၁၀ နှစ်သားဖိုဒန် ပြောတဲ့ ဘာလော့တယ်လီရဲ့ အကျင့်ဆိုး

မန်စီးတီးအသင်းတောင်ပံကစားသမား ဖီးလ်ဖိုဒန်ဟာ သူအသက် ၁၀ နှစ်သားကတည်းက

ဘာလော့တယ်လီ ရဲ့အကျင့်ဆိုးကိုပြောပြနိုင်ခဲ့တဲ့အတွက် လက်ရှိမှာကစားသမားကောင်း

ဖြစ်လာတာမထူးဆန်းဘူးလို့ဆိုကပါတယ်။ ဖိုလ်ဒန်က မန်စီးတီးအကယ်ဒမီမှာရှိနေတုန်း

ဘာလော့တယ်လီကလည်း တိုက်စစ်မှူးအဖြစ်ရှိနေတာပါ။ ဒီအီတလီသားနဲ့ပတ်သက်ပြီး

မေးမြန်းမှုကို ဖိုလ်ဒန် ပြန်ဖြေခဲ့တဲ့ ဗီဒီယိုဖိုင်ဟာ အွန်လိုင်းပေါ်မှာပျံနှံနေပြီး သူ့ရဲ့ငယ်ငယ်

ရွယ်ရွယ်နဲ့မြင်တတ်မှုကိုလည်း ချီးကျူးနေကြပါတယ်။ ဘာလော့တယ်လီဟာ မန်စီးတီးမှာ

ရှိနေတုန်းကသူ့အိမ်ကိုမီးပြန်ရှို့မှုအပါအဝင် ပြဿနာအမျိုးမျိုးရှာခဲ့သူအဖြစ်နာမည်ဆိုး

ထွက်ခဲ့သူဖြစ်ပါတယ်။ အဲဒီတုန်းက ဘာလော့တယ်လီနဲ့ပတ်သက်ပြီးမေးမြန်းမှုတစ်ခုကို

၁၀ နှစ်သာရှိသေးတဲ့ ဖိုလ်ဒန်ပြန်ဖြေပုံက လူကြီးတွေကိုတောင်အံ့အားသင့်စေခဲ့တာပါ။

ဖိုလ်ဒန်က” ဘာလော့တယ်လီက ကစားသမားကောင်းပါဘဲ။ ဒါပေမယ့်ကွင်းပြင်ပ

လုပ်ရပ်တွေကတော့ဆိုးပါတယ်” လို့ဆိုခဲ့တာပါ။ သူကဒီလိုဖြေလိုက်တဲ့အတွက်

ကျန်တဲ့သူ့အနားက ကစားဖော်တွေကလည်းထောက်ခံခဲ့ကြပါတယ်။

ဖိုလ်ဒန်ဟာအဲဒီအသက်ကတည်းက သူ့ရဲ့မြင်တတ်မှုကိုပြောပြနိုင်လို့ ဉာဏ်ရည်

ကောင်းမွန်သူပီပီလက်ရှိအသက် ၂၁ နှစ်အရွယ်မှာ နည်းပြဂွာဒီယိုလာလက်လွှတ်ဖို့ခက်ခဲတဲ့

ကစားသမားအဖြစ်ရပ်တည်နေတာပါ။ ဒါကြောင့်လည်း ဖိုလ်ဒန်တစ်ယောက်ကစားသမားကောင်း

ဖြစ်လာတဲ့ မဆန်းဘူးလို့ သူ့ရဲ့ ၁၀ နှစ်သားအရွယ်ကအဖြေကိုကြည့်ပြီးဆိုနေကြတာဖြစ်ပါတယ်။

ဘာလော့တယ်လီဟာ မန်စီးတီးအတွက်ပွဲ ၈၀ ကစားပြီး ၃၀ ဂိုးသွင်းယူခဲ့သူဖြစ်ကာ

ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကိုလည်းရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်သူ့ရဲ့ကွင်းပြင်ပလုပ်ရပ်တွေ

ဆိုးလွန်းတဲ့အပြင် လေ့ကျင့်ရေးကွင်းမှာလည်း ကစားဖော်တစ်ဦးကိုထိုးခဲ့လို့အဲဒီအချိန်က

နည်းပြ မန်ချီနီနဲ့ပြဿနာတက်ခဲ့ပြီး အသင်းနဲ့လည်းလမ်းခွဲခဲ့ရပါတယ်။

ဒါ့အပြင် အကယ်ဒမီကစားသမားတစ်ဦးကိုလည်းမြှားငယ်နဲ့ပစ်ခဲ့သေးတဲ့အတွက်

အပြင်းအထန်ဝေဖန်ခံခဲ့ရပါတယ်။ ဒါပေမယ့် ခရစ္စမတ်ကာလတစ်ခုမှာမန်ချက်စတာမြို့က

အဆင်မပြေတဲ့သူတွေကို ပိုက်ဆံလိုက်ဝေပေးခဲ့တဲ့ ကောင်းမွန်တဲ့လုပ်ရပ်ကိုလည်း

ပြုလုပ်ခဲ့ဘူးသူဖြစ်ပါတယ်။

Zawgyi

၁၀ ႏွစ္သားဖိုဒန္ ေျပာတဲ့ ဘာေလာ့တယ္လီရဲ႕ အက်င့္ဆိုး

မန္စီးတီးအသင္းေတာင္ပံကစားသမား ဖီးလ္ဖိုဒန္ဟာ သူအသက္ ၁၀ ႏွစ္သားကတည္းက

ဘာေလာ့တယ္လီ ရဲ႕အက်င့္ဆိုးကိုေျပာျပႏိုင္ခဲ့တဲ့အတြက္ လက္ရွိမွာကစားသမားေကာင္း

ျဖစ္လာတာမထူးဆန္းဘူးလို႔ဆိုကပါတယ္။ ဖိုလ္ဒန္က မန္စီးတီးအကယ္ဒမီမွာရွိေနတုန္း

ဘာေလာ့တယ္လီကလည္း တိုက္စစ္မႉးအျဖစ္ရွိေနတာပါ။ ဒီအီတလီသားနဲ႔ပတ္သက္ၿပီး

ေမးျမန္းမႈကို ဖိုလ္ဒန္ ျပန္ေျဖခဲ့တဲ့ ဗီဒီယိုဖိုင္ဟာ အြန္လိုင္းေပၚမွာပ်ံႏွံေနၿပီး သူ႔ရဲ႕ငယ္ငယ္

႐ြယ္႐ြယ္နဲ႔ျမင္တတ္မႈကိုလည္း ခ်ီးက်ဴးေနၾကပါတယ္။ ဘာေလာ့တယ္လီဟာ မန္စီးတီးမွာ

ရွိေနတုန္းကသူ႔အိမ္ကိုမီးျပန္ရႈိ႕မႈအပါအဝင္ ျပႆနာအမ်ိဳးမ်ိဳးရွာခဲ့သူအျဖစ္နာမည္ဆိုး

ထြက္ခဲ့သူျဖစ္ပါတယ္။ အဲဒီတုန္းက ဘာေလာ့တယ္လီနဲ႔ပတ္သက္ၿပီးေမးျမန္းမႈတစ္ခုကို

၁၀ ႏွစ္သာရွိေသးတဲ့ ဖိုလ္ဒန္ျပန္ေျဖပုံက လူႀကီးေတြကိုေတာင္အံ့အားသင့္ေစခဲ့တာပါ။

ဖိုလ္ဒန္က” ဘာေလာ့တယ္လီက ကစားသမားေကာင္းပါဘဲ။ ဒါေပမယ့္ကြင္းျပင္ပ

လုပ္ရပ္ေတြကေတာ့ဆိုးပါတယ္” လို႔ဆိုခဲ့တာပါ။ သူကဒီလိုေျဖလိုက္တဲ့အတြက္

က်န္တဲ့သူ႔အနားက ကစားေဖာ္ေတြကလည္းေထာက္ခံခဲ့ၾကပါတယ္။

ဖိုလ္ဒန္ဟာအဲဒီအသက္ကတည္းက သူ႔ရဲ႕ျမင္တတ္မႈကိုေျပာျပႏိုင္လို႔ ဉာဏ္ရည္

ေကာင္းမြန္သူပီပီလက္ရွိအသက္ ၂၁ ႏွစ္အ႐ြယ္မွာ နည္းျပဂြာဒီယိုလာလက္လႊတ္ဖို႔ခက္ခဲတဲ့

ကစားသမားအျဖစ္ရပ္တည္ေနတာပါ။ ဒါေၾကာင့္လည္း ဖိုလ္ဒန္တစ္ေယာက္ကစားသမားေကာင္း

ျဖစ္လာတဲ့ မဆန္းဘူးလို႔ သူ႔ရဲ႕ ၁၀ ႏွစ္သားအ႐ြယ္ကအေျဖကိုၾကည့္ၿပီးဆိုေနၾကတာျဖစ္ပါတယ္။

ဘာေလာ့တယ္လီဟာ မန္စီးတီးအတြက္ပြဲ ၈၀ ကစားၿပီး ၃၀ ဂိုးသြင္းယူခဲ့သူျဖစ္ကာ

ပရီးမီးယားလိဂ္ခ်န္ပီယံဘြဲ႕ကိုလည္းရယူႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္သူ႔ရဲ႕ကြင္းျပင္ပလုပ္ရပ္ေတြ

ဆိုးလြန္းတဲ့အျပင္ ေလ့က်င့္ေရးကြင္းမွာလည္း ကစားေဖာ္တစ္ဦးကိုထိုးခဲ့လို႔အဲဒီအခ်ိန္က

နည္းျပ မန္ခ်ီနီနဲ႔ျပႆနာတက္ခဲ့ၿပီး အသင္းနဲ႔လည္းလမ္းခြဲခဲ့ရပါတယ္။ ဒါ့အျပင္

အကယ္ဒမီကစားသမားတစ္ဦးကိုလည္းျမႇားငယ္နဲ႔ပစ္ခဲ့ေသးတဲ့အတြက္ အျပင္းအထန္

ေဝဖန္ခံခဲ့ရပါတယ္။ ဒါေပမယ့္ ခရစၥမတ္ကာလတစ္ခုမွာမန္ခ်က္စတာၿမိဳ႕က

အဆင္မေျပတဲ့သူေတြကို ပိုက္ဆံလိုက္ေဝေပးခဲ့တဲ့ ေကာင္းမြန္တဲ့လုပ္ရပ္ကိုလည္း

ျပဳလုပ္ခဲ့ဘူးသူျဖစ္ပါတယ္။