
ဖရိုင်းဘတ်အသင်းဟာ ပြီးခဲ့တဲ့စနေနေ့တုန်းက ဘိုင်ယန်မြူးနစ်ကို ၄-၁ နဲ့
ရှုံးခဲ့ပေမယ့်ဒီပွဲမှာ ဘိုင်ယန်က ၁၂ ယောက်နဲ့
ကစားခဲ့သေးတဲ့အတွက် အယူခံဝင်ခဲ့တယ်လို့သိရပါတယ်။
ဒီပွဲမှာလက်ရှိချန်ပီယံဘိုင်ယန်ဟာ ကွင်းထဲမှာ ၁၂ ယောက်နဲ့
စက္ကန့်အနည်းငယ်ကြာကစားခဲ့မိတာပါ။
သူတို့ရှုံးခဲ့တာမှန်ပေမယ့် ကွင်းထဲမှာဘိုင်ယန်ဘက်က
၁၂ ယောက်ရှိခဲ့တာကိုတော့ သူတို့တွေမကျေနပ်ဘူးလို့လည်း ဖရိုင်းဘတ်ကဆိုပါတယ်။
ပွဲချိန် ၈၆ မိနစ်မှာဘိုင်ယန်က တိုလစ်ဆိုနဲ့ ကိုမန် တို့ကိုထုတ်ပြီး
ဆာဘစ်ဇာနဲ့ နစ်ကလက်စ်ဆူလေ တို့ကိုလူစားသွင်းခဲ့ပါတယ်။
ဒါပေမယ့် စတုတ္ထဒိုင်လူကြီးက ကိုမန် အတွက်ကျောနံပါတ်ကို
မှားယွင်းပြသမိခဲ့လို့ ဒီပြင်သစ်သားဟာကွင်းထဲမှာဆက်ရှိနေခဲ့တာပါ။
ဒါကြောင့်လည်း ဘိုင်ယန်က ၁၂ ယောက်နဲ့စက္ကန့်အနည်းငယ်ကြာကစားမိခဲ့တာပါ။
ဒီဖြစ်ရပ်မှာ ဘိုင်ယန်ကလည်းရည်ရွယ်ချက်မရှိသလို
စတုတ္ထဒိုင်ကလည်းမရည်ရွယ်ဘဲမှားခဲ့တာဖြစ်ပေမယ့်
ဖြစ်စဉ်တစ်ခုလုံးမှာ သူတို့အမှားလုံးဝမပါတဲ့အတွက်
ဒီပွဲရဲ့တရားဝင်မှုအပေါ်အယူခံဝင်လိုက်တာဖြစ်ပါတယ်။
ဒီလိုအယူခံဝင်ဖို့အတွက် သူတို့တွေဟာကလပ်အတွင်းမှာ
အပြင်းအထန်ဆွေးနွေးခဲ့ရသလို ဥပဒေကျွမ်းကျင်သူတွေရဲ့
အကူအညီကိုလည်းရယူပြီးမှ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
သူတို့ရဲ့ကြေညာချက်ထဲမှာ” လူစားလဲမှုပြလုပ်ခဲ့တဲ့ နေရာမှာ
ဖရိုင်းဘတ်အသင်းရဲ့အမှားလုံးဝမရှိခဲ့ပါဘူး။
ဒါပေမယ့် ဂျာမန်ဘောလုံးအဖွဲ့ချုပ်ရဲ့ တရားရေးနဲ့လုပ်ထုံးလုပ်နည်းဆိုင်ရာ
စည်းမျဉ်းတွေကြောင့်ဒီပွဲအတွက်ပြန်လည်သုံးသပ်ဖို့ဖြစ်လာပါတယ်။
အခုဖြစ်ရပ်အတွက် ကလပ်ဘက်က စိတ်မသက်မသာဖြစ်ခဲ့ရပါတယ်။
ဖြစ်ခဲ့တာတွေအတွက် ရည်ရွယ်ချက်မရှိဘူးလို့ဆိုပေမယ့်လည်း
ခံခဲ့ရတဲ့အသင်းကိုအလေးမထားတဲ့ပုံစံတွေ တွေ့ခဲ့ရပါတယ်။
ဒါကြောင့်လည်း ဒီပွဲရဲ့တရားဝင်မှုသတ်မှတ်ချက်အတွက်
အယူခံဝင်သွားပါမယ်” လို့ဖော်ပြသွားပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ ၂၈ ပွဲကစားပြီးချိန်မှာ ၆၆ မှတ်ရကာ
ဒုတိယနေရာကဒေါ့မန်ကို ၉ မှတ်အသာရနေလို့ ချန်ပီယံထပ်ဖြစ်ဖို့ နီးစပ်နေပါတယ်။
ဒါပေမယ့် ဖရိုင်းဘတ်ကတော့ ၄၅ မှတ်နဲ့အဆင့် ၅ နေရာမှာရပ်တည်နေတဲ့အတွက်
အဆင့် ၄ နေရာမှာ ၄၈ မှတ်နဲ့ရပ်တည်နေတဲ့ လိုက်ပ်ဇစ်ကို ကျော်ပြီး
ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက်အပြောင်းအလဲတစ်ရပ်
ဖြစ်သွားနိုင်တဲ့အခြေအနေမှာရှိနေပါတယ်။
zawgyi
၁၂ ေယာက္နဲ႔ ကစားခဲ့ေသးတဲ့အတြက္ အယူခံဝင္ခဲ့တဲ့ ဘိုင္ယန္
ဖ႐ိုင္းဘတ္အသင္းဟာ ၿပီးခဲ့တဲ့စေနေန႔တုန္းက ဘိုင္ယန္ျမဴးနစ္ကို ၄-၁ နဲ႔
ရႈံးခဲ့ေပမယ့္ဒီပြဲမွာ ဘိုင္ယန္က ၁၂ ေယာက္နဲ႔
ကစားခဲ့ေသးတဲ့အတြက္ အယူခံဝင္ခဲ့တယ္လို႔သိရပါတယ္။
ဒီပြဲမွာလက္ရွိခ်န္ပီယံဘိုင္ယန္ဟာ ကြင္းထဲမွာ ၁၂ ေယာက္နဲ႔
စကၠန႔္အနည္းငယ္ၾကာကစားခဲ့မိတာပါ။
သူတို႔ရႈံးခဲ့တာမွန္ေပမယ့္ ကြင္းထဲမွာဘိုင္ယန္ဘက္က
၁၂ ေယာက္ရွိခဲ့တာကိုေတာ့ သူတို႔ေတြမေက်နပ္ဘူးလို႔လည္း ဖ႐ိုင္းဘတ္ကဆိုပါတယ္။
ပြဲခ်ိန္ ၈၆ မိနစ္မွာဘိုင္ယန္က တိုလစ္ဆိုနဲ႔ ကိုမန္ တို႔ကိုထုတ္ၿပီး
ဆာဘစ္ဇာနဲ႔ နစ္ကလက္စ္ဆူေလ တို႔ကိုလူစားသြင္းခဲ့ပါတယ္။
ဒါေပမယ့္ စတုတၳဒိုင္လူႀကီးက ကိုမန္ အတြက္ေက်ာနံပါတ္ကို
မွားယြင္းျပသမိခဲ့လို႔ ဒီျပင္သစ္သားဟာကြင္းထဲမွာဆက္ရွိေနခဲ့တာပါ။
ဒါေၾကာင့္လည္း ဘိုင္ယန္က ၁၂ ေယာက္နဲ႔စကၠန႔္အနည္းငယ္ၾကာကစားမိခဲ့တာပါ။
ဒီျဖစ္ရပ္မွာ ဘိုင္ယန္ကလည္းရည္႐ြယ္ခ်က္မရွိသလို
စတုတၳဒိုင္ကလည္းမရည္႐ြယ္ဘဲမွားခဲ့တာျဖစ္ေပမယ့္
ျဖစ္စဥ္တစ္ခုလုံးမွာ သူတို႔အမွားလုံးဝမပါတဲ့အတြက္
ဒီပြဲရဲ႕တရားဝင္မႈအေပၚအယူခံဝင္လိုက္တာျဖစ္ပါတယ္။
ဒီလိုအယူခံဝင္ဖို႔အတြက္ သူတို႔ေတြဟာကလပ္အတြင္းမွာ
အျပင္းအထန္ေဆြးေႏြးခဲ့ရသလို ဥပေဒကြၽမ္းက်င္သူေတြရဲ႕
အကူအညီကိုလည္းရယူၿပီးမွ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။
သူတို႔ရဲ႕ေၾကညာခ်က္ထဲမွာ” လူစားလဲမႈျပလုပ္ခဲ့တဲ့ ေနရာမွာ
ဖ႐ိုင္းဘတ္အသင္းရဲ႕အမွားလုံးဝမရွိခဲ့ပါဘူး။
ဒါေပမယ့္ ဂ်ာမန္ေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ တရားေရးနဲ႔လုပ္ထုံးလုပ္နည္းဆိုင္ရာ
စည္းမ်ဥ္းေတြေၾကာင့္ဒီပြဲအတြက္ျပန္လည္သုံးသပ္ဖို႔ျဖစ္လာပါတယ္။
အခုျဖစ္ရပ္အတြက္ ကလပ္ဘက္က စိတ္မသက္မသာျဖစ္ခဲ့ရပါတယ္။
ျဖစ္ခဲ့တာေတြအတြက္ ရည္႐ြယ္ခ်က္မရွိဘူးလို႔ဆိုေပမယ့္လည္း
ခံခဲ့ရတဲ့အသင္းကိုအေလးမထားတဲ့ပုံစံေတြ ေတြ႕ခဲ့ရပါတယ္။
ဒါေၾကာင့္လည္း ဒီပြဲရဲ႕တရားဝင္မႈသတ္မွတ္ခ်က္အတြက္
အယူခံဝင္သြားပါမယ္” လို႔ေဖာ္ျပသြားပါတယ္။
ဘိုင္ယန္ျမဴးနစ္ဟာ ၂၈ ပြဲကစားၿပီးခ်ိန္မွာ ၆၆ မွတ္ရကာ
ဒုတိယေနရာကေဒါ့မန္ကို ၉ မွတ္အသာရေနလို႔ ခ်န္ပီယံထပ္ျဖစ္ဖို႔ နီးစပ္ေနပါတယ္။
ဒါေပမယ့္ ဖ႐ိုင္းဘတ္ကေတာ့ ၄၅ မွတ္နဲ႔အဆင့္ ၅ ေနရာမွာရပ္တည္ေနတဲ့အတြက္
အဆင့္ ၄ ေနရာမွာ ၄၈ မွတ္နဲ႔ရပ္တည္ေနတဲ့ လိုက္ပ္ဇစ္ကို ေက်ာ္ၿပီး
ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔အတြက္အေျပာင္းအလဲတစ္ရပ္ျဖစ္သြားႏိုင္တဲ့အေျခအေနမွာရွိေနပါတယ္။