
အသင်းငယ်လေးမြောက်မက်ဆီဒိုးရီးယားကိုရှုံးပြီး
ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်ခဲ့ပြီးနောက် အီတလီနည်းပြရောဘတ်တိုမန်ချီနီဟာ
မိခင်ဖြစ်သူရဲ့ဝေဖန်မှုလုပ်ခြင်းကို ခံလိုက်ရပါတယ်။
မန်ချီနီရဲ့မိခင် ပိုလိုဟာ အီတလီရဲ့ကျရှုံးမှုမှာ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ခဲ့တဲ့
ချဲလ်ဆီးကွင်းလယ်လူဂျော်ဂျင်ဟိုကိုလည်း ပြစ်တင်မှုလုပ်ခဲ့သေးတာပါ။
အဲဒီပွဲမှာ အီတလီဟာ ဂိုးကန်သွင်းချက်များစွာလုပ်ခဲ့ပေမယ့်
တစ်ခုမှအရာမထင်ခဲ့ဘဲ ပွဲပြီးခါနီး ၉၂ မိနစ်အရောက်မှာ
တစ်လုံးတည်းသောအနိုင်ဂိုးပေးခဲ့ရပါတယ်။
ပွဲပြီးနောက်တစ်ရက်မှာ မန်ချီနီရဲ့မိခင်က သူ့သားရဲ့အသင်းဟာ
ဘာလော့တယ်လီကို လိုအပ်ခဲ့ကြောင်း ပြောကြားလိုက်တာပါ။
”မနေ့ကပွဲဟာ ဒီ့ထက်ပိုကောင်းနိုင်ပါတယ်။ ဒါပေမဲ့ ဒါက ဘောလုံးပါပဲ။
တစ်ခါတစ်ရံမှာ မှန်တာတွေရှိသလို တစ်ခါတစ်ရံကျတော့လည်း မှားသွားတတ်ပါတယ်။
ကျွန်မတို့ ကောင်းကောင်းကစားနိုင်ခဲ့ပေမယ့် တိုက်စစ်က အဆင်မပြေခဲ့ပါဘူး။
ကျွန်မသာဆို ဘာလော့တယ်လီကို ခေါ်လိုက်မှာပါ။
သူက ရုပ်ပိုင်းဆိုင်ရာ အားသာချက်ရှိသလို ဂိုးရှေ့မှာဆို
ဘယ်သူမှ သူ့ကို မတားနိုင်ပါဘူး”လု့ိ ပိုလိုက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ပိုလိုက အီတလီဟာ အခုလိုအနေအထားမျိုုးမရောက်သင့်ဘူးလို့ ဆိုခဲ့ပါတယ်။
ကွင်းလယ်လူဂျော်ဂျင်ဟိုဟာ ခြေစစ်ပွဲရဲ့အုပ်စုအဆင့်တုန်းက
ပင်နယ်တီ ၃ ကြိမ်လွဲခဲ့တာဖြစ်ပြီး သူမက အဲဒါတွေကို မမေ့ခဲ့ပါဘူး။
”ကံဆိုးချင်တော့ ဂျော်ဂျင်ဟိုရဲ့အမှားတွေက ကျွန်မတို့ကို နစ်နာစေပါတယ်။
သူ့ဘက်က ရည်ရွယ်ပြီးလုပ်တာ မဟုတ်လို့ သူ့ကို လက်ညှိုးမထိုးချင်ပေမယ့်
ပင်နယ်တီ ၃ လုံးလွဲမယ်ဆိုရင်တော့…..”လို့ ပိုလိုက ဆက်လက်ပြောကြားခဲ့တာပါ။
ဒါ့အပြင် ပိုလိုဟာ မက်ဆီဒိုးနီးယားရဲ့ဂိုးကန်သွင်းခွင့်တစ်ကြိမ်တည်းကို
မတားဆီးနိုင်ခဲ့တဲ့ ဂိုးသမားဒွန်နာရမ်မာကိုလည်း ဝေဖန်သွားခဲ့ပါသေးတယ်။
zawgyi
အီတလီနည္းျပမန္ခ်ီနီ လူေ႐ြးခ်ယ္မႈနဲ႔ပတ္သက္လို႔ မိခင္ျဖစ္သူရဲ႕ေဝဖန္ျခင္းခံရ
အသင္းငယ္ေလးေျမာက္မက္ဆီဒိုးရီးယားကိုရႈံးၿပီး
ကမာၻ႔ဖလားေျခစစ္ပြဲ မေအာင္ခဲ့ၿပီးေနာက္ အီတလီနည္းျပေရာဘတ္တိုမန္ခ်ီနီဟာ
မိခင္ျဖစ္သူရဲ႕ေဝဖန္မႈလုပ္ျခင္းကို ခံလိုက္ရပါတယ္။
မန္ခ်ီနီရဲ႕မိခင္ ပိုလိုဟာ အီတလီရဲ႕က်ရႈံးမႈမွာ တစ္စိတ္တစ္ပိုင္းအျဖစ္ ပါဝင္ခဲ့တဲ့
ခ်ဲလ္ဆီးကြင္းလယ္လူေဂ်ာ္ဂ်င္ဟိုကိုလည္း ျပစ္တင္မႈလုပ္ခဲ့ေသးတာပါ။
အဲဒီပြဲမွာ အီတလီဟာ ဂိုးကန္သြင္းခ်က္မ်ားစြာလုပ္ခဲ့ေပမယ့္
တစ္ခုမွအရာမထင္ခဲ့ဘဲ ပြဲၿပီးခါနီး ၉၂ မိနစ္အေရာက္မွာ
တစ္လုံးတည္းေသာအႏိုင္ဂိုးေပးခဲ့ရပါတယ္။
ပြဲၿပီးေနာက္တစ္ရက္မွာ မန္ခ်ီနီရဲ႕မိခင္က သူ႔သားရဲ႕အသင္းဟာ
ဘာေလာ့တယ္လီကို လိုအပ္ခဲ့ေၾကာင္း ေျပာၾကားလိုက္တာပါ။
”မေန႔ကပြဲဟာ ဒီ့ထက္ပိုေကာင္းႏိုင္ပါတယ္။ ဒါေပမဲ့ ဒါက ေဘာလုံးပါပဲ။
တစ္ခါတစ္ရံမွာ မွန္တာေတြရွိသလို တစ္ခါတစ္ရံက်ေတာ့လည္း မွားသြားတတ္ပါတယ္။
ကြၽန္မတို႔ ေကာင္းေကာင္းကစားႏိုင္ခဲ့ေပမယ့္ တိုက္စစ္က အဆင္မေျပခဲ့ပါဘူး။
ကြၽန္မသာဆို ဘာေလာ့တယ္လီကို ေခၚလိုက္မွာပါ။
သူက ႐ုပ္ပိုင္းဆိုင္ရာ အားသာခ်က္ရွိသလို ဂိုးေရွ႕မွာဆို
ဘယ္သူမွ သူ႔ကို မတားႏိုင္ပါဘူး”လု႔ိ ပိုလိုက ေျပာၾကားခဲ့ပါတယ္။
ဒါ့အျပင္ ပိုလိုက အီတလီဟာ အခုလိုအေနအထားမ်ိဳုးမေရာက္သင့္ဘူးလို႔ ဆိုခဲ့ပါတယ္။
ကြင္းလယ္လူေဂ်ာ္ဂ်င္ဟိုဟာ ေျခစစ္ပြဲရဲ႕အုပ္စုအဆင့္တုန္းက
ပင္နယ္တီ ၃ ႀကိမ္လြဲခဲ့တာျဖစ္ၿပီး သူမက အဲဒါေတြကို မေမ့ခဲ့ပါဘူး။
”ကံဆိုးခ်င္ေတာ့ ေဂ်ာ္ဂ်င္ဟိုရဲ႕အမွားေတြက ကြၽန္မတို႔ကို နစ္နာေစပါတယ္။
သူ႔ဘက္က ရည္႐ြယ္ၿပီးလုပ္တာ မဟုတ္လို႔ သူ႔ကို လက္ညႇိဳးမထိုးခ်င္ေပမယ့္
ပင္နယ္တီ ၃ လုံးလြဲမယ္ဆိုရင္ေတာ့…..”လို႔ ပိုလိုက ဆက္လက္ေျပာၾကားခဲ့တာပါ။
ဒါ့အျပင္ ပိုလိုဟာ မက္ဆီဒိုးနီးယားရဲ႕ဂိုးကန္သြင္းခြင့္တစ္ႀကိမ္တည္းကို
မတားဆီးႏိုင္ခဲ့တဲ့ ဂိုးသမားဒြန္နာရမ္မာကိုလည္း ေဝဖန္သြားခဲ့ပါေသးတယ္။