တောင်အမေရိက ခြေစစ်ပွဲစဥ် ၁၆ ကို မြန်မာစံတော်ချိန်
ဒီကနေ့ညနဲ့ မနက်ဖြန်မနက် မှာ ၅ ပွဲလုံးကစားကြမှာပါ။
လက်ကျန် ၂ ပွဲကို မတ်လရောက်မှ ပြန်ကစားမှာဖြစ်ပြီး
ဒီကနေ့ကစားမယ့်ပွဲတွေမှာတော့ ဥရုဂွေးကို အကြိုက်ဆုံးပါပဲ။
ဘိုလီးဗီးယား VS ချီလီ
ဘိုလီးဗီးယားဟာ ခြေစစ်ပွဲအစ ၁၀ ပွဲမှာ ၁ ပွဲပဲနိုင်ပြီး
၆ မှတ်သာရခဲ့တဲ့အနေအထားကနေ ခြေစစ်ပွဲအောင်ဖို့
မျှော်လင့်ချက်ပြန်ရှိလာခဲ့တာပါ။
ဗင်နီဇွဲလားကို ရှုံးခဲ့တဲ့ပွဲက အနီကတ်ထိခဲ့တဲ့ကွင်းလယ်လူ
ဂျက်စတီနီယာနိုပွဲပယ်ခံထားရပါတယ်။ ဒါပေမယ့် ဘိုလီးဗီးယားဟာ
သူ့အိမ်ကွင်းမှာတော့ အသင်းတိုင်းကို အခက်တွေ့အောင်ကစားနိုင်တဲ့အသင်းပါ။
ချီလီမှာ ဗီဒယ်မပါနိုင်သေးသလို ဗားဂတ်စ်၊ မာရီပန်နဲ့
ပူလ်ဂါတို့ ၃ ဦးတောင် ပွဲပယ်ခံထားရပါတယ်။
အင်တာမှာ ပုံမှန်နေရာမရတဲ့ ဆန်းချက်ဇ်ကို အခုချိန်ထိ
အားကိုးနေရဆဲဖြစ်ပြီး အသင်းလိုက်ခြေစွမ်းလည်း
အရင်လို မကောင်းတော့ပါဘူး။ အိမ်ကွင်းမှာ အသင်းတိုင်းကို
ဖြိုနိုင်စွမ်းရှိတဲ့ ဘိုလီးဗီးယားကိုပဲ ၂၀ ရှုံးနဲ့ အပြည့်လဲချင်ပါတယ်။
ဘိုလီးဗီးယား
ဥရုဂွေး Vs ဗင်နီဇွဲလား
ခြေစစ်ပွဲအောင်ဖို့ ပလေးအော့ဖ်ကစားရမယ့်အဆင့် ၅ နေရာမှာ ရှိနေတဲ့
ဥရုဂွေးအတွက် ဒီပွဲကလုံးဝအမှားမခံပါဘူး။
ဥရုဂွေးဟာသူတို့ရဲ့အိမ်ကွင်းမှာ ဗင်နီဇွဲလားနဲ့ နောက်ဆုံးတွေ့ဆုံခဲ့စဥ်
၃-၀နဲ့ အနိုင်ရခဲ့သလို နောက်ဆုံး ၃ ပွဲဆက်တိုက်လည်း ဂိုးမပေးခဲ့ရဘူး။
ဗင်နီဇွဲလားကိုလည်း ၁၉၆၅ ကစလို့ အိမ်ကွင်းမှာ ၁ ပွဲပဲ ရှုံးခဲ့ဖူးတာပါ။
ဗင်နီဇွဲလားဟာ နောက်ဆုံးပွဲမှာ ဘိုလီးဗီးယားကို အနိုင်ရခဲ့ပေမယ့်
ဇယားအောက်ဆုံးမှာ ရောက်နေသလို
တိုက်ရိုက်ခြေစစ်ပွဲလည်း မအောင်တော့ပါဘူး။
ဘိုလီးဗီးယားပြီးရင်လည်း ခံစစ်အညံ့ဆုံးအသင်းဖြစ်ပြီး
၁၅ ပွဲမှာ ၂၆ ဂိုးအထိပေးထားရပါတယ်။ ဥရုဂွေးမဖြစ်မနေ
အနိုင်ကစားမယ့်ပွဲဖြစ်သလို ဂိုးပြတ်နိုင်ပွဲလည်း ဖြစ်နိုင်ပါတယ်။
ဥရုဂွေး
အာဂျင်တီးနား VS ကိုလံဘီယာ
အာဂျင်တီးနားက ခြေစစ်ပွဲအောင်ထားပြီးသားဖြစ်သလို
ဒီပွဲမှာလည်း အော့တာမန်ဒီ၊တာဂလီယာဖီကို၊
ရိုဒရီဒီပေါလ်တို့ ပွဲပယ်ခံထားရတယ်။ နည်းပြစကာလိုနီကလည်း
ကိုဗစ်ကြောင့် ချီလီပွဲလွဲခဲ့သလို ဒီပွဲလည်း မသေချာသေးပါဘူး။
မက်ဆီကိုတောင် ထည့်မရွေးထားလို့ ဒီပွဲက အိမ်ကွင်းဖြစ်ပေမယ့်
သာမန်လောက်သာ ကစားဖွယ်ရှိနေတယ်။
ကိုလံဘီယာအတွက် လက်ကျန်ပွဲတိုင်းက အရေးပါနေပါတယ်။
သူတို့တိုက်စစ်ကတော့ အားရစရာမရှိဘဲ
ခြေစစ်ပွဲ ၆ ပွဲဆက် ဂိုးပေါက်ပျောက်နေပါတယ်။
အာဂျင်တီးနားနဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲဆက် ကိုလံဘီယာ မရှုံးခဲ့ဘူး။
၂ ဂိုးထွက်လာဖို့ မလွယ်လို့ ဂိုးအောက်ကြိုက်ပါတယ်။
ဂိုးအောက်
ဘရာဇီး Vs ပါရာဂွေး
အိမ်ကွင်းမှာ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲနောက်ဆုံး ၁၅ ပွဲဆက်တိုက်
ဘရာဇီးရှုံးပွဲမရှိဘဲ ၁၄ ပွဲနိုင်ခဲ့တယ်။ အီမာဆင်ရွ ိုင်ရဲလ်၊ မီလီတာအိုတို့လည်း
ပွဲပယ်ခံထားရပြီး ခြေစစ်ပွဲအောင်ပြီးသားဖြစ်လို့ အရန်တွေ ထုတ်သုံးဖို့ များပါတယ်။
ပါရာဂွေးက အဆင့် ၉နေရာမှာ ရှိနေပြီး ဒီပွဲရှံးခဲ့ရင်တော့
ခြေစစ်ပွဲအောင်မယ့်မျှော်လင့်ချက် အဆုံးသတ်သွားဖို့ ရှိပါတယ်။
ပါရာဂွေးတိုက်စစ်ကလည်း ဒီခြေစစ်ပွဲတွေမှာ အညံ့ဆုံးဖြစ်ပြီး
၁၅ ပွဲမှာ ၉ ဂိုးပဲ သွင်းနိုင်ခဲ့တယ်။ ဘရာဇီးနိုင်ဖို့ များပေမယ့်
ဂိုးမြူးဖို့ မလွယ်လို့ ဂိုးအောက်ပဲ ရွေးချင်ပါတယ်။
ဂိုးအောက်
ပီရူး Vs အီကွေဒေါ
အဆင့် ၄ နေရာကပီရူးနဲ့ အဆင့် ၃ နေရာက အီကွေဒေါတို့
ထိပ်တိုက်တွေ့ကြတာပါ။ ပီရူးဟာ ပထမအကျော့က
အီကွေဒေါကွင်းမှာ ၂ ဂိုးဦးဆောင်သွင်းပြီး ၁-၂ နဲ့ အနိုင်ရခဲ့ပါတယ်။
ဒီပွဲနိုင်လိုက်ရင်လည်း အတော်လေးအခြေအနေကောင်းသွားမှာမို့
ဗိုလ်လုပွဲပမာကစားဖို့ ရှိနေပါတယ်။
အီကွေဒေါကလည်း ဘရာဇီးနဲ့ အာဂျင်တီးနားပြီးရင်
အမှတ်အများဆုံး ရယူနိုင်ခဲ့တဲ့ အသင်းဖြစ်သလို
ဒီခြေစစ်ပွဲမှာ ဘရာဇီးပြီးရင် တိုက်စစ်အကောင်းဆုံး အသင်းပါပဲ။
အဝေးကွင်းမှာ ကစားတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ
၁၅ ပွဲအနက် ၁၃ ပွဲ ဂိုးပေးခဲ့ရပါတယ်။ ၂သင်းစလုံး
တိုက်စစ်ရှိတဲ့အသင်းတွေမို့ ဂိုးအပေါ်ကိုပဲ ကြိုက်တယ်။
ဂိုးအပေါ်
zawgyi
ဥရုဂွေးကို ရွေးချယ်ထားသင့်တဲ့ တောင်အမေရိကဇုန် ခြေစစ်ပွဲများ ( ကိုရွှေမောင်း )
ဘိုလီးဗီးယား VS ချီလီ
ဘိုလီးဗီးယား
ဥရုဂွေး
ဂိုးအောက်
ဘရာဇီး Vs ပါရာဂွေး
ဂိုးအောက်
ပီရူး Vs အီကွေဒေါ
ထိပ်တိုက်တွေ့ကြတာပါ။ ပီရူးဟာ ပထမအကျော့က
ဂိုးအပေါ်