သုသာန်မြေနေရာဆိုတာ သံဝေဂရစရာ နေရာတစ်ခုအဖြစ်နဲ့ တရားရှာဖို့၊ တရားအားထုတ်ကျင့်ကြံနိုင်ကြစေဖို့လို့ပဲ မြင်ကြတဲ့နေရာဖြစ်ပါတယ်။ ဒါပေမယ့် တချို့ နေရာ ဒေသတွေမှာတော့ သွားလေသူတွေကတော့ ဘာမှ မသိနိုင်ကြပါဘူး။ ကျန်ရစ်ခဲ့သူတွေရဲ့ အပြိုင်အဆိုင် သဘောမျိုးတွေနဲ့ပဲလုပ်ပေးထားကြတာလား၊ သွားလေသူတို့ အမှာစကားများကြောင့်ပဲ လုပ်ပေးထားကြတာလားထင်ရလောက်အောင် အမျိုးမျိုးလုပ်ထားကြတာကို တွေ့ရမှာဖြစ်ပါတယ်။

တရားရစေဖို့နေရာတစ်ခုအဖြစ်ထက် သေဆုံးသူတို့ ဝိဉာဉ် အချင်းချင်းကို ရန်ဖြစ်စေပြီး၊ နာနာဘာ၀ အဆင့်ရောက်နေတာကိုတောင် အစွဲအလန်းတွေမပျောက်ဘဲ သူ့အုတ်ဂူကလှတယ်၊ ငါ့အုတ်ဂူကမလှဘူးဆိုကာ တိုက်ပွဲတွေတောင်ဖြစ်နိုင်တဲ့ အခြေအနေမျိုးကို ပြုလုပ်ထားကြတယ်လို့ တွေးမိပါတယ်။
လူတောင်သေပြီးနေတာ အုတ်ဂူကိုလှအောင်လုပ်ဖို့ လိုသေးတယ်လို့များထင်နေကြတဲ့ ဒီလိုလူသားတွေလည်း ရှိပါသေးလားလို့ထင်မိပါတယ်။ မိုးလုံလေလုံနဲ့ ဘေးပတ်ဝန်းကျင်ကိုလည်း ဘာအနှောင့်အယှက်မှမပေးတဲ့ အနေအထားမျိုးဆိုရင်ရလောက်ပြီမို့ အလှအပတွေ ချယ်မှုန်းစရာမလိုတော့ဘူးလို့ ထင်မိပါတယ်။

ဘာတွေများအလှဆင်ထားကြလို့ ဒီလောက်တောင် ပြောနေရတာလဲတွေးနေကြမယ်ထင်ပါတယ်။ တရားသဘောအရကြည့်မယ်ဆိုရင်တော့ သေသူရဲ့ ဆန္ဒကြောင့်သာမဟုတ်ရင်တော့ မကျွတ်မလွတ်သေးတဲ့ အချိန်တစ်ခုဆိုရင် ပိုပြီးစွဲလန်းအောင်များ လုပ်ထားသလားလို့တောင် ထင်ရတဲ့ ပုံစံများလုပ်ထားကြတာ ကြောင့်ပြောခြင်းဖြစ်ပါတယ်။
အဲဒီသင်္ချိုင်းဟာ ပြင်သစ်နိုင်ငံ ပါရီမြို့က Pere Lachaise လေးပဲဖြစ်ပါတယ်။ သချိၤုင်းကိုများဘာမှမထူးခြားဘဲနဲ့ ပြောနေရသေးလားထင်နေကြမယ်ဆိုတာ သိနေပါတယ်။ စာဖတ်နေရင်း စိတ်ထဲမှာလည်း ဘယ်လိုတွေလုပ်ထားတာလဲသိချင်နေကြပြီထင်ပါတယ်။ ရယ်စရာတစ်ခုအဖြစ်တင်ပြရရင် နေချင်စရာကောင်းလိုက်တဲ့ နေရာလေးပါလားလို့တောင် ပြောမိမယ့်နေရာဖြစ်နေလို့ပါ။

အဲဒီဥချိၤုင်းဟာ ပါရီရဲ့ အကြီးဆုံးနဲ့ အလှအပဆုံး ထူးထူးဆန်းဆန်းတွေနဲ့ ထုလုပ်ပေးထားတာတွေကြောင့် နာမည်ကြီးတဲ့ သချိုင်းဖြစ်ပါတယ်။ အကျယ်အဝန်းအားဖြင့် ဧက ၁၁၀ကျော်ရှိကာ ပြင်သစ်နိုင်ငံရဲ့ ၁၄ဆက်မြောက် လူဝီဘုရင်ရဲ့ ဘုန်းတော်ကြီး Pere de la chaiseရဲ့ နာမည်ကိုပေးထားတဲ့ သချိၤုင်းဖြစ်ပါတယ်။လူမျိုးဘာသာမရွေး မြှုပ်နှံနိုင်တဲ့နေရာလို့ဆိုထားပေမယ့် နောက်ပိုင်းမှာတော့ ပြင်သစ်နိုင်ငံထဲမှာနေထိုင်ပြီးသေဆုံးတဲ့သူမှသာ မြှုပ်နှံခွင့်ရှိတော့တယ်လို့သိရပါတယ်။ ဥယျာဉ်သချိုင်းလို့ နာမည်ကြီးစေရတာကလည်း သချိုင်းအတွင်း ပန်းမန်များစိုက်ပျိုးထားတာကြောင့်ဖြစ်ပါတယ်။ သချိုင်းဆိုတာဟာ ဘာမှ လာကြည့်စရာမကောင်းတဲ့ နေရာဆိုပေမယ့် အဲဒီသချိုင်းကတော့ မြှုပ်နှံထားတဲ့ အုတ်ဂူကို ခမ်းနားစွာပြုလုပ်ပေးထားကြတာကြောင့် နှစ်စဉ်လာရောက်ကြည့်ရှုကြတဲ့သူတွေဟာ အများအပြားရှိကြောင်းနဲ့ အဲဒီအထဲမှာမှ ကဗျာနဲ့ပြဇာတ်ဆရာ အော်စကာဝိုင်းရဲ့ အုတ်ဂူဟာဆိုရင် နာမည်ပိုပြီးကြီးတယ်လို့ သိရပါတယ်။ ဒီသချိုင်းဟာ လှပအောင်ပြုလုပ်ပေးထားတဲ့ ဒီဇိုင်းတွေကြောင့်ပဲ ကမ္ဘာ့နံပါတ် ၁ အလှအပဆုံးသချိုင်းလို့ သိရပါတယ်။

(Zawgyi Version)

ေျခာက္ျခားစရာမေကာင္းဘဲ ႐ႈ႕ခ်င့္စဖြယ္ သုသာန္ေျမ
——————————-
သုသာန္ေျမေနရာဆိုတာ သံေ၀ဂရစရာ ေနရာတစ္ခုအျဖစ္နဲ႔ တရားရွာဖို႔၊ တရားအားထုတ္က်င့္ႀကံႏိုင္ၾကေစဖို႔လို႔ပဲ ျမင္ၾကတဲ့ေနရာျဖစ္ပါတယ္။ ဒါေပမယ့္ တခ်ိဳ႕ ေနရာ ေဒသေတြမွာေတာ့ သြားေလသူေတြကေတာ့ ဘာမွ မသိႏိုင္ၾကပါဘူး။ က်န္ရစ္ခဲ့သူေတြရဲ႕ အျပိဳင္အဆိုင္ သေဘာမ်ိဳးေတြနဲ႔ပဲလုပ္ေပးထားၾကတာလား၊ သြားေလသူတို႔ အမွာစကားမ်ားေၾကာင့္ပဲ လုပ္ေပးထားၾကတာလားထင္ရေလာက္ေအာင္ အမ်ိဳးမ်ိဳးလုပ္ထားၾကတာကို ေတြ႕ရမွာျဖစ္ပါတယ္။
တရားရေစဖို႔ေနရာတစ္ခုအျဖစ္ထက္ ေသဆံုးသူတို႔ ၀ိဥာဥ္ အခ်င္းခ်င္းကို ရန္ျဖစ္ေစၿပီး၊ နာနာဘာ၀ အဆင့္ေရာက္ေနတာကိုေတာင္ အစြဲအလန္းေတြမေပ်ာက္ဘဲ သူ႔အုတ္ဂူကလွတယ္၊ ငါ့အုတ္ဂူကမလွဘူးဆိုကာ တိုက္ပြဲေတြေတာင္ျဖစ္ႏိုင္တဲ့ အေျခအေနမ်ိဳးကို ျပဳလုပ္ထားၾကတယ္လို႔ ေတြးမိပါတယ္။
လူေတာင္ေသၿပီးေနတာ အုတ္ဂူကိုလွေအာင္လုပ္ဖို႔ လိုေသးတယ္လို႔မ်ားထင္ေနၾကတဲ့ ဒီလိုလူသားေတြလည္း ရွိပါေသးလားလို႔ထင္မိပါတယ္။ မိုးလံုေလလံုနဲ႔ ေဘးပတ္၀န္းက်င္ကိုလည္း ဘာအေႏွာင့္အယွက္မွမေပးတဲ့ အေနအထားမ်ိဳးဆိုရင္ရေလာက္ၿပီမို႔ အလွအပေတြ ခ်ယ္မႈန္းစရာမလိုေတာ့ဘူးလို႔ ထင္မိပါတယ္။
ဘာေတြမ်ားအလွဆင္ထားၾကလို႔ ဒီေလာက္ေတာင္ ေျပာေနရတာလဲေတြးေနၾကမယ္ထင္ပါတယ္။ တရားသေဘာအရၾကည့္မယ္ဆုိရင္ေတာ့ ေသသူရဲ႕ ဆႏၵေၾကာင့္သာမဟုတ္ရင္ေတာ့ မက်ြတ္မလြတ္ေသးတဲ့ အခ်ိန္တစ္ခုဆိုရင္ ပိုၿပီးစြဲလန္းေအာင္မ်ား လုပ္ထားသလားလို႔ေတာင္ ထင္ရတဲ့ ပံုစံမ်ားလုပ္ထားၾကတာ ေၾကာင့္ေျပာျခင္းျဖစ္ပါတယ္။
အဲဒီသခ်ၤိဳင္းဟာ ျပင္သစ္ႏိုင္ငံ ပါရီၿမိဳ႕က Pere Lachaise ေလးပဲျဖစ္ပါတယ္။ သခ်ိၤဳင္းကိုမ်ားဘာမွမထူးျခားဘဲနဲ႔ ေျပာေနရေသးလားထင္ေနၾကမယ္ဆုိတာ သိေနပါတယ္။ စာဖတ္ေနရင္း စိတ္ထဲမွာလည္း ဘယ္လိုေတြလုပ္ထားတာလဲသိခ်င္ေနၾကၿပီထင္ပါတယ္။ ရယ္စရာတစ္ခုအျဖစ္တင္ျပရရင္ ေနခ်င္စရာေကာင္းလိုက္တဲ့ ေနရာေလးပါလားလို႔ေတာင္ ေျပာမိမယ့္ေနရာျဖစ္ေနလို႔ပါ။
အဲဒီဥခ်ိၤဳင္းဟာ ပါရီရဲ႕ အႀကီးဆံုးနဲ႔ အလွအပဆံုး ထူးထူးဆန္းဆန္းေတြနဲ႔ ထုလုပ္ေပးထားတာေတြေၾကာင့္ နာမည္ႀကီးတဲ့ သခ်ိဳင္းျဖစ္ပါတယ္။ အက်ယ္အ၀န္းအားျဖင့္ ဧက ၁၁၀ေက်ာ္ရွိကာ ျပင္သစ္ႏိုင္ငံရဲ႕ ၁၄ဆက္ေျမာက္ လူ၀ီဘုရင္ရဲ႕ ဘုန္းေတာ္ႀကီး Pere de la chaiseရဲ႕ နာမည္ကိုေပးထားတဲ့ သခ်ိၤဳင္းျဖစ္ပါတယ္။လူမ်ိဳးဘာသာမေရြး ျမွဳပ္ႏွံႏိုင္တဲ့ေနရာလို႔ဆိုထားေပမယ့္ ေနာက္ပိုင္းမွာေတာ့ ျပင္သစ္ႏိုင္ငံထဲမွာေနထိုင္ၿပီးေသဆံုးတဲ့သူမွသာ ျမွဳပ္ႏွံခြင့္ရွိေတာ့တယ္လို႔သိရပါတယ္။ ဥယ်ာဥ္သခ်ိဳင္းလို႔ နာမည္ႀကီးေစရတာကလည္း သခ်ိဳင္းအတြင္း ပန္းမန္မ်ားစိုက္ပ်ိဳးထားတာေၾကာင့္ျဖစ္ပါတယ္။ သခ်ိဳင္းဆိုတာဟာ ဘာမွ လာၾကည့္စရာမေကာင္းတဲ့ ေနရာဆိုေပမယ့္ အဲဒီသခိ်ဳင္းကေတာ့ ျမွဳပ္ႏွံထားတဲ့ အုတ္ဂူကို ခမ္းနားစြာျပဳလုပ္ေပးထားၾကတာေၾကာင့္ ႏွစ္စဥ္လာေရာက္ၾကည့္ရႈၾကတဲ့သူေတြဟာ အမ်ားအျပားရွိေၾကာင္းနဲ႔ အဲဒီအထဲမွာမွ ကဗ်ာနဲ႔ျပဇာတ္ဆရာ ေအာ္စကာ၀ိုင္းရဲ႕ အုတ္ဂူဟာဆိုရင္ နာမည္ပိုၿပီးႀကီးတယ္လို႔ သိရပါတယ္။ ဒီသခ်ိဳင္းဟာ လွပေအာင္ျပဳလုပ္ေပးထားတဲ့ ဒီဇိုင္းေတြေၾကာင့္ပဲ ကမၻာ့နံပါတ္ ၁ အလွအပဆံုးသခ်ိဳင္းလို႔ သိရပါတယ္။