
မန်ယူအသင်းဟာ အင်္ဂလန်နိုင်ငံမှာအကောင်းဆုံးလူငယ်ကွင်းလယ်လူအဖြစ်
တင်စားခံထားရတဲ့ တိုဘီကော်လ်ယာ ကိုခေါ် ယူလိုက်ပြီလို့သိရပါတယ်။
ဘရိုက်တန်အသင်းကနေထွက်ပေါ်လာတဲ့ ကော်လ်ယာ ဟာ
အင်္ဂလန်လူငယ်တွေထဲမှာအကောင်း ဆုံးသော ကွင်းလယ်ခံစစ်သမားဖြစ်တယ်လို့
သူ့ကိုနည်းပြခဲ့တဲ့သူတွေကဆိုကြပါတယ်။ အသက် ၁၈ နှစ်သာရှိသေးတဲ့
ကော်လ်ယာ ဟာပြီးခဲ့တဲ့လက မန်ယူရဲ့ကော့ဘ်ဟမ်လေ့ကျင့်ရေးကွင်းမှာ
လာရောက်အစမ်းသပ်ခံခဲ့ပြီးနောက် သူ့ခြေစွမ်း ကိုသဘောကျလို့
မန်ယူက ၃ နှစ်ခွဲစာချုပ်နဲ့ခေါ်ယူလိုက်တာဖြစ်ပါတယ်။
ကော်လ်ယာ ဟာအင်္ဂလန်လူငယ်အသင်းတွေမှာ လည်း
အဓိကဦးဆောင်သူဖြစ်ပြီး ယူ ၁၆ နဲ့ ယူ ၁၇ အသင်းတွေမှာ
အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့သူဖြစ်ပါတယ်။
ဘရိုက်တန်အသင်းရဲ့လူငယ်နည်းပြဟောင်းဖြစ်တဲ့ မာခ့်ဘာ့ဒ်က
” ကော်လ်ယာဟာ ၁၅ နှစ်မပြည့်ခင်ကတည်းက ယူ ၁၈ နဲ့ အတူ
ပူးတွဲလေ့ကျင့်ခဲ့သူဖြစ်ပါတယ်။ ဒါကြောင့်သူဟာထိပ်တန်းကစားသမားဖြစ်လာမယ်ဆိုတာကို
ခင်ဗျားတို့တွေ့မြင်ကြ မှာပေါ့။ ပွဲကစားတိုင်းအဆင့်သတ်မှတ်ချက်ထုတ်ပြန်ရင်
အနည်းဆုံးတော့ ၈ အထိရအောင်သူကစားနိုင်တာပါ။
ပြေးနှုန်း မှာလည်း မှတ်တမ်းကောင်းတွေရှိပြီး တစ်ပွဲကို
၁၃ ကီလိုမီတာလောက်အထိပြေးကာ အရာရာကိုချိုးဖျက်ပစ်နိုင်တဲ့သူပါ။
သူ့အစွမ်းအစကိုမှန်းဆလို့မရပါဘူး။ ဒီလိုပုံစံမျိုးကစားနိုင်တဲ့သူမျိုးကို
ကိုယ့်အသင်းမှာ ၁၁ ယောက်အထိအလိုရှိမယ့်သူတွေ ချည်းပါဘဲ” လို့ပြောခဲ့ပါတယ်။
ကော်လ်ယာ ဟာဘရိုက်တန်နဲ့ ဟက်ဒါဖီးလ် တို့ခြေစမ်းခဲ့တဲ့ပွဲမှာပါဝင်ကာ
အစွမ်းပြခဲ့ပြီးနောက်သူ့ကိုမန်ယူကခေါ်ယူစမ်း သပ်လိုက်တာဖြစ်ပြီး
အပြီးသတ်ခေါ်ယူဖို့ကို ဘောလုံးဒါရိုက်တာ ဂျွန်မားတော့ဂ် နဲ့ မန်ယူရဲ့အတိုင်ပင်ခံဖြစ်လာမယ့်
လက်ရှိနည်းပြ ရန်းနစ်ခ် တို့ကဆုံးဖြတ်လိုက်တာလို့လည်းသိရပါတယ်။
သူ့ကိုမန်ယူကခေါ်ယူခဲ့တယ်ဆိုတာကို Mirror သ တင်းစာကြီးကသာမက
အီတလီဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနို ကလည်းအတည်ပြုခဲ့ပါတယ်။
မန်ယူဟာမကြာသေးခင် နှစ်တွေကသူတို့ရဲ့ အကယ်ဒမီအတွက်
လူငယ်တွေကိုခေါ်ယူအားဖြည့်ခဲ့ရာမှာ ချာလီမက္ကနီးလ်၊
ဂျိုးဟူဂေးလ်နဲ့ အီသန်အန်း နစ် တို့လည်းပါဝင်ခဲ့ပါတယ်။
zawgyi
အဂၤလန္လူငယ္အသင္းေခါင္းေဆာင္ကို စာခ်ဳပ္လိုက္တဲ့ မန္ယူ
မန္ယူအသင္းဟာ အဂၤလန္ႏိုင္ငံမွာအေကာင္းဆုံးလူငယ္ကြင္းလယ္လူအျဖစ္
တင္စားခံထားရတဲ့ တိုဘီေကာ္လ္ယာ ကိုေခၚ ယူလိုက္ၿပီလို႔သိရပါတယ္။
ဘ႐ိုက္တန္အသင္းကေနထြက္ေပၚလာတဲ့ ေကာ္လ္ယာ ဟာ
အဂၤလန္လူငယ္ေတြထဲမွာအေကာင္း ဆုံးေသာ ကြင္းလယ္ခံစစ္သမားျဖစ္တယ္လို႔
သူ႔ကိုနည္းျပခဲ့တဲ့သူေတြကဆိုၾကပါတယ္။ အသက္ ၁၈ ႏွစ္သာရွိေသးတဲ့
ေကာ္လ္ယာ ဟာၿပီးခဲ့တဲ့လက မန္ယူရဲ႕ေကာ့ဘ္ဟမ္ေလ့က်င့္ေရးကြင္းမွာ
လာေရာက္အစမ္းသပ္ခံခဲ့ၿပီးေနာက္ သူ႔ေျခစြမ္း ကိုသေဘာက်လို႔
မန္ယူက ၃ ႏွစ္ခြဲစာခ်ဳပ္နဲ႔ေခၚယူလိုက္တာျဖစ္ပါတယ္။
ေကာ္လ္ယာ ဟာအဂၤလန္လူငယ္အသင္းေတြမွာ လည္း
အဓိကဦးေဆာင္သူျဖစ္ၿပီး ယူ ၁၆ နဲ႔ ယူ ၁၇ အသင္းေတြမွာ
အသင္းေခါင္းေဆာင္အျဖစ္တာဝန္ယူခဲ့သူျဖစ္ပါတယ္။
ဘ႐ိုက္တန္အသင္းရဲ႕လူငယ္နည္းျပေဟာင္းျဖစ္တဲ့ မာခ့္ဘာ့ဒ္က
” ေကာ္လ္ယာဟာ ၁၅ ႏွစ္မျပည့္ခင္ကတည္းက ယူ ၁၈ နဲ႔ အတူ
ပူးတြဲေလ့က်င့္ခဲ့သူျဖစ္ပါတယ္။ ဒါေၾကာင့္သူဟာထိပ္တန္းကစားသမားျဖစ္လာမယ္ဆိုတာကို
ခင္ဗ်ားတို႔ေတြ႕ျမင္ၾက မွာေပါ့။ ပြဲကစားတိုင္းအဆင့္သတ္မွတ္ခ်က္ထုတ္ျပန္ရင္
အနည္းဆုံးေတာ့ ၈ အထိရေအာင္သူကစားႏိုင္တာပါ။
ေျပးႏႈန္း မွာလည္း မွတ္တမ္းေကာင္းေတြရွိၿပီး တစ္ပြဲကို
၁၃ ကီလိုမီတာေလာက္အထိေျပးကာ အရာရာကိုခ်ိဳးဖ်က္ပစ္ႏိုင္တဲ့သူပါ။
သူ႔အစြမ္းအစကိုမွန္းဆလို႔မရပါဘူး။ ဒီလိုပုံစံမ်ိဳးကစားႏိုင္တဲ့သူမ်ိဳးကို
ကိုယ့္အသင္းမွာ ၁၁ ေယာက္အထိအလိုရွိမယ့္သူေတြ ခ်ည္းပါဘဲ” လို႔ေျပာခဲ့ပါတယ္။
ေကာ္လ္ယာ ဟာဘ႐ိုက္တန္နဲ႔ ဟက္ဒါဖီးလ္ တို႔ေျခစမ္းခဲ့တဲ့ပြဲမွာပါဝင္ကာ
အစြမ္းျပခဲ့ၿပီးေနာက္သူ႔ကိုမန္ယူကေခၚယူစမ္း သပ္လိုက္တာျဖစ္ၿပီး
အၿပီးသတ္ေခၚယူဖို႔ကို ေဘာလုံးဒါ႐ိုက္တာ ဂြၽန္မားေတာ့ဂ္ နဲ႔ မန္ယူရဲ႕အတိုင္ပင္ခံျဖစ္လာမယ့္
လက္ရွိနည္းျပ ရန္းနစ္ခ္ တို႔ကဆုံးျဖတ္လိုက္တာလို႔လည္းသိရပါတယ္။
သူ႔ကိုမန္ယူကေခၚယူခဲ့တယ္ဆိုတာကို Mirror သ တင္းစာႀကီးကသာမက
အီတလီဂ်ာနယ္လစ္ ဖာဘရီဇီယို႐ိုမာႏို ကလည္းအတည္ျပဳခဲ့ပါတယ္။
မန္ယူဟာမၾကာေသးခင္ ႏွစ္ေတြကသူတို႔ရဲ႕ အကယ္ဒမီအတြက္
လူငယ္ေတြကိုေခၚယူအားျဖည့္ခဲ့ရာမွာ ခ်ာလီမကၠနီးလ္၊
ဂ်ိဳးဟူေဂးလ္နဲ႔ အီသန္အန္း နစ္ တို႔လည္းပါဝင္ခဲ့ပါတယ္။