
ယူနိုက်တက်အသင်းနည်းပြသစ်အဖြစ် လက်ရှိအေဂျက်စ်အသင်းနည်းပြ
အဲရစ်တန်ဟက်ခ်ကို ခန့်အပ်သွားရန် မန်စီးတီးနည်းပြ ပတ်ဂွါဒီယိုလာက
မြို့ခံပြိုင်ဘက်အသင်းအား တိုက်တွန်းပြောကြားခဲ့ပါတယ်။
ဂွါဒီယိုလာနှင့်အဲရစ်တန်ဟက်ခ်တို့ဟာဘိုင်ယန်မြူးနစ်မှာတုန်းက
အလုပ်အတူတူလုပ်ခဲ့ကြဖူးသူများဖြစ်ပါတယ်။
ဂွါဒီယိုလာက “ကျွန်တော်တို့ပုံမှန်စကားပြောဖြစ်ခဲ့ပါတယ်။
သူကလူပီသတဲ့သူတစ်ဦးပါ။သူ့ရဲ့နှိမ့်ချနေထိုင်တတ်မှုအပေါ်အရမ်းအံ့ဩသင့်ခဲ့ရတယ်။
ပြီးခဲ့တဲ့နှစ်တွေကအေဂျက်စ်ကိုကြည့်လိုက်ရင်သူ့အရည်အချင်းကိုမြင်နိုင်ပါတယ်။
ကြည့်ရတာဘယ်လောက်ကောင်းလိုက်သလဲ။ပွဲတွေအများကြီးပဲ။
ချန်ပီယံလိဂ်ဆီမီးရောက်တဲ့နှစ်တုန်းကသက်သက်မဟုတ်ပါဘူး။
အရည်အချင်းကိုသိချင်ရင်သူ့အသင်းကိုသာကြည့်လိုက်ပါ။
နည်းပြတစ်ဦးရဲ့အရည်အချင်းကိုဆုံးဖြတ်ဖို့အသင်းကို
တာရှည်စောင့်ကြည့်လိုက်ရင်သိပါတယ်။
နည်းပြကကစားစေချင်တဲ့အတိုင်းကစားနေတယ်။
ဒါနဲ့ပတ်သက်ပြီးသံသယဝင်စရာမရှိဘူး။
ကျွန်တော်သာဆိုရင်ယူနိုက်တက်ကို သူ့ကိုပဲခန့်ဖို့ပြောပါမယ်။
ဒါပေမဲ့ဘာဖြစ်လာမလဲဘယ်သူမှမသိပါဘူး”လို့ပြောကြားသွားပါတယ်။
၂၀၁၉ ခုနှစ်ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ရောက် အေဂျက်စ်အသင်းကိုဦးဆောင်ခဲ့သော
အသက် ၅၉ နှစ်အရွယ် တန်ဟက်ခ်ဟာ ယခုရာသီတွင်
နယ်သာလန်ပြည်တွင်းအမှတ်ပေးဖလားချန်ပီယံဆုအား
တတိယအကြိမ်အဖြစ်ဆွတ်ခူးနိုင်ရန် ကြိုးစားနေပါတယ်။
zawgyi
အဲရစ္တန္ဟက္ခ္ကို ခန႔္အပ္သြားရန္ ၿမိဳ႕ခံၿပိဳင္ဘက္အသင္းအား ပတ္ဂြါဒီယိုလာ တိုက္တြန္း
ယူႏိုက္တက္အသင္းနည္းျပသစ္အျဖစ္ လက္ရွိေအဂ်က္စ္အသင္းနည္းျပ
အဲရစ္တန္ဟက္ခ္ကို ခန႔္အပ္သြားရန္ မန္စီးတီးနည္းျပ ပတ္ဂြါဒီယိုလာက
ၿမိဳ႕ခံၿပိဳင္ဘက္အသင္းအား တိုက္တြန္းေျပာၾကားခဲ့ပါတယ္။
ဂြါဒီယိုလာႏွင့္အဲရစ္တန္ဟက္ခ္တို႔ဟာဘိုင္ယန္ျမဴးနစ္မွာတုန္းက
အလုပ္အတူတူလုပ္ခဲ့ၾကဖူးသူမ်ားျဖစ္ပါတယ္။
ဂြါဒီယိုလာက “ကြၽန္ေတာ္တို႔ပုံမွန္စကားေျပာျဖစ္ခဲ့ပါတယ္။
သူကလူပီသတဲ့သူတစ္ဦးပါ။သူ႔ရဲ႕ႏွိမ့္ခ်ေနထိုင္တတ္မႈအေပၚအရမ္းအံ့ဩသင့္ခဲ့ရတယ္။
ၿပီးခဲ့တဲ့ႏွစ္ေတြကေအဂ်က္စ္ကိုၾကည့္လိုက္ရင္သူ႔အရည္အခ်င္းကိုျမင္ႏိုင္ပါတယ္။
ၾကည့္ရတာဘယ္ေလာက္ေကာင္းလိုက္သလဲ။ပြဲေတြအမ်ားႀကီးပဲ။
ခ်န္ပီယံလိဂ္ဆီမီးေရာက္တဲ့ႏွစ္တုန္းကသက္သက္မဟုတ္ပါဘူး။
အရည္အခ်င္းကိုသိခ်င္ရင္သူ႔အသင္းကိုသာၾကည့္လိုက္ပါ။
နည္းျပတစ္ဦးရဲ႕အရည္အခ်င္းကိုဆုံးျဖတ္ဖို႔အသင္းကို
တာရွည္ေစာင့္ၾကည့္လိုက္ရင္သိပါတယ္။
နည္းျပကကစားေစခ်င္တဲ့အတိုင္းကစားေနတယ္။
ဒါနဲ႔ပတ္သက္ၿပီးသံသယဝင္စရာမရွိဘူး။
ကြၽန္ေတာ္သာဆိုရင္ယူႏိုက္တက္ကို သူ႔ကိုပဲခန႔္ဖို႔ေျပာပါမယ္။
ဒါေပမဲ့ဘာျဖစ္လာမလဲဘယ္သူမွမသိပါဘူး”လို႔ေျပာၾကားသြားပါတယ္။
၂၀၁၉ ခုႏွစ္ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ေရာက္ ေအဂ်က္စ္အသင္းကိုဦးေဆာင္ခဲ့ေသာ
အသက္ ၅၉ ႏွစ္အ႐ြယ္ တန္ဟက္ခ္ဟာ ယခုရာသီတြင္
နယ္သာလန္ျပည္တြင္းအမွတ္ေပးဖလားခ်န္ပီယံဆုအား
တတိယအႀကိမ္အျဖစ္ဆြတ္ခူးႏိုင္ရန္ ႀကိဳးစားေနပါတယ္။