အိုးထရက်ဖို့ဒ်အိပ်မက်ဆိုးကိုအဆုံးသတ်လိုက်ပြီဖြစ်တဲ့ မာရှယ်

မန်ချက်စတာယူနိုက်တက်စတားအန်တိုနီမာရှယ်ဟာဆီဗီလာသို့အငှားဖြင့်

ပြောင်းရွှေ့ပြီးသူ့ရဲ့အိုးထရက်ဖို့ဒ်အိပ်မက်ဆိုးကိုအဆုံးသတ်လိုက်ပါတယ်။

အသက်၂၆နှစ်ရှိပြင်သစ်တိုက်စစ်မှူးဟာအင်္ဂါနေ့တုန်းကစပိန်သို့ရောက်ရှိပြီး

ဆေးစစ်ဆေးမှုခံယူကာအပြောင်းအရွှေ့ကိုအပြီးသတ်လိုက်တာလည်းဖြစ်ပါတယ်။

မာရှယ်ဟာယခုလအစောပိုင်းကတည်းက ယူနိုက်တက်နည်းပြရန်းနစ်ခ်နှင့်

တွေ့ဆုံဆွေးနွေးစဉ် အသင်းပြောင်းခွင့်တောင်းဆိုခဲ့သူလည်းဖြစ်ပါတယ်။

Daily Mail ရဲ့ဖော်ပြချက်အရယူနိုက်တက်ဟာမာရှယ်အတွက်

ငှားရမ်းခပေါင်၅သန်းရရှိမည်ဖြစ်ကြောင်းသိရပါတယ်။

မာရှယ်ကလည်းဆီဗီလာသို့ပြောင်းရန် လုပ်ခလျှော့ယူခဲ့ပါတယ်။

ဒါပေမဲ့မာရှယ်ရဲ့အငှားစာချုပ်အတွင်းမှာ အပြီးသတ်ခေါ်ယူမယ့်

အချက်ကိုထည့်သွင်းထားခြင်းမရှိပါဘူး။

ဆီဗီလာဟာလာလီဂါအမှတ်ပေးဇယားအဆင့်၂နေရာမှာ

ရပ်တည်နေတဲ့အသင်းဖြစ်ပြီးထိပ်ဆုံးမှရီးရဲလ်မက်ဒရစ်နှင့်

၄မှတ်သာကွာဟနေပါတယ်။

zawgyi

အိုးထရက္ဖို႔ဒ္အိပ္မက္ဆိုးကိုအဆုံးသတ္လိုက္ၿပီျဖစ္တဲ့ မာရွယ္

မန္ခ်က္စတာယူႏိုက္တက္စတားအန္တိုနီမာရွယ္ဟာဆီဗီလာသို႔အငွားျဖင့္

ေျပာင္းေ႐ႊ႕ၿပီးသူ႔ရဲ႕အိုးထရက္ဖို႔ဒ္အိပ္မက္ဆိုးကိုအဆုံးသတ္လိုက္ပါတယ္။

အသက္၂၆ႏွစ္ရွိျပင္သစ္တိုက္စစ္မႉးဟာအဂၤါေန႔တုန္းကစပိန္သို႔ေရာက္ရွိၿပီး

ေဆးစစ္ေဆးမႈခံယူကာအေျပာင္းအေ႐ႊ႕ကိုအၿပီးသတ္လိုက္တာလည္းျဖစ္ပါတယ္။

မာရွယ္ဟာယခုလအေစာပိုင္းကတည္းက ယူႏိုက္တက္နည္းျပရန္းနစ္ခ္ႏွင့္

ေတြ႕ဆုံေဆြးေႏြးစဥ္ အသင္းေျပာင္းခြင့္ေတာင္းဆိုခဲ့သူလည္းျဖစ္ပါတယ္။

Daily Mail ရဲ႕ေဖာ္ျပခ်က္အရယူႏိုက္တက္ဟာမာရွယ္အတြက္

ငွားရမ္းခေပါင္၅သန္းရရွိမည္ျဖစ္ေၾကာင္းသိရပါတယ္။

မာရွယ္ကလည္းဆီဗီလာသို႔ေျပာင္းရန္ လုပ္ခေလွ်ာ့ယူခဲ့ပါတယ္။

ဒါေပမဲ့မာရွယ္ရဲ႕အငွားစာခ်ဳပ္အတြင္းမွာ အၿပီးသတ္ေခၚယူမယ့္

အခ်က္ကိုထည့္သြင္းထားျခင္းမရွိပါဘူး။

ဆီဗီလာဟာလာလီဂါအမွတ္ေပးဇယားအဆင့္၂ေနရာမွာ

ရပ္တည္ေနတဲ့အသင္းျဖစ္ၿပီးထိပ္ဆုံးမွရီးရဲလ္မက္ဒရစ္ႏွင့္

၄မွတ္သာကြာဟေနပါတယ္။