ယူနိုက်တက်အသင်းရဲ့ နောက်ဆုံး ၅ပွဲကို ပြန်ကြည့်ရမယ်ဆိုရင်
ယူနိုက်တက်အသင်းဟာ ၃ပွဲနိုင် ၁ပွဲသရေနဲ့ ၁ပွဲရှုံးအနေအထားမှာ
မဆိုးသေးဘူးလို့ ပြောလို့ရပါတယ်။
လက်ရှိ ပရီးမီးယားလိဂ် ဇယားမှာလည်း ၂၁ပွဲ ယှဉ်ပြိုင်ကစားထားပြီး
ရမှတ်၃၅မှတ်နဲ့ အဆင့် ၇နေရာမှာ ရပ်တည်နေပါတယ်။
ဝက်စ်ဟမ်းကတော့အထင်သေးရမယ့်အသင်းမဟုတ်သလို
ပရီးမီးယားလိဂ် ဇယားမှာလည်း ၂၂ပွဲကစားထားပြီး
ရမှတ် ၃၇မှတ်နဲ့ အဆင့် ၄နေရာမှာ ရောက်ရှိနေတဲ့ အသင်းလည်းဖြစ်ပါတယ်။
နောက်ဆုံး ၅ပွဲအနေအထားမှာလည်း ၄ပွဲဆက် အနိုင်ကစားပြထားလို့
ယူနိုက်တက်အသင်းကို ဒုက္ခလှလှပေးလိမ့်မယ်ဆိုတာ အသေအချာပါပဲ။
အိုဝင်က “ဗီလာကို ၂ဂိုး အသာနဲ့ ဦးဆောင်ထားပြီးမှ အနိုင်မယူနိုင်ခဲ့တဲ့
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပွဲမှာတော့ ဘရန့်ဖို့ဒ်ကို
အနိုင်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ သူတို့က တိုက်စစ်လိုက်ပါတာ
ကောင်းမွန်တဲ့ ပုံစံ တွေ့ရပါတယ်။
ဒါပေမယ့် ခံစစ်မှာ ပြိုင်ဘက်ကို အခွင့်အရေးတွေ အများကြီးပေးနေတယ်။
ဒီဂီယာက ဒီတလော သီတင်းပတ်တွေမှာ လုံးဝ ပုံစံကောင်း ရနေပါတယ်။
ဒါပေမယ့် အရာရာ သူပဲ ကယ်တင်ပေးမယ်လို့
လုံးဝကြီး မှီခို အားထားနေလို့တော့ မရပါဘူး။”
“ဒေးဗစ်မိုယက်စ်က ပြီးခဲ့တဲ့အပတ် လိဒ်စ်ကို ရှုံးလိုက်လို့
အမျက်ထွက်နေပါလိမ့်မယ်။ ဝက်စ်ဟမ်းရဲ့ အဆင့် ၄ အတွင်း ဝင်ဖို့
တွန်းတင်နေတာက ဒီတလောမှာ အခြေမလှ ဖြစ်လာနေပါတယ်။
ဒီထက် ပိုပြီး ခြေချော်ဖို့လည်း သူတို့ အခွင့် မရှိတော့ဘူး။
အထူးသဖြင့် သူတို့ နိုင်နိုင်ခြေ ရှိတဲ့ ပွဲတွေမှာ နိုင်မှ ရမှာပါ။
ဒီတစ်ပတ်မှာ ဝက်စ်ဟမ်းတို့ အရင်ပွဲရလဒ် အတွက် တုန့်ပြန်မှုတွေ
မြင်ရမယ်လို့ ကျွန်တော်ထင်တယ်။ ထူးထူးဆန်းဆန်းကတော့
သူတို့က အသင်းကြီးတွေနဲ့ တွေ့ရင် ပိုကောင်းနေတာပါ။
သူတို့ ကစားပုံနဲ့ ကိုက်ညီနေတာ မျိုးပေါ့။
ဒီပွဲကတော့ ၁-၁ သရေပဲ ကျမယ် ထင်တယ်။”ဆိုပြီး ပြောဆိုပါတယ်။
အိုဝင် ရဲ့ ခန့်မှန်းရလဒ်ကတော့ ယူနိုက်တက် ၁-၁ ဝက်စ်ဟမ်း ဖြစ်ပါတယ်။
zawgyi
ဝက်စ်ဟမ်းကို ယူနိုက်တက် မနိုင်ဘူးလို့ မိုက်ကယ်အိုဝင်ခန့်မှန်း