ဥရောပထိပ်တန်းတိုက်စစ်မှူးစာရင်းမှာ ဇယားအောက်ဆုံးမှာ ရော်နယ်ဒိုရပ်တည်နေ

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးခရစ္စတီယာနိုရော်နယ်ဒိုဟာ

ယခုရာသီရဲ့ဥရောပထိပ်တန်းတိုက်စစ်မှူးစာရင်းမှာ

ဇယားအောက်ဆုံးမှာရပ်တည်နေပါတယ်။

StatsBomb ဟာဥရောပထိပ်တန်းလိဂ်ငါးခုမှ အနည်းဆုံး၈ဂိုး၊

ပွဲချိန်ပြည့်၁၀ပွဲနဲ့အထက်ကစားထားတဲ့ တိုက်စစ်မှူးများရဲ့

စွမ်းဆောင်ရည်ကိုအဆင့်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာမိနစ်၉၀လျှင်ပျမ်းမျှ၆.၄၆သာပြိုင်ဘက်ကို

ဖိအားပေးနိုင်ပြီးဇယားအောက်ဆုံးမှာရပ်တည်နေတာလည်းဖြစ်ပါတယ်။

အသက်၃၆နှစ်ရှိရော်နယ်ဒိုဟာယခုရာသီမှာပြိုင်ပွဲအရပ်ရပ်မှာ

၁၄ဂိုးသွင်းထားပေမဲ့လည်းပြိုင်ဘက်ကိုဖိအားပေးကစားခြင်းမရှိတော့ဘဲ

အထောင်တိုက်စစ်မှူးအဖြစ်ဂိုးသွင်းရန်သာလှုပ်ရှားမှုနဲ့အတူ

ဝေဖန်မှုနဲ့ကြုံနေရတာလည်းဖြစ်ပါတယ်။

ဒါ့အပြင်ပီအက်စ်ဂျီစတားကိုင်လီယန်ဘက်ပေးဟာလည်း၇.၇၆ဖြင့်

ရော်နယ်ဒိုရဲ့အထက်တွင်ကပ်ပြီးရပ်တည်နေပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာကတော့ထိပ်ဆုံးမှာ ပရီးမီးယားလိဂ်တွင်

တန်းမဆင်းရရေးတိုက်ပွဲဝင်နေတဲ့ဝက်ဖို့ဒ်မှတိုက်စစ်မှူးအီမန်နူရယ်ဂျိုတာက

၂၀.၈၀ဖြင့်ထိပ်ဆုံးမှာရပ်နေပြီးဂျိုတာက၂၀.၇၀ဖြင့်ဒုတိယနေရာမှာရပ်တည်နေပါတယ်။

ရီးရဲလ်မက်ဒရစ်စတားဗီနီစီယပ်စ်က၁၉.၆၀ဖြင့်တတိယနေရာမှာရပ်တည်နေပါတယ်။

zawgyi

ဥေရာပထိပ္တန္းတိုက္စစ္မႉးစာရင္းမွာ ဇယားေအာက္ဆုံးမွာ ေရာ္နယ္ဒိုရပ္တည္ေန

မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉးခရစၥတီယာႏိုေရာ္နယ္ဒိုဟာ

ယခုရာသီရဲ႕ဥေရာပထိပ္တန္းတိုက္စစ္မႉးစာရင္းမွာ

ဇယားေအာက္ဆုံးမွာရပ္တည္ေနပါတယ္။

StatsBomb ဟာဥေရာပထိပ္တန္းလိဂ္ငါးခုမွ အနည္းဆုံး၈ဂိုး၊

ပြဲခ်ိန္ျပည့္၁၀ပြဲနဲ႔အထက္ကစားထားတဲ့ တိုက္စစ္မႉးမ်ားရဲ႕

စြမ္းေဆာင္ရည္ကိုအဆင့္သတ္မွတ္ခဲ့တာျဖစ္ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမိနစ္၉၀လွ်င္ပ်မ္းမွ်၆.၄၆သာၿပိဳင္ဘက္ကို

ဖိအားေပးႏိုင္ၿပီးဇယားေအာက္ဆုံးမွာရပ္တည္ေနတာလည္းျဖစ္ပါတယ္။

အသက္၃၆ႏွစ္ရွိေရာ္နယ္ဒိုဟာယခုရာသီမွာၿပိဳင္ပြဲအရပ္ရပ္မွာ

၁၄ဂိုးသြင္းထားေပမဲ့လည္းၿပိဳင္ဘက္ကိုဖိအားေပးကစားျခင္းမရွိေတာ့ဘဲ

အေထာင္တိုက္စစ္မႉးအျဖစ္ဂိုးသြင္းရန္သာလႈပ္ရွားမႈနဲ႔အတူ

ေဝဖန္မႈနဲ႔ႀကဳံေနရတာလည္းျဖစ္ပါတယ္။ဒါ့အျပင္ပီအက္စ္ဂ်ီစတား

ကိုင္လီယန္ဘက္ေပးဟာလည္း၇.၇၆ျဖင့္

ေရာ္နယ္ဒိုရဲ႕အထက္တြင္ကပ္ၿပီးရပ္တည္ေနပါတယ္။

စိတ္ဝင္စားဖို႔ေကာင္းတာကေတာ့ထိပ္ဆုံးမွာ ပရီးမီးယားလိဂ္တြင္

တန္းမဆင္းရေရးတိုက္ပြဲဝင္ေနတဲ့ဝက္ဖို႔ဒ္မွတိုက္စစ္မႉးအီမန္ႏူရယ္ဂ်ိဳတာက

၂၀.၈၀ျဖင့္ထိပ္ဆုံးမွာရပ္ေနၿပီးဂ်ိဳတာက၂၀.၇၀ျဖင့္ဒုတိယေနရာမွာရပ္တည္ေနပါတယ္။

ရီးရဲလ္မက္ဒရစ္စတားဗီနီစီယပ္စ္က၁၉.၆၀ျဖင့္တတိယေနရာမွာရပ္တည္ေနပါတယ္။