၂၀၀၇ ခုနှစ်နောက်ပိုင်း ကလပ်နှစ်ခုအကြား ပထမဆုံးတိုက်ရိုက်အပြောင်းအရွှေ့ အဖြစ် ဘာကာသို့  ရီးရဲလ်မက်ဒရစ်စတားသဘောတူညီမှုရရှိ

ရီးရဲလ်မက်ဒရစ်အလယ်တန်းကစားသမားအစ္စကိုဟာ

လာမယ့်နွေရာသီတွင် ခါးသီးတဲ့မဟာပြိုင်ဘက်ဘာစီလိုနာသို့

ပြောင်းရွှေ့ကစားရန်သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်းသိရပါတယ်။

စပိန်လက်ရွေးစင်ကစားသမားဟာကာလိုအန်ဆယ်လော့တီလက်အောက်တွင်လည်

းနေရာပျောက်နေသူဖြစ်ပြီးယခုရာသီတွင်ရီးရဲလ်မက်ဒရစ်အတွက်

လာလီဂါပွဲ၉ပွဲတည်းသာကစားခွင့်ရထားပါတယ်။

သူဟာယခုရာသီအကုန်တွင်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး

ဘာစီလိုနာသို့ပြောင်းရန်ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း

El Chringuito ကဖော်ပြသွားပါတယ်။

အစ္စကိုဟာ၂၀၁၃ခုနှစ်တွင်မာလာဂါမှရောက်လာပြီးနောက်

ရီးရဲလ်မက်ဒရစ်အတွက်၃၄၆ပွဲကစားထားကာလာလီဂါဖလား၂ကြိမ်၊

ချန်ပီယံလိဂ်ဖလား၄ကြိမ်ဆွတ်ခူးထားနိုင်ပါတယ်။

အကယ်၍အစ္စကိုရဲ့အပြောင်းအရွှေ့သာဖြစ်မြောက်လာပါက

၂၀၀၇ခုနှစ်တွင်ဘာစီလိုနာတိုက်စစ်မှူးဆာဗီယိုလာက

ရီးရဲလ်မက်ဒရစ်သို့ပြောင်းပြီးနောက် ကလပ်နှစ်ခုအကြား

ပထမဆုံးတိုက်ရိုက်အပြောင်းအရွှေ့ဖြစ်လာပါမယ်။

zawgyi













ချန်ပီယံလိဂ်ဖလား၎ကြိမ်ဆွတ်ခူးထားနိုင်ပါတယ်။



