္ထမ္းေဆာင္ခဲ့သူတစ္ေယာက္ျဖစ္တယ္လို႔ ဆိုပါတယ္။
ပင္စင္ယူကာနီး တာ၀န္က်တဲ့ Tonjinboေဒသမွာဆိုရင္ မၾကခဏဆိုသလို အေလာင္းမ်ားလိုက္လံဆယ္ယူေနခဲ့ရပါတယ္လို႔သိရပါတယ္။ လွည့္ကင္းလွည့္တဲ့ ေတာင္ကုန္းေတြတစ္ေလွ်ာက္ကိုလည္း အၿမဲလိုေစာင့္ၾကည့္ေနရတယ္လို႔ ဆိုပါတယ္။ ဒီေနရာဟာ သတ္ေသမႈေတြအမ်ားဆံုးေနရာတစ္ခုျဖစ္တာေၾကာင့္ပါ၊ ခရီးသြားေတြလည္းမ်ားၿပီး၊ နာမည္ႀကီးေနရာတစ္ခုလည္းျဖစ္တာေၾကာင့္ ပိုၿပီးသတိထားေစာင့္ၾကည့္ခဲ့ရေၾကာင္းသိရပါတယ္။ ေန႔တိုင္း ေစတနာ့၀န္ထမ္း၃ဦးနဲ႔ အတူ လွည့္ပတ္ၾကည့္ရေၾကာင္းသိရပါတယ္။ သူ႔အေနနဲ႔လည္း အဲဒီလိုေသေၾကာင္းႀကံစည္ၿပီးေသၾကတဲ့သူေတြကိုမ်ား ကယ္တင္ေပးဖို႔အတြက္ မိုးနတ္မင္းက လႊတ္ေပးထားသလားလို႔ေတာင္ထင္မိပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ သူဟာ ဒီလိုမ်ိဳးေတြနဲ႔ ေသဖို႔ႀကံစည္ေနၾကသူ၊ျပင္ဆင္ေနၾကသူေတြကို ေစာင့္ၾကည့္ေနရလို႔ပဲျဖစ္ပါတယ္။
သူ႔အေနနဲ႔ အေ၀းကေနလွမ္းျမင္ႏိုင္ေအာင္လို႔လည္း အေ၀းၾကည့္မွန္ေျပာင္းတစ္လက္နဲ႔ အၿမဲတမ္းေစာင့္ၾကည့္ကာ ေတြ႕ရွိတာနဲ႔ ေျဖာင္းျဖေျပာဆိုကာ တစ္မ်ိဳး၊ ေခ်ာ့ေမာ့ ေျပာဆိုတာေတြပါလုပ္ေနရၿပီး၊ေအာင္ျမင္ခဲ့တာေတြလည္းရွိေၾကာင္းနဲ႔ ေစာင့္ေရွာက္ေပးရတာမ်ိဳးလည္းရွိ တယ္လို႔သိရပါတယ္။ သူတစ္ေယာက္တည္း လွည့္လည္ ေနရာမွ သူ႔ကို ကူညီလုပ္ေပးမယ့္ အဖြဲ႔ေလးတစ္ဖြဲ႕ဟာ မၾကာမီမွာပဲေပၚလာခဲ့ပါတယ္။ အဲဒီအဖြဲ႔ေလးဟာNPOလို႔ အမည္ေပးထားတဲ့ အဖြဲ႔ေလးျဖစ္ပါတယ္။ ဒီအဖြဲ႔ေလးနဲ႔ ပူးေပါင္းၿပီး ကယ္ဆယ္လာခဲ့ရာမွာ ၁၁ႏွစ္အတြင္း ၅၀၀ ေက်ာ္ရွိခဲ့ၿပီလို႔သိရပါတယ္။
သူရဲေကာင္းႀကီးယူကီရိုအေနနဲ႔ အခုခ်ိန္မွာေတာ့ ပရဟိတအလုပ္ ျဖစ္တဲ့ လူေတြရဲ႕ အသက္ကိုကယ္တဲ့အလုပ္ေတြကို လုပ္ခ်င္ေနေပမယ့္လည္း၊ အနားယူခဲ့လိုက္ပါၿပီလို႔ သိထားပါတယ္။ သူအနားမယူခင္ကယ္ေပးခဲ့ရတဲ့သူကေတာ့ အေၾကြးေတြနဲ႔ နစ္ေနတဲ့ စားေသာက္ဆိုင္ပိုင္ရွင္ စံုတြဲျဖစ္ပါတယ္။ ပင္လယ္ထဲခုန္ခ်ၿပီးသတ္ေသဖို႔ ျပင္ဆင္ထားခဲ့ၾကတာကို ကယ္တင္ရွင္ဘိုးဘိုးႀကီးကေတြ႔သြားခဲ့တာေၾကာင့္ လင္မယားႏွစ္ေယာက္ရဲ႕အသက္ကို ကယ္တင္ႏိုင္ခဲ့တယ္လို႔သိရပါတယ္။
ကယ္ဆယ္မယ့္သူရွိလို႔ ဘယ္လိုပဲအသက္ရွင္ခဲ့ရွင္ခဲ့၊ ဒါနဲ႔ေသဖို႔ပါလာတဲ့သူကေတာ့ ေသဆံုးၾကမွာပဲဆိုတာ ကိုေတာ့ လက္ေတြ႔သိလိုက္ရပါတယ္။ သူအနားမယူခင္ကယ္ေပးခဲ့တဲ့ လင္မယားဟာ ေနာက္၅ ရက္အၾကာမွာပဲ သူတို႔ကိုယ္သူတို႔ ဆြဲႀကိဳးခ်ေသဆံုးခဲ့တယ္လို႕ စိတ္မေကာင္းစြာပဲသိလိုက္ရပါတယ္။ ယူကီရိုဟာ တုိက္ေတြ၊ ေတာင္ကုန္းေတြ ေပၚကေနတစ္နည္းနည္းနဲ႔ သတ္ေသဖို႔ႀကိဳးစားသူ အတာ္မ်ားမ်ားကိုလည္း ကယ္ဆယ္ေပးႏိုင္ခဲ့တဲ့ ဂ်ပန္သူရဲေကာင္း ကယ္တင္ရွင္ႀကီးျဖစ္ပါတယ္လို႔ ေျပာခ်င္ပါတယ္။ အခုဆိုရင္ သူ႔အသက္ဟာ ၇၀ေက်ာ္ရွိေနၿပီလို႔ သိရပါတယ္။