
အဲဗာတန်နည်းပြလမ်းပတ်က နယူးကာဆယ်နဲ့ပွဲမှာ
သူ့အသင်းရဲ့နာကျင်အချိန်ပို ၉၉ မိနစ်ဂိုးအတွက် အောင်ပွဲခံရာမှာ
သူ့လက်ကျိုးသွားခဲ့ကြောင်း ဖွင့်ဟလိုက်ပါတယ်။
ဒီလိုရလဒ်မျိုးသာ ယူနိုင်မယ်ဆိုရင် သူ့အနေနဲ့ အပတ်တိုင်း
လက်အကျိုုးခံမှာလို့လည်း လမ်းပတ်က ဝန်ခံခဲ့ပါတယ်။
အဲဒီပွဲမှာ အဲဗာတန်ဟာ ပွဲချိန်နှောင်းပိုင်းအရောက် တစ်ယောက်လျော့ခဲ့ပေမယ့်
နာကျင်အချိန်ပို ၉၉ မိနစ်အရောက်မှာ တိုက်စစ်ကစားသမားအိုင်ဝိုဘီက
တစ်လုံးတည်းသောအနိုင်ဂိုးသွင်းပေးခဲ့တာပါ။
”ဂိုးရတော့ ကျွန်တော်အောင်ပွဲခံခဲ့ပါတယ်။ အဲဒီအချိန်မှာ တစ်ခုခုခံစားလိုက်ရတာပါ။
ဘာမှလည်း ထိုးခဲ့တာမျိုးမဟုတ်ပါဘူး။ နောက် ၂ မိနစ်အကြာမှာ သိလိုက်တာက
ကျွန်တော့်လက်က တုန်ပြီး ရောင်ရမ်းလာတာပါ။
ဒါမျိုးက ၃ မှတ်အတွက်ဆိုလည်း ပြသနာမရှိပါဘူး”လို့
ပွဲအပြီးမှာ လမ်းပတ်က ပြောခဲ့ပါတယ်။
လမ်းပတ်လက်ထက်မှာလည်း ရလဒ်တွေဆက်လက်ဆိုးရွားခဲ့တဲ့
အဲဗာတန်ဟာ နောက်ဆုံး ၁၃ ပွဲမှာ ဒုတိယမြောက်နိုင်ပွဲရရှိခဲ့တာပါ။
ဒါပေမဲ့ ပွဲချိန် ၈၃ မိနစ်မှာ အသင်းကစားသမားအယ်လန်ရဲ့
အငြင်းပွားဖွယ်ထုတ်ခံရမှုကြောင့် သူတု့ိအတွက် ခက်ခက်ခဲခဲနိုင်ပွဲဖြစ်ခဲ့ပါတယ်။
ဒိုင်လူကြီးခရိတ်ပေါဆန်ဟာ မူလက အဝါကတ်သာ ပြခဲ့ပေမယ့်
သူ့ဆုံးဖြတ်ချက်ကိုပြန်ပြင်ပြီး အနိကတ်ပြခဲ့တာပါ။
အဲဗာတန်ဟာ ပြီးခဲ့တဲ့လ မန်စီးတီးကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲတုန်းကလည်း
လက်ထိဘော ငြင်းဆန်ခံခဲ့ရကာ အဲဒီအတွက် လမ်းပတ်ဒေါသထွက်ခဲ့ပြီး
ဒိုင်အကြီးအကဲမိုက်ရီလေးကတောင် တောင်းပန်မှုလုပ်ခဲ့ရပါတယ်။
နောက်ဆုံးနိုင်ပွဲကြောင့် အဲဗာတန်ဟာ တန်းဆင်းဇုန်နဲ့
၃ မှတ်ကွာဖြစ်သွားအောက် စွမ်းဆောင်နိုင်ခဲ့တာပါ။
ဒါပေမဲ့ လမ်းပတ်ရဲ့အသင်းဟာ ရာသီနှောင်းပိုင်းမှာ
အသင်းကြီးတွေနဲ့ ပွဲကျပ်ရင်ဆိုင်ရပါဦးမယ်။
zawgyi
ဒီလိုရလဒ္မ်ိဳးသာ ယူႏိုင္မယ္ဆိုရင္ အပတ္တိုင္းလက္အက်ိဳုးခံမွာပဲဆိုတဲ့ လမ္းပတ္
အဲဗာတန္နည္းျပလမ္းပတ္က နယူးကာဆယ္နဲ႔ပြဲမွာ
သူ႔အသင္းရဲ႕နာက်င္အခ်ိန္ပို ၉၉ မိနစ္ဂိုးအတြက္ ေအာင္ပြဲခံရာမွာ
သူ႔လက္က်ိဳးသြားခဲ့ေၾကာင္း ဖြင့္ဟလိုက္ပါတယ္။
ဒီလိုရလဒ္မ်ိဳးသာ ယူႏိုင္မယ္ဆိုရင္ သူ႔အေနနဲ႔ အပတ္တိုင္း
လက္အက်ိဳုးခံမွာလို႔လည္း လမ္းပတ္က ဝန္ခံခဲ့ပါတယ္။
အဲဒီပြဲမွာ အဲဗာတန္ဟာ ပြဲခ်ိန္ေႏွာင္းပိုင္းအေရာက္ တစ္ေယာက္ေလ်ာ့ခဲ့ေပမယ့္
နာက်င္အခ်ိန္ပို ၉၉ မိနစ္အေရာက္မွာ တိုက္စစ္ကစားသမားအိုင္ဝိုဘီက
တစ္လုံးတည္းေသာအႏိုင္ဂိုးသြင္းေပးခဲ့တာပါ။
”ဂိုးရေတာ့ ကြၽန္ေတာ္ေအာင္ပြဲခံခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ တစ္ခုခုခံစားလိုက္ရတာပါ။
ဘာမွလည္း ထိုးခဲ့တာမ်ိဳးမဟုတ္ပါဘူး။ ေနာက္ ၂ မိနစ္အၾကာမွာ သိလိုက္တာက
ကြၽန္ေတာ့္လက္က တုန္ၿပီး ေရာင္ရမ္းလာတာပါ။
ဒါမ်ိဳးက ၃ မွတ္အတြက္ဆိုလည္း ျပသနာမရွိပါဘူး”လို႔
ပြဲအၿပီးမွာ လမ္းပတ္က ေျပာခဲ့ပါတယ္။
လမ္းပတ္လက္ထက္မွာလည္း ရလဒ္ေတြဆက္လက္ဆိုး႐ြားခဲ့တဲ့
အဲဗာတန္ဟာ ေနာက္ဆုံး ၁၃ ပြဲမွာ ဒုတိယေျမာက္ႏိုင္ပြဲရရွိခဲ့တာပါ။
ဒါေပမဲ့ ပြဲခ်ိန္ ၈၃ မိနစ္မွာ အသင္းကစားသမားအယ္လန္ရဲ႕
အျငင္းပြားဖြယ္ထုတ္ခံရမႈေၾကာင့္ သူတု႔ိအတြက္ ခက္ခက္ခဲခဲႏိုင္ပြဲျဖစ္ခဲ့ပါတယ္။
ဒိုင္လူႀကီးခရိတ္ေပါဆန္ဟာ မူလက အဝါကတ္သာ ျပခဲ့ေပမယ့္
သူ႔ဆုံးျဖတ္ခ်က္ကိုျပန္ျပင္ၿပီး အနိကတ္ျပခဲ့တာပါ။
အဲဗာတန္ဟာ ၿပီးခဲ့တဲ့လ မန္စီးတီးကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲတုန္းကလည္း
လက္ထိေဘာ ျငင္းဆန္ခံခဲ့ရကာ အဲဒီအတြက္ လမ္းပတ္ေဒါသထြက္ခဲ့ၿပီး
ဒိုင္အႀကီးအကဲမိုက္ရီေလးကေတာင္ ေတာင္းပန္မႈလုပ္ခဲ့ရပါတယ္။
ေနာက္ဆုံးႏိုင္ပြဲေၾကာင့္ အဲဗာတန္ဟာ တန္းဆင္းဇုန္နဲ႔
၃ မွတ္ကြာျဖစ္သြားေအာက္ စြမ္းေဆာင္ႏိုင္ခဲ့တာပါ။
ဒါေပမဲ့ လမ္းပတ္ရဲ႕အသင္းဟာ ရာသီေႏွာင္းပိုင္းမွာ
အသင္းႀကီးေတြနဲ႔ ပြဲက်ပ္ရင္ဆိုင္ရပါဦးမယ္။