သီတင်းကျွတ်နဲ့ပတ်သက်ပြီး သတိရမိတဲ့အချိန်လေးများ

0
186
Photo internet

ဒီအချိန်တွေရောက်လာပြီဆိုရင် သတိအရဆုံးကတော့ လူ့လောကကြီးထဲမှာမရှိတော့တဲ့အဖေ၊အမေနဲ့ အဒေါ်အပြင် တစ်မြေစီခြားနေတဲ့ အစ်ကိုတွေကိုလည်း အရမ်းသတိရမိပါတယ်။ အခုလို ဝါလကင်းလွတ်သီတင်းကျွတ်တဲ့ အချိန်အခါရောက်ပြီဆိုရင်ဖြင့်ကိုယ့်ထက် တစ်မိနစ်၊တစ်စက္ကန့်၊တစ်နာရီတစ်ရက်ကြီးသောသူများအား ဂါရဝတရားလက်ကိုင်ထားကာ တစ်အိမ်မှတစ်အိမ် လိုက်ကန်တော့ရတဲ့ ဘဝလေးကို ပြန်လည်တမ်းတမိပါတယ်။

Photo internet

သီတင်းကျွတ်လဆိုတာမှာ မြတ်စွာဘုရားဆင်းသက်လာရာလမ်းကို ဆီမီးများဖြင့် ထွန်းညှိပူဇော်ကြတာဖြစ်ပါတယ်။ ကလေးဘဝအစတွေမှာတော့ သီတင်းကျွတ်ပြီဆိုတာနဲ့ ဗျောက်အိုးဖောက်မယ်။ လိုက်ကန်တော့မယ်။မုန့်ဖိုးပြန်ပေးရင် တအားပျော်ခဲ့ရတဲ့ အချိန်တွေပဲဖြစ်ပါတယ်။ မီးပုံးလေးတွေလှနေအောင် ချိတ်ဆွဲကာ မီးပူဇော်ရတာကိုလည်း တအားကြိုက်နှစ်သက်ခဲ့ပြီးတော့အဲဒီ အချိန်တွေကို ပိုလို့ပင်လွမ်းမိပါတယ်။

photo internet

လှေကားထစ်တွေ၊ ရေတွင်းပေါ်တွေမှာလည်း ဖယောင်းတိုင်မီးလေးတွေထွန်းညှိပူဇော်ရတာဟာလည်း အပျော်ရဆုံးအချိန်တစ်ခုဖြစ်ခဲ့ပါတယ်။ ဘုရားတွေမှာလည်း ဆီမီးတစ်ထောင်ပူဇော်တာတို့၊ ဆီမီးကိုးထောင်ပူဇော်ပွဲတို့ဆိုတဲ့ပွဲတွေကိုအတူတူနွှဲခဲ့ရတဲ့သူတွေကိုလည်း လွမ်းမိပါတယ်။

Photo internet

သီတင်းကျွတ်အခါသမယရောက်ချိန်များမှာတော့ ဥပုတ်သတင်းစောင့်နေကြတဲ့သူတွေလည်း ထွက်လာကြပြီမို့ အလှုအတန်းပြုဖို့အရေးတွေ၊ လူမှုရေးအလုပ်ရှုပ်ရမယ့် အရာတွေပြုလုပ် လာရတော့အဲဒီအချိန်အခါလေးတွေ ကိုလည်း သတိရလွမ်းမိပါတယ်။ တချို့တချို့သော လူငယ်လူရွယ်လေးတွေကတော့ မိမိတို့ရဲ့ ချစ်သူခင်သူတွေနဲ့ လက်စုံတွဲကာ နွှဲပျော်ရတော့မယ့်အချိန်တွေဖြစ်လာပြီဆိုတော့ အပျော်တစ်ပိုင်းနဲ့ ဖြစ်နေကြမှာကို မျက်စိထဲမြင်ယောင်နေမိပါတယ်။ ဒီလိုအချိန်အခါမျိုးကိုရောက်လာပြီဆိုရင်ဖြင့် ပါးစပ်ထဲကို အလိုလိုရောက်လာတဲ့ သီချင်းလေးကိုတော့ အားလုံးလည်းသတိရနေလိမ့်မယ်လို့ထင်ပါတယ်။ သီချင်းလေးကဟောင်းနေပေမယ့်လည်း ဆိုလို့ကောင်းနေဆဲမို့ ညည်းတွားရင်းနဲ့ပဲ သတိရခြင်းတွေကို အဆုံးသတ်ချင်ပါတယ်။ “သီတင်းကျွတ်ညလေးတစ်ည ပြန်လည်ကာသတိရမိပါတယ်။” “ချစ်တဲ့ကောင်လေးတစ်ယောက်..ယောင်လည်လည်မီးထွန်းပွဲတော်မယ်”……

photo internet

(Zawgyi Version)

သီတင္းကၽြတ္နဲ႔ပတ္သက္ၿပီး သတိရမိတဲ့အခ်ိန္ေလးမ်ား

ဒီအခ်ိန္ေတြေရာက္လာၿပီဆိုရင္ သတိအရဆံုးကေတာ့ လူ႔ေလာကႀကီးထဲမွာမရွိေတာ့တဲ့အေဖ၊အေမနဲ႔ အေဒၚအျပင္ တစ္ေျမစီျခားေနတဲ့ အစ္ကိုေတြကိုလည္း အရမ္းသတိရမိပါတယ္။ အခုလို ၀ါလကင္းလြတ္သီတင္းက်ြတ္တဲ့ အခ်ိန္အခါေရာက္ၿပီဆုိရင္ျဖင့္ကိုယ့္ထက္ တစ္မိနစ္၊တစ္စကၠန္႔၊တစ္နာရီတစ္ရက္ႀကီးေသာသူမ်ားအား ဂါရ၀တရားလက္ကိုင္ထားကာ တစ္အိမ္မွတစ္အိမ္ လိုက္ကန္ေတာ့ရတဲ့ ဘ၀ေလးကို ျပန္လည္တမ္းတမိပါတယ္။

သီတင္းက်ြတ္လဆိုတာမွာ ျမတ္စြာဘုရားဆင္းသက္လာရာလမ္းကို ဆီမီးမ်ားျဖင့္ ထြန္းညွိပူေဇာ္ၾကတာျဖစ္ပါတယ္။ ကေလးဘ၀အစေတြမွာေတာ့ သီတင္းကၽြတ္ၿပီဆိုတာနဲ႔ ေဗ်ာက္အိုးေဖာက္မယ္။ လိုက္ကန္ေတာ့မယ္။မုန္႔ဖိုးျပန္ေပးရင္ တအားေပ်ာ္ခဲ့ရတဲ့ အခ်ိန္ေတြပဲျဖစ္ပါတယ္။ မီးပံုးေလးေတြလွေနေအာင္ ခ်ိတ္ဆြဲကာ မီးပူေဇာ္ရတာကိုလည္း တအားႀကိဳက္ႏွစ္သက္ခဲ့ၿပီးေတာ့အဲဒီ အခ်ိန္ေတြကို ပိုလို႔ပင္လြမ္းမိပါတယ္။

ေလွကားထစ္ေတြ၊ ေရတြင္းေပၚေတြမွာလည္း ဖေယာင္းတိုင္မီးေလးေတြထြန္းညွိပူေဇာ္ရတာဟာလည္း အေပ်ာ္ရဆံုးအခ်ိန္တစ္ခုျဖစ္ခဲ့ပါတယ္။ ဘုရားေတြမွာလည္း ဆီမီးတစ္ေထာင္ပူေဇာ္တာတို႔၊ ဆီမီးကိုးေထာင္ပူေဇာ္ပြဲတို႔ဆိုတဲ့ပြဲေတြကိုအတူတူႏႊဲခဲ့ရတဲ့သူေတြကိုလည္း လြမ္းမိပါတယ္။

သီတင္းကၽြတ္အခါသမယေရာက္ခ်ိန္မ်ားမွာေတာ့ ဥပုတ္သတင္းေစာင့္ေနၾကတဲ့သူေတြလည္း ထြက္လာၾကၿပီမို႔ အလႈအတန္းျပဳဖို႔အေရးေတြ၊ လူမႈေရးအလုပ္ရႈပ္ရမယ့္ အရာေတြျပဳလုပ္ လာရေတာ့အဲဒီအခ်ိန္အခါေလးေတြကိုလည္း သတိရလြမ္းမိပါတယ္။ တခ်ိဳ႕တခ်ိဳ႕ေသာ လူငယ္လူရြယ္ေလးေတြကေတာ့ မိမိတို႔ရဲ႕ ခ်စ္သူခင္သူေတြနဲ႔ လက္စံုတြဲကာ ႏႊဲေပ်ာ္ရေတာ့မယ့္အခ်ိန္ေတြျဖစ္လာၿပီဆိုေတာ့ အေပ်ာ္တစ္ပိုင္းနဲ႔ ျဖစ္ေနၾကမွာကို မ်က္စိထဲျမင္ေယာင္ေနမိပါတယ္။ ဒီလိုအခ်ိန္အခါမ်ိဳးကိုေရာက္လာၿပီဆိုရင္ျဖင့္ ပါးစပ္ထဲကို အလိုလိုေရာက္လာတဲ့ သီခ်င္းေလးကိုေတာ့ အားလံုးလည္းသတိရေနလိမ့္မယ္လို႔ထင္ပါတယ္။ သီခ်င္းေလးကေဟာင္းေနေပမယ့္လည္း ဆိုလို႔ေကာင္းေနဆဲမို႔ ညည္းတြားရင္းနဲ႔ပဲ သတိရျခင္းေတြကို အဆံုးသတ္ခ်င္ပါတယ္။ “သီတင္းက်ြတ္ညေလးတစ္ည ျပန္လည္ကာသတိရမိပါတယ္။” “ခ်စ္တဲ့ေကာင္ေလးတစ္ေယာက္..ေယာင္လည္လည္မီးထြန္းပြဲေတာ္မယ္”……