ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ အမှတ်ပေးဖလားရယူနိုင်တဲ့ ပထမဆုံးနည်းပြဖြစ်လာဖို့ လုပ်နိုင်ဖို့နီးစပ်နေတဲ့ အန်ဆယ်လော့တီ

ယမန်နေ့က ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ

မာယော့ကာကို အဝေးကွင်းမှာ ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ဒုတိယနေရာက

ဆီဗီလာကို ၁၀ မှတ်ဖြတ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

တတိယနေရာက ဘာစီလိုနာကတော့ တစ်ပွဲလျော့ကစားထားပြီး

ရီးရဲလ်နဲ့ ၁၅ မှတ်အထိ ပြတ်တောက်နေလို့

လိုက်မီနိုင်မှာမဟုတ်တော့ဘူးလို့ ခန့်မှန်းရပါတယ်။

ရာသီကုန်ဖို့ကလည်း ၁၀ ပွဲသာလိုတော့တာကြောင့်

ဒီရာသီမှာသာ လာလီဂါဖလားကို ရရှိခဲ့မယ်ဆိုရင်

အန်ဆယ်လော့တီဟာ ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ အမှတ်ပေးဖလားရယူနိုင်တဲ့

ပထမဆုံးနည်းပြဖြစ်လာဖို့ ရှိနေပါတယ်။

အေစီမီလန်၊ ဂျူဗင်တပ်စ်တို့နဲ့အတူ စီးရီးအေဖလား၊

ချယ်လ်ဆီးနဲ့ ပရီးမီးယားလိဂ်၊ ဘိုင်ယန်မြူးနစ်နဲ့ ဘွန်ဒက်လီဂါ၊

ပီအက်စ်ဂျီနဲ့ လီဂူးဖလားတွေကို သူက ဆွတ်ခူးထားခဲ့ပြီးဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်နည်းပြဘ၀ ပထမဆုံးအကြိမ်မှာတော့ အမှတ်ပေးဖလားရရှိအောင်

သူ မစွမ်းဆောင်နိုင်ခဲ့လို့ အဆိုပါစံချိန်ကို စောစောစီးစီးရရှိမယ့်

အခွင့်အရေးနဲ့လွဲချော်ခဲ့ရပြီး အခုမှသာ ဆွတ်ခူးဖို့နီးစပ်လာခဲ့တာဖြစ်ပါတယ်။

zawgyi

ဥေရာပထိပ္တန္းလိဂ္ ၅ ခုမွာ အမွတ္ေပးဖလားရယူႏိုင္တဲ့ ပထမဆုံးနည္းျပျဖစ္လာဖို႔ လုပ္ႏိုင္ဖို႔နီးစပ္ေနတဲ့ အန္ဆယ္ေလာ့တီ

ယမန္ေန႔က ကစားခဲ့တဲ့ လာလီဂါပြဲစဥ္မွာ ရီးရဲလ္မက္ဒရစ္အသင္းဟာ

မာေယာ့ကာကို အေဝးကြင္းမွာ ၃ ဂိုးျပတ္နဲ႔ အႏိုင္ရရွိခဲ့ၿပီး ဒုတိယေနရာက

ဆီဗီလာကို ၁၀ မွတ္ျဖတ္ထားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

တတိယေနရာက ဘာစီလိုနာကေတာ့ တစ္ပြဲေလ်ာ့ကစားထားၿပီး

ရီးရဲလ္နဲ႔ ၁၅ မွတ္အထိ ျပတ္ေတာက္ေနလို႔

လိုက္မီႏိုင္မွာမဟုတ္ေတာ့ဘူးလို႔ ခန႔္မွန္းရပါတယ္။

ရာသီကုန္ဖို႔ကလည္း ၁၀ ပြဲသာလိုေတာ့တာေၾကာင့္

ဒီရာသီမွာသာ လာလီဂါဖလားကို ရရွိခဲ့မယ္ဆိုရင္

အန္ဆယ္ေလာ့တီဟာ ဥေရာပထိပ္တန္းလိဂ္ ၅ ခုမွာ အမွတ္ေပးဖလားရယူႏိုင္တဲ့

ပထမဆုံးနည္းျပျဖစ္လာဖို႔ ရွိေနပါတယ္။

ေအစီမီလန္၊ ဂ်ဴဗင္တပ္စ္တို႔နဲ႔အတူ စီးရီးေအဖလား၊

ခ်ယ္လ္ဆီးနဲ႔ ပရီးမီးယားလိဂ္၊ ဘိုင္ယန္ျမဴးနစ္နဲ႔ ဘြန္ဒက္လီဂါ၊

ပီအက္စ္ဂ်ီနဲ႔ လီဂူးဖလားေတြကို သူက ဆြတ္ခူးထားခဲ့ၿပီးျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္နည္းျပဘ၀ ပထမဆုံးအႀကိမ္မွာေတာ့ အမွတ္ေပးဖလားရရွိေအာင္

သူ မစြမ္းေဆာင္ႏိုင္ခဲ့လို႔ အဆိုပါစံခ်ိန္ကို ေစာေစာစီးစီးရရွိမယ့္

အခြင့္အေရးနဲ႔လြဲေခ်ာ္ခဲ့ရၿပီး အခုမွသာ ဆြတ္ခူးဖို႔နီးစပ္လာခဲ့တာျဖစ္ပါတယ္။