
မန်စီးတီးနဲ့ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့မှာ
အက်သလက်တီကိုရဲ့ကစားကွက်အခင်းအကျင်းမှာ
ဆိုရှယ်မီဒီယာထက်က ပရိသတ်တွေကြား အတော်လေးပြောစရာဖြစ်နေပါတယ်။
၁၆ သင်းအဆင့်မှာ မန်ယူကို ကျော်ဖြတ်လာခဲ့တဲ့
အက်သလက်တီကိုနည်းပြဆီမြွန်နီဟ နောက်ထပ်မန်ချက်စတာတစ်သင်းနဲ့
တွေ့ဆုံမှုမှာတော့ လုံးဝကို ဘတ်စ်ကားပိတ်ခဲ့တာပါ။
အဲဒီပွဲမှာ အက်သလက်တီကိုနည်းပြဆီမြွန်နီဟာ ၅-၅-၀ အခင်းအကျင်းကို
အသုံးပြုခဲ့တာလို့ ပရိသတ်တွေဟာ ပုံတွေနဲ့တကွထောက်ပြကြပါတယ်။
ဒုတိယအကျော့က မက်ဒရစ်မှာဆိုတော့ ဆီမြွန်နီဟာ မန်ချက်စတာမြေမှာ
တစ်မှတ်သေချာအောင် စီစဉ်တဲ့သဘောပါပဲ။
ဒါ့အပြင် မန်စီးတီးက မန်ယူလိုမဟုတ်ဘဲ အရည်အသွေးမြင့်တိုက်စစ်ကို
ပိုင်ဆိုင်ထားတာဆိုတော့ ဆီမြွန်နီအနေနဲ့ တခြားရွေးချယ်စရာမရှိတဲ့ပုံပေါက်ပါတယ်။
ဒါကြောင့်လည်း မန်စီးတီးအသင်းတိုက်စစ်ဆင်ချိန်ဆို
သူ့အသင်းရဲ့ box ထဲမှာ ကစားသမား ၁၁ ယောက်စလုံးရှိနေတတ်တာပါ။
အဲဒီပွဲက သူတို့ box ထဲမှာ ပြိုင်ဘက်တစ်ယောက်မှ ရှိမနေရင်တောင်
အနည်းဆုံးအက်သလက်တီကိုကစားသမား ၆ ရှိနေတာပါ။
အဲဒါကြောင့်လည်း အက်သလက်တီကိုဟာ မန်စီးတီးနဲ့ပွဲမှာ
ဘောလုံးပိုင်ဆိုင်မှု ၂၉ သာရှိခဲ့ပြီး အံ့သြစရာဖြစ်ရအောင်
ဂိုးရရေးကြိုးပမ်းမှုက တစ်ကြိမ်တောင် မရှိခဲ့ပါဘူး။
ဒါကြောင့် အက်သလက်တီကိုဟာ နောက်ဆုံး ၁၀ နှစ်အတွင်း ချန်ပီယံလိဂ်ပွဲတစ်ပွဲမှာ
ဂိုးရရေးကြိုးပမ်းမှု ဇီးရိုးဖြစ်တဲ့ ပထမဆုံအသင်းဖြစ်လာပါတယ်။
ဒါ့အပြင် ဆီမြွန်နီလက်ထက် ပွဲတစ်ပွဲမှာ ဂိုးရရေးကြိုးပမ်းမှု
ဇီးရိုးဖြစ်တာဟာ ဒါ ပထမဆုံးအကြိမ်ပါ။
အဲဒီလိုအနေအထားမှာတောင် အက်သလက်တီကိုဟာ
ဒီဘရူနီသွင်းခဲ့တဲ့ တစ်လုံးတည်းသောအနိုင်ဂိုးကို မတားဆီးနိုင်ခဲ့ပါဘူး။
zawgyi
၁၀ ႏွစ္အတြင္း ခ်န္ပီယံလိဂ္ပြဲတစ္ပြဲမွာ ဂိုးရေရးႀကိဳးပမ္းမႈ ဇီး႐ိုးျဖစ္တဲ့ ပထမဆုံအသင္းျဖစ္လာတဲ့ အက္သလက္တီကို
မန္စီးတီးနဲ႔ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ပထမအေက်ာ့မွာ
အက္သလက္တီကိုရဲ႕ကစားကြက္အခင္းအက်င္းမွာ
ဆိုရွယ္မီဒီယာထက္က ပရိသတ္ေတြၾကား အေတာ္ေလးေျပာစရာျဖစ္ေနပါတယ္။
၁၆ သင္းအဆင့္မွာ မန္ယူကို ေက်ာ္ျဖတ္လာခဲ့တဲ့
အက္သလက္တီကိုနည္းျပဆီႁမြန္နီဟ ေနာက္ထပ္မန္ခ်က္စတာတစ္သင္းနဲ႔
ေတြ႕ဆုံမႈမွာေတာ့ လုံးဝကို ဘတ္စ္ကားပိတ္ခဲ့တာပါ။
အဲဒီပြဲမွာ အက္သလက္တီကိုနည္းျပဆီႁမြန္နီဟာ ၅-၅-၀ အခင္းအက်င္းကို
အသုံးျပဳခဲ့တာလို႔ ပရိသတ္ေတြဟာ ပုံေတြနဲ႔တကြေထာက္ျပၾကပါတယ္။
ဒုတိယအေက်ာ့က မက္ဒရစ္မွာဆိုေတာ့ ဆီႁမြန္နီဟာ မန္ခ်က္စတာေျမမွာ
တစ္မွတ္ေသခ်ာေအာင္ စီစဥ္တဲ့သေဘာပါပဲ။
ဒါ့အျပင္ မန္စီးတီးက မန္ယူလိုမဟုတ္ဘဲ အရည္အေသြးျမင့္တိုက္စစ္ကို
ပိုင္ဆိုင္ထားတာဆိုေတာ့ ဆီႁမြန္နီအေနနဲ႔ တျခားေ႐ြးခ်ယ္စရာမရွိတဲ့ပုံေပါက္ပါတယ္။
ဒါေၾကာင့္လည္း မန္စီးတီးအသင္းတိုက္စစ္ဆင္ခ်ိန္ဆို
သူ႔အသင္းရဲ႕ box ထဲမွာ ကစားသမား ၁၁ ေယာက္စလုံးရွိေနတတ္တာပါ။
အဲဒီပြဲက သူတို႔ box ထဲမွာ ၿပိဳင္ဘက္တစ္ေယာက္မွ ရွိမေနရင္ေတာင္
အနည္းဆုံးအက္သလက္တီကိုကစားသမား ၆ ရွိေနတာပါ။
အဲဒါေၾကာင့္လည္း အက္သလက္တီကိုဟာ မန္စီးတီးနဲ႔ပြဲမွာ
ေဘာလုံးပိုင္ဆိုင္မႈ ၂၉ သာရွိခဲ့ၿပီး အံ့ၾသစရာျဖစ္ရေအာင္
ဂိုးရေရးႀကိဳးပမ္းမႈက တစ္ႀကိမ္ေတာင္ မရွိခဲ့ပါဘူး။
ဒါေၾကာင့္ အက္သလက္တီကိုဟာ ေနာက္ဆုံး ၁၀ ႏွစ္အတြင္း ခ်န္ပီယံလိဂ္ပြဲတစ္ပြဲမွာ
ဂိုးရေရးႀကိဳးပမ္းမႈ ဇီး႐ိုးျဖစ္တဲ့ ပထမဆုံအသင္းျဖစ္လာပါတယ္။
ဒါ့အျပင္ ဆီႁမြန္နီလက္ထက္ ပြဲတစ္ပြဲမွာ ဂိုးရေရးႀကိဳးပမ္းမႈ
ဇီး႐ိုးျဖစ္တာဟာ ဒါ ပထမဆုံးအႀကိမ္ပါ။
အဲဒီလိုအေနအထားမွာေတာင္ အက္သလက္တီကိုဟာ
ဒီဘ႐ူနီသြင္းခဲ့တဲ့ တစ္လုံးတည္းေသာအႏိုင္ဂိုးကို မတားဆီးႏိုင္ခဲ့ပါဘူး။