အိုးလ်ထရက်ဖို့ဒ်ကွင်းကို ခေတ်နဲ့အညီဖြစ်စေဖို့အတွက် မန်ယူစီစဥ်ဖွယ်ရှိ 

မန်ယူအသင်းဟာ သူတို့ရဲ့သမိုင်းဝင်အိုးလ်ထရက်ဖို့ဒ်ကွင်းကို

ခေတ်နဲ့အညီဖြစ်စေဖို့အတွက် စီမံကိန်းချမှတ်ထားရာမှာ

လက်ရှိကွင်းကိုဖြိုချပြီး အသစ်ပြန်လည်တည်ဆောက်မယ့်အစီအစဥ်ကိုလည်း

ထည့်သွင်းသတ်မှတ်ထားတယ်လို့ သိရပါ တယ်။

၁၉၁၀ ကစတင်တည်ဆောက်ခဲ့တဲ့အတွက် အိုးလ်ထရက်ဖို့ဒ်ကွင်းရဲ့သက်တမ်းဟာ

၁၁၂ နှစ်ရှိပြီဖြစ်ပြီး ကမ္ဘာပေါ် မှာအကျော်ကြားဆုံးကွင်းတွေထဲက

တစ်ခုအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။

ဒီကွင်းဟာ ဆာမတ်စ်ဘတ်စ်ဘီရဲ့ ချာ တိတ်များ(Busby Babes)

အစွမ်းပြခဲ့တဲ့ကွင်းဖြစ်သလို အဲလက်စ်ဖာဂူဆန်ရဲ့ ၁၉၉၉ ဖလား ၃ လုံးရခဲ့တဲ့

အသင်းတို့ရဲ့အခြေ စိုက်ရာနေရာလည်းဖြစ်ခဲ့ပါတယ်။

အရင်ကတော့ အိုးလ်ထရက်ဖို့ဒ်ဟာ အကောင်းဆုံးကွင်းတွေထဲကတစ်ခုဖြစ်ခဲ့ပေမယ့်

လက်ရှိမှာ မန်စီးတီးရဲ့အီတီဟတ်ကွင်း၊ စပါးရဲ့ လန်ဒန်ကွင်းတွေနဲ့စာရင်

အဘက်ဘက်ကနိမ့်ကျသွားခဲ့ပြီဖြစ်လို့ ပြန်လည် ဖွံ့ဖြိုးရေးအတွက်

စီမံကိန်းချမှတ်ခဲ့ရာမှာ လက်ရှိကွင်းကိုဖြိုပြီးအသစ်ပြန်တည်ဆောက်ဖို့အပါအဝင်

ရွေးချယ်စရာ ၃ ခုကို သတ်မှတ်ထားတာပါ။ နောက်ထပ်ရွေးချယ်စရာတွေကတော့

သက်တမ်းရင့်လာပြီဖြစ်တဲ့ South Stand ကိုပြန်လည် တည်ဆောက်ဖို့ဖြစ်ပြီး

လက်ရှိကွင်းအနောက်ဖက်က ရထားလမ်းကိုပါကျော်ကာ

တည်ဆောက်ဖို့စီစဥ်ထားမှုဖြစ်ပါတယ်။

နောက်ထပ်တစ်ခုကတော့ လက်ရှိကွင်းလေးဘက်လေးတန် ကို

စနစ်ကျတဲ့ဖွဲ့စည်းတည်ဆောက်မှုနဲ့အတူ ပွဲတွေကို

စဥ်ဆက် မပြတ်ဆက်လက်ကျင်းပဖို့ဘဲဖြစ်ပါတယ်။

လက်ရှိမှာ အိုးလ်ထရက်ဖို့ဒ်ကွင်းဟာ သူ့နားကရထားလမ်းကိုရှောင်ပြီး

ဆောက်လုပ်ထားရတာကြောင့် ပရိသတ် ၇၄၀၀၀ သာဝင်ဆန့်တာပါ။

ဒါကိုနည်းပညာသစ်နဲ့ ရထားလမ်းကိုပါကျော်ပြီးခြုံငုံတည်ဆောက်လိုက်မယ်ဆိုရင်

၈၀၀၀၀ အထိဝင် ရောက်ကြည့်ရှု့နိုင်တော့မှာဖြစ်ပါတယ်။

အခုလိုအိုးလ်ထရက်ဖို့ဒ်ကွင်း ခေတ်မီရေးစီမံကိန်းကို ပိုင်ရှင်ဂလေဇာမိသားစုထံ

ဘုတ်အဖွဲ့ကတင်ပြထားပြီး ပရိသတ်တွေအနှစ်သက်ဆုံးဖြစ်မယ့်

ရွေးချယ်မှုကိုဦးစားပေးသွားမယ်လို့လည်းသိရပါတယ်။

မန်ယူဘက်ကတော့ ကွင်းသစ်တည်ဆောက်ရေးကိုပိုပြီးဦးစားပေးလိုပေမယ့်

အင်္ဂလန်အနောက်မြောက်ပိုင်းမှာ အိုးလ်ထရက် ဖို့ဒ်လို ပရိသတ်အများကြီး

ဝင်ဆန့်တဲ့ကွင်းမရှိသလို မြို့ခံပြိုင်ဘက်မန်စီးတီးရဲ့ အီတီဟတ် ကွင်းနဲ့

မျှဝေသုံးစွဲဖို့ဆိုတာက လည်း ဘယ်တော့မှဖြစ်လာနိုင်မှာမဟုတ်လို့

အခြားရွေးချယ်မှုကိုပိုပြီးအလေးပေးရဖို့ရှိနေပါတယ်။

zawgyi

အိုးလ္ထရက္ဖို႔ဒ္ကြင္းကို ေခတ္နဲ႔အညီျဖစ္ေစဖို႔အတြက္ မန္ယူစီစဥ္ဖြယ္ရွိ

မန္ယူအသင္းဟာ သူတို႔ရဲ႕သမိုင္းဝင္အိုးလ္ထရက္ဖို႔ဒ္ကြင္းကို

ေခတ္နဲ႔အညီျဖစ္ေစဖို႔အတြက္ စီမံကိန္းခ်မွတ္ထားရာမွာ

လက္ရွိကြင္းကိုၿဖိဳခ်ၿပီး အသစ္ျပန္လည္တည္ေဆာက္မယ့္အစီအစဥ္ကိုလည္း

ထည့္သြင္းသတ္မွတ္ထားတယ္လို႔ သိရပါ တယ္။

၁၉၁၀ ကစတင္တည္ေဆာက္ခဲ့တဲ့အတြက္ အိုးလ္ထရက္ဖို႔ဒ္ကြင္းရဲ႕သက္တမ္းဟာ

၁၁၂ ႏွစ္ရွိၿပီျဖစ္ၿပီး ကမာၻေပၚ မွာအေက်ာ္ၾကားဆုံးကြင္းေတြထဲက

တစ္ခုအျဖစ္လည္း သတ္မွတ္ခံထားရပါတယ္။

ဒီကြင္းဟာ ဆာမတ္စ္ဘတ္စ္ဘီရဲ႕ ခ်ာ တိတ္မ်ား(Busby Babes)

အစြမ္းျပခဲ့တဲ့ကြင္းျဖစ္သလို အဲလက္စ္ဖာဂူဆန္ရဲ႕ ၁၉၉၉ ဖလား ၃ လုံးရခဲ့တဲ့

အသင္းတို႔ရဲ႕အေျခ စိုက္ရာေနရာလည္းျဖစ္ခဲ့ပါတယ္။

အရင္ကေတာ့ အိုးလ္ထရက္ဖို႔ဒ္ဟာ အေကာင္းဆုံးကြင္းေတြထဲကတစ္ခုျဖစ္ခဲ့ေပမယ့္

လက္ရွိမွာ မန္စီးတီးရဲ႕အီတီဟတ္ကြင္း၊ စပါးရဲ႕ လန္ဒန္ကြင္းေတြနဲ႔စာရင္

အဘက္ဘက္ကနိမ့္က်သြားခဲ့ၿပီျဖစ္လို႔ ျပန္လည္ ဖြံ႕ၿဖိဳးေရးအတြက္

စီမံကိန္းခ်မွတ္ခဲ့ရာမွာ လက္ရွိကြင္းကိုၿဖိဳၿပီးအသစ္ျပန္တည္ေဆာက္ဖို႔အပါအဝင္

ေ႐ြးခ်ယ္စရာ ၃ ခုကို သတ္မွတ္ထားတာပါ။ ေနာက္ထပ္ေ႐ြးခ်ယ္စရာေတြကေတာ့

သက္တမ္းရင့္လာၿပီျဖစ္တဲ့ South Stand ကိုျပန္လည္ တည္ေဆာက္ဖို႔ျဖစ္ၿပီး

လက္ရွိကြင္းအေနာက္ဖက္က ရထားလမ္းကိုပါေက်ာ္ကာ

တည္ေဆာက္ဖို႔စီစဥ္ထားမႈျဖစ္ပါတယ္။

ေနာက္ထပ္တစ္ခုကေတာ့ လက္ရွိကြင္းေလးဘက္ေလးတန္ ကို

စနစ္က်တဲ့ဖြဲ႕စည္းတည္ေဆာက္မႈနဲ႔အတူ ပြဲေတြကို

စဥ္ဆက္ မျပတ္ဆက္လက္က်င္းပဖို႔ဘဲျဖစ္ပါတယ္။

လက္ရွိမွာ အိုးလ္ထရက္ဖို႔ဒ္ကြင္းဟာ သူ႔နားကရထားလမ္းကိုေရွာင္ၿပီး

ေဆာက္လုပ္ထားရတာေၾကာင့္ ပရိသတ္ ၇၄၀၀၀ သာဝင္ဆန႔္တာပါ။

ဒါကိုနည္းပညာသစ္နဲ႔ ရထားလမ္းကိုပါေက်ာ္ၿပီးၿခဳံငုံတည္ေဆာက္လိုက္မယ္ဆိုရင္

၈၀၀၀၀ အထိဝင္ ေရာက္ၾကည့္ရႈ႕ႏိုင္ေတာ့မွာျဖစ္ပါတယ္။

အခုလိုအိုးလ္ထရက္ဖို႔ဒ္ကြင္း ေခတ္မီေရးစီမံကိန္းကို ပိုင္ရွင္ဂေလဇာမိသားစုထံ

ဘုတ္အဖြဲ႕ကတင္ျပထားၿပီး ပရိသတ္ေတြအႏွစ္သက္ဆုံးျဖစ္မယ့္

ေ႐ြးခ်ယ္မႈကိုဦးစားေပးသြားမယ္လို႔လည္းသိရပါတယ္။

မန္ယူဘက္ကေတာ့ ကြင္းသစ္တည္ေဆာက္ေရးကိုပိုၿပီးဦးစားေပးလိုေပမယ့္

အဂၤလန္အေနာက္ေျမာက္ပိုင္းမွာ အိုးလ္ထရက္ ဖို႔ဒ္လို ပရိသတ္အမ်ားႀကီး

ဝင္ဆန႔္တဲ့ကြင္းမရွိသလို ၿမိဳ႕ခံၿပိဳင္ဘက္မန္စီးတီးရဲ႕ အီတီဟတ္ ကြင္းနဲ႔

မွ်ေဝသုံးစြဲဖို႔ဆိုတာက လည္း ဘယ္ေတာ့မွျဖစ္လာႏိုင္မွာမဟုတ္လို႔

အျခားေ႐ြးခ်ယ္မႈကိုပိုၿပီးအေလးေပးရဖို႔ရွိေနပါတယ္။