
ဘာစီလိုနာအသင်းဟာ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီး ကို
၄ နှစ်စာချုပ်နဲ့ ကမ်းလှမ်းဖို့ပြင်ဆင်ထားတယ်လို့သိရပါတယ်။
ပိုလန်လက်ရွေးစင်ဖြစ်တဲ့ လီဝန်ဒေါစကီး ဟာဒီရာသီမှာဘိုင်ယန်အတွက်
ဆက်လက်ခြေစွမ်းပြနေပြီးပြိုင်ပွဲစုံ ၃၇ပွဲမှာ ၄၅ ဂိုးအထိ
သွင်းယူပေးထားသူဖြစ်ပါတယ်။
အခုလိုမျိုးဂိုးသွင်းအများဆုံးသူအဖြစ်ရပ်တည်ပြီး ဘိုင်ယန်ရဲ့ဆုဖလားတွေ
စိန်ခေါ်မှုမှာအဓိကကျသူဖြစ်နေတဲ့ လီဝန်ဒေါစကီး ဟာ
လာမယ့်ဩဂုတ်လမှာအသက် ၃၄ နှစ်ပြည့်မှာဖြစ်ပြီး
သူ့ရဲ့လက်ရှိစာချုပ်က ၂၀၂၃ မှာသက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။
သူ့အသက်အရွယ်ကြောင့် ဘိုင်ယန်ကသူ့ကိုရေရှည်စာချုပ် ချုပ်ဖို့
အလိုမရှိတော့တာကြောင့်လာမယ့်နွေရာသီမှာအသင်းကနေ
ထွက်ခွာဖို့ ရေပန်းစားနေတဲ့သူပါ။
ဒါကြောင့်လည်းသူ့ကိုခေါ်ယူဖို့ဥရောပကလပ်အချို့က စိတ်ဝင်စားနေချိန်မှာ
ဘာစီလိုနာအသင်းလည်းပါဝင်လာတာဖြစ်ပါတယ်။
Fichajes မှာဖော်ပြချက်အရ ဘာစီလိုနာဟာ လီဝန်ဒေါစကီး ကို
ရေရှည်စာချုပ်နဲ့ကမ်းလှမ်းဖို့ ပြင်ဆင်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။
ဘာစီလိုနာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တုန်းက
အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်နဲ့ မန်စီးတီးက ဖာရန်တောရက်စ် တို့ကို
ခေါ်ယူခဲ့ပေမယ့် မက်ဆီနဲ့ ဂရစ်ဇ်မန်းတို့ထွက်သွားတဲ့ကွပ်လပ်ကို
ဖြည့်ဆည်းနိုင်ခြင်းမရှိသေးလို့တိုက်စစ်မှူးတစ်ဦးထပ်ခေါ်ဖို့ ဆန္ဒရှိနေတာပါ။
ဒီအချိန်မှာ အပြောင်းအရွှေ့ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ဖာဘရီဇီယိုရိုမာနိုက
လက်ရှိအခြေအနေအရဆိုရင် လီဝန်ဒေါစကီး အနေနဲ့ရာသီကုန်ချိန်မှာ
ဘာစီလိုနာကနေထွက်ဖို့ရှိနေပြီလို့ ခန့်မှန်းခဲ့ပါတယ်။
သူက” လီဝန်ဒေါစကီး ဟာရာသီဒုတိယပိုင်းကိုအပြည့်အဝအာရုံစိုက်ထားပါတယ်။
ဒါပေမယ့်သူ့ရဲ့လက်ရှိစာချုပ်က ၂၀၂၃မှာကုန်ဆုံးမှာဖြစ်ပြီး
စာချုပ်သစ်ဆွေးနွေးမှုလည်းမရှိသေးပါဘူး။
လီဝန်ဒေါစကီး ကတော့စာချုပ်သစ်ချုပ်ဆွေးနွေးဖို့ စောင့်ဆိုင်းနေပြီး
အဆင်မပြေရင်တော့ နွေရာသီမှာအသင်းကနေထွက်ဖို့ရှိနေပါတယ်” လို့ပြောသွားပါတယ်။
လီဝန်ဒေါစကီး ကလည်းသူ့အနေနဲ့ ဘာကိုမှငြင်းပယ်ထားခြင်းမရှိလို့
လာမယ့်နွေရာသီဈေးကွက်အတွင်းမှာ ဘိုင်ယန်ကနေထွက်ဖို့ရှိနေတယ်လို့ ဆိုခဲ့ပါတယ်။
လီဝန်ဒေါစကီးဟာ လက်ရှိမှာကလပ်တစ်ခုက
သူ့ကိုရေရှည်စာချုပ်သစ်ကမ်းလှမ်းလာရင်လက်ခံပြီး ကစားသမားဘဝကို
အဆုံးသတ်ဖို့ပြင်ဆင်ထားတာကြောင့် ဘာစီလိုနာကသာ ၄ နှစ်စာချုပ်နဲ့
တကယ်ကမ်းလှမ်းရင် လက်ခံဖို့ရှိနေပါတယ်။
zawgyi
၄ ႏွစ္စာခ်ဳပ္နဲ႔ လီဝန္ေဒါစကီးကို ကမ္းလွမ္းမယ့္ ဘာစီလိုနာ
ဘာစီလိုနာအသင္းဟာ ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉး လီဝန္ေဒါစကီး ကို
၄ ႏွစ္စာခ်ဳပ္နဲ႔ ကမ္းလွမ္းဖို႔ျပင္ဆင္ထားတယ္လို႔သိရပါတယ္။
ပိုလန္လက္ေ႐ြးစင္ျဖစ္တဲ့ လီဝန္ေဒါစကီး ဟာဒီရာသီမွာဘိုင္ယန္အတြက္
ဆက္လက္ေျခစြမ္းျပေနၿပီးၿပိဳင္ပြဲစုံ ၃၇ပြဲမွာ ၄၅ ဂိုးအထိ
သြင္းယူေပးထားသူျဖစ္ပါတယ္။
အခုလိုမ်ိဳးဂိုးသြင္းအမ်ားဆုံးသူအျဖစ္ရပ္တည္ၿပီး ဘိုင္ယန္ရဲ႕ဆုဖလားေတြ
စိန္ေခၚမႈမွာအဓိကက်သူျဖစ္ေနတဲ့ လီဝန္ေဒါစကီး ဟာ
လာမယ့္ဩဂုတ္လမွာအသက္ ၃၄ ႏွစ္ျပည့္မွာျဖစ္ၿပီး
သူ႔ရဲ႕လက္ရွိစာခ်ဳပ္က ၂၀၂၃ မွာသက္တမ္းကုန္ဆုံးမွာျဖစ္ပါတယ္။
သူ႔အသက္အ႐ြယ္ေၾကာင့္ ဘိုင္ယန္ကသူ႔ကိုေရရွည္စာခ်ဳပ္ ခ်ဳပ္ဖို႔
အလိုမရွိေတာ့တာေၾကာင့္လာမယ့္ေႏြရာသီမွာအသင္းကေန
ထြက္ခြာဖို႔ ေရပန္းစားေနတဲ့သူပါ။
ဒါေၾကာင့္လည္းသူ႔ကိုေခၚယူဖို႔ဥေရာပကလပ္အခ်ိဳ႕က စိတ္ဝင္စားေနခ်ိန္မွာ
ဘာစီလိုနာအသင္းလည္းပါဝင္လာတာျဖစ္ပါတယ္။
Fichajes မွာေဖာ္ျပခ်က္အရ ဘာစီလိုနာဟာ လီဝန္ေဒါစကီး ကို
ေရရွည္စာခ်ဳပ္နဲ႔ကမ္းလွမ္းဖို႔ ျပင္ဆင္ထားတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။
ဘာစီလိုနာဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းက
အာဆင္နယ္တိုက္စစ္မႉး အူဘာမီယန္နဲ႔ မန္စီးတီးက ဖာရန္ေတာရက္စ္ တို႔ကို
ေခၚယူခဲ့ေပမယ့္ မက္ဆီနဲ႔ ဂရစ္ဇ္မန္းတို႔ထြက္သြားတဲ့ကြပ္လပ္ကို
ျဖည့္ဆည္းႏိုင္ျခင္းမရွိေသးလို႔တိုက္စစ္မႉးတစ္ဦးထပ္ေခၚဖို႔ ဆႏၵရွိေနတာပါ။
ဒီအခ်ိန္မွာ အေျပာင္းအေ႐ႊ႕ကြၽမ္းက်င္သူတစ္ဦးျဖစ္တဲ့ ဖာဘရီဇီယို႐ိုမာႏိုက
လက္ရွိအေျခအေနအရဆိုရင္ လီဝန္ေဒါစကီး အေနနဲ႔ရာသီကုန္ခ်ိန္မွာ
ဘာစီလိုနာကေနထြက္ဖို႔ရွိေနၿပီလို႔ ခန႔္မွန္းခဲ့ပါတယ္။
သူက” လီဝန္ေဒါစကီး ဟာရာသီဒုတိယပိုင္းကိုအျပည့္အဝအာ႐ုံစိုက္ထားပါတယ္။
ဒါေပမယ့္သူ႔ရဲ႕လက္ရွိစာခ်ဳပ္က ၂၀၂၃မွာကုန္ဆုံးမွာျဖစ္ၿပီး
စာခ်ဳပ္သစ္ေဆြးေႏြးမႈလည္းမရွိေသးပါဘူး။
လီဝန္ေဒါစကီး ကေတာ့စာခ်ဳပ္သစ္ခ်ဳပ္ေဆြးေႏြးဖို႔ ေစာင့္ဆိုင္းေနၿပီး
အဆင္မေျပရင္ေတာ့ ေႏြရာသီမွာအသင္းကေနထြက္ဖို႔ရွိေနပါတယ္” လို႔ေျပာသြားပါတယ္။
လီဝန္ေဒါစကီး ကလည္းသူ႔အေနနဲ႔ ဘာကိုမွျငင္းပယ္ထားျခင္းမရွိလို႔
လာမယ့္ေႏြရာသီေဈးကြက္အတြင္းမွာ ဘိုင္ယန္ကေနထြက္ဖို႔ရွိေနတယ္လို႔ ဆိုခဲ့ပါတယ္။
လီဝန္ေဒါစကီးဟာ လက္ရွိမွာကလပ္တစ္ခုက
သူ႔ကိုေရရွည္စာခ်ဳပ္သစ္ကမ္းလွမ္းလာရင္လက္ခံၿပီး ကစားသမားဘဝကို
အဆုံးသတ္ဖို႔ျပင္ဆင္ထားတာေၾကာင့္ ဘာစီလိုနာကသာ ၄ ႏွစ္စာခ်ဳပ္နဲ႔
တကယ္ကမ္းလွမ္းရင္ လက္ခံဖို႔ရွိေနပါတယ္။