အူဘာမီယန်အတွက် အယ်နက်စ်ရဲ့ကမ်းလှမ်းမှု တစုံတရာတုံပြန်ခြင်းမရှိသေး

ဆော်ဒီကလပ်အယ်နက်စ်ဟာအာဆင်နယ်တိုက်စစ်မှူးအူဘာမီယန်ကို

အငှားဖြင့်ခေါ်ယူရန်ကမ်းလှမ်းမှုပြုလုပ်ထားပါတယ်။

အူဘာမီယန်ဟာစည်းကမ်းချိုးဖောက်မှုပြုလုပ်မှုကြောင့်

ဒီဇင်ဘာလ၆ရက်နေ့ကတည်းကအာဆင်နယ်အတွက်

ကစားခွင့်ဆုံးရှုံးလာသူဖြစ်ပြီးအသင်းခေါင်းဆောင်အဖြစ်မှလည်း

ဖယ်ရှားခြင်းခံထားရပါတယ်။

သူဟာဂါဘွန်နှင့်အတူ အာဖရိကဖလားပြိုင်ပွဲကစားရန်သွားရောက်ခဲ့ပေမဲ့

ကိုဗစ်ကူးစက်ခံရပြီးနောက် အသေးစားနှလုံးရောဂါပြဿနာ

ကြုံရပြီးနောက် ကလပ်သို့ပြန်ပို့ခံခဲ့ရပါတယ်။

ယခုအခါအယ်နက်စ်ဟာအသက်၃၂နှစ်ရှိအူဘာမီယန်ကို

အပြီးသတ်ခေါ်ယူမယ့်အချက်ပါ အငှားစာချုပ်ဖြင့်

ကမ်းလှမ်းမှုပြုလုပ်လာပြီဖြစ်ပါတယ်။

လက်ရှိအချိန်တွင် အာဆင်နယ်ဘက်က အူဘာမီယန်အတွက်

အယ်နက်စ်ရဲ့ကမ်းလှမ်းမှုကို တစုံတရာတုံပြန်ခြင်းမရှိသေးပါဘူး။

အာဆင်နယ်နည်းပြအာတီတာက အာဖရိကဖလားပြိုင်ပွဲမှ

ပြန်ရောက်လာတဲ့အူဘာမီယန်ရဲ့ကျန်းမာရေးအခြေအနေကို

စစ်ဆေးမှုပြုလုပ်သွားရမည်ဖြစ်ကြောင်းဆိုထားပါတယ်။

zawgyi

အူဘာမီယန္အတြက္ အယ္နက္စ္ရဲ႕ကမ္းလွမ္းမႈ တစုံတရာတုံျပန္ျခင္းမရွိေသး

ေဆာ္ဒီကလပ္အယ္နက္စ္ဟာအာဆင္နယ္တိုက္စစ္မႉးအူဘာမီယန္ကို

အငွားျဖင့္ေခၚယူရန္ကမ္းလွမ္းမႈျပဳလုပ္ထားပါတယ္။

အူဘာမီယန္ဟာစည္းကမ္းခ်ိဳးေဖာက္မႈျပဳလုပ္မႈေၾကာင့္

ဒီဇင္ဘာလ၆ရက္ေန႔ကတည္းကအာဆင္နယ္အတြက္

ကစားခြင့္ဆုံးရႈံးလာသူျဖစ္ၿပီးအသင္းေခါင္းေဆာင္အျဖစ္မွလည္း

ဖယ္ရွားျခင္းခံထားရပါတယ္။

သူဟာဂါဘြန္ႏွင့္အတူ အာဖရိကဖလားၿပိဳင္ပြဲကစားရန္သြားေရာက္ခဲ့ေပမဲ့

ကိုဗစ္ကူးစက္ခံရၿပီးေနာက္ အေသးစားႏွလုံးေရာဂါျပႆနာ

ႀကဳံရၿပီးေနာက္ ကလပ္သို႔ျပန္ပို႔ခံခဲ့ရပါတယ္။

ယခုအခါအယ္နက္စ္ဟာအသက္၃၂ႏွစ္ရွိအူဘာမီယန္ကို

အၿပီးသတ္ေခၚယူမယ့္အခ်က္ပါ အငွားစာခ်ဳပ္ျဖင့္

ကမ္းလွမ္းမႈျပဳလုပ္လာၿပီျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္ အာဆင္နယ္ဘက္က အူဘာမီယန္အတြက္

အယ္နက္စ္ရဲ႕ကမ္းလွမ္းမႈကို တစုံတရာတုံျပန္ျခင္းမရွိေသးပါဘူး။

အာဆင္နယ္နည္းျပအာတီတာက အာဖရိကဖလားၿပိဳင္ပြဲမွ

ျပန္ေရာက္လာတဲ့အူဘာမီယန္ရဲ႕က်န္းမာေရးအေျခအေနကို

စစ္ေဆးမႈျပဳလုပ္သြားရမည္ျဖစ္ေၾကာင္းဆိုထားပါတယ္။