၂၀၂၂ ကာတာ ကမ္ဘာ့ဖလားကို သွားရောက်ကစားခွင့်ရဖို့ လက်မှတ်ရရှိသွားပြီဖြစ်တဲ့ ကနေဒါ

ယနေ့နံနက် ဂျာမေကာ အသင်းကို ကနေဒါနိုင်ငံ တိုရွန်တို မြို့မှာ

၄ဂိုးပြတ် အနိုင်ရခဲ့ပြီး နောက်မှာတော့ ကနေဒါတို့ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားကို

သွားရောက်ကစားခွင့်ရဖို့ လက်မှတ် ရရှိသွားခဲ့ပါတယ်။

ကနေဒါအတွက်အနိုင်ဂိုးများကိုပထမပိုင်းမှာကိုင်လီလာရန်နှင့်

ဘူချာနန်တို့ကသွင်းယူခဲ့ပြီးဒုတိယပိုင်းမှာ ဂျူနီယာဟွိုင်းလက်နှင့်

အက်ဒရီယန်မာရီယာပါ(OG)တို့ကသွင်းယူခဲ့ပါတယ်။

ကနေဒါဟာ၁၉၈၆မက္ကဆီကိုကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်းတွင်

ပထမဆုံးအကြိမ်အဖြစ်ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်လာတာပါ။

သူတို့ဟာမက္ကဆီကိုကမ္ဘာ့ဖလားတုန်းကအုပ်စုပွဲသုံးပွဲလုံး

ရှုံးနိမ့်ခဲ့ပြီးဂိုးသွင်းနိုင်ခဲ့ခြင်းလည်းမရှိပါဘူး။

ကနေဒါဟာကွန်ကာကပ်ဖ်ဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲကစားရန်

တစ်ပွဲကျန်နေပေမဲ့လည်း အမေရိကန်နှင့်မက္ကဆီကိုတို့ကိုသုံးမှတ်ဖြတ်ထားနိုင်မှုနဲ့အတူ

စောစောစီးစီးခြေစစ်ပွဲအောင်မြင်ခဲ့တာလည်းဖြစ်ပါတယ်။

ကနေဒါလက်ရွေးစင်အသင်းဟာ ပြီးခဲ့တဲ့လမှာ ဖီဖာအဆင့်သတ်မှတ်ချက်

အဆင့် ၃၃ အထိတက်ရောက်လာနိုင်ခဲ့ပြီး ဒါဟာ ကနေဒါလက်ရွေးစင်သမိုင်းမှာ

အမြင့်ဆုံးအခြေအနေဖြစ်တယ်လို့ သိရပါတယ်။

zawgyi

၂၀၂၂ ကာတာ ကမာၻ႔ဖလားကို သြားေရာက္ကစားခြင့္ရဖို႔ လက္မွတ္ရရွိသြားၿပီျဖစ္တဲ့ ကေနဒါ

ယေန႔နံနက္ ဂ်ာေမကာ အသင္းကို ကေနဒါႏိုင္ငံ တို႐ြန္တို ၿမိဳ႕မွာ

၄ဂိုးျပတ္ အႏိုင္ရခဲ့ၿပီး ေနာက္မွာေတာ့ ကေနဒါတို႔ ၂၀၂၂ ကာတာ ကမာၻ႔ဖလားကို

သြားေရာက္ကစားခြင့္ရဖို႔ လက္မွတ္ ရရွိသြားခဲ့ပါတယ္။

ကေနဒါအတြက္အႏိုင္ဂိုးမ်ားကိုပထမပိုင္းမွာကိုင္လီလာရန္ႏွင့္

ဘူခ်ာနန္တို႔ကသြင္းယူခဲ့ၿပီးဒုတိယပိုင္းမွာ ဂ်ဴနီယာဟြိဳင္းလက္ႏွင့္

အက္ဒရီယန္မာရီယာပါ(OG)တို႔ကသြင္းယူခဲ့ပါတယ္။

ကေနဒါဟာ၁၉၈၆မကၠဆီကိုကမာၻ႔ဖလားၿပိဳင္ပြဲေနာက္ပိုင္းတြင္

ပထမဆုံးအႀကိမ္အျဖစ္ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္လာတာပါ။

သူတို႔ဟာမကၠဆီကိုကမာၻ႔ဖလားတုန္းကအုပ္စုပြဲသုံးပြဲလုံး

ရႈံးနိမ့္ခဲ့ၿပီးဂိုးသြင္းႏိုင္ခဲ့ျခင္းလည္းမရွိပါဘူး။

ကေနဒါဟာကြန္ကာကပ္ဖ္ဇုန္ကမာၻ႔ဖလားေျခစစ္ပြဲကစားရန္

တစ္ပြဲက်န္ေနေပမဲ့လည္း အေမရိကန္ႏွင့္မကၠဆီကိုတို႔ကိုသုံးမွတ္ျဖတ္ထားႏိုင္မႈနဲ႔အတူ

ေစာေစာစီးစီးေျခစစ္ပြဲေအာင္ျမင္ခဲ့တာလည္းျဖစ္ပါတယ္။

ကေနဒါလက္ေ႐ြးစင္အသင္းဟာ ၿပီးခဲ့တဲ့လမွာ ဖီဖာအဆင့္သတ္မွတ္ခ်က္

အဆင့္ ၃၃ အထိတက္ေရာက္လာႏိုင္ခဲ့ၿပီး ဒါဟာ ကေနဒါလက္ေ႐ြးစင္သမိုင္းမွာ

အျမင့္ဆုံးအေျခအေနျဖစ္တယ္လို႔ သိရပါတယ္။