
အယ်လီဂျန်ဒရို ဂါနာချိုရဲ့ တိုးတက်မှုတွေကတော့ ရပ်တန့်သွားခြင်း မရှိပဲ
လူငယ်ကစားသမားဟာ လက်ရှိမှာလည်း သူ့ရဲ့ အိုင်ဒေါဖြစ်သူ
လီယွန်နယ် မက်ဆီနဲ့အတူ လေ့ကျင့်လျက်ရှိပါတယ်။
မန်ချက်စတာ ယူနိုက်တက် အကယ်ဒမီ ကြယ်ပွင့်ဟာ ယခုလအတွင်း
ကမ္ဘာ့ဖလား ြခေစစ်ပွဲစဉ်တွေ ကစားရဖို့ရှိနေတဲ့ လီယွန်နယ် စကိုလာရီရဲ့
အာဂျင်တီးနားလက်ရွေးစင်အသင်းမှာ အံ့အားသင့်ဖွယ် ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။
အသက် ( ၁၇ )နှစ်အရွယ် ကစားသမားဟာ စနေနေ့
ဗင်နီဇွဲလားနဲ့ ပွဲစဉ် ၊ ဒါမှမဟုတ် ဗုဒ္ဓဟူးနေ့ အီကွေဒေါနဲ့ ပွဲစဉ်မှာ
အာဂျင်တီးနားအတွက် စီနီယာ debut ပွဲစဉ် ကစားခွင့်ရမယ်လို့
အသံတွေထွက်ပေါ်နေပါတယ်။ အာဂျင်တီးနား သတင်းဌာနဖြစ်တဲ့
TN Deportivo က အက်သလက်တီကို မက်ဒရစ် လူငယ်ကစားသမားဟောင်းဟာ
သူ့ရဲ့ debut ပွဲစဉ် ကစားခွင့်ရဖွယ်ရှိကြောင်း ရေးသားထားပါတယ်။
အာဂျင်တီးနားရော စပိန်နိုင်ငံအတွက်ပါ ကိုယ်စားပြုခွင့်ရှိနေတဲ့
ဆယ်ကျော်သက်ကစားသမားဟာ ယခင်က စပိန် ယူ -၁၈
အသင်းအတွက် ကစားပေးခဲ့ဖူးပါတယ်။
ဒါပေမယ့် လက်ရှိမှာတော့စကိုလာရီရဲ့ အသင်းက
လူငယ်ကစားသမားကို လူးဝစ် အင်းနရစ်ထက်
စောပြီး လက်ဦးမှုရယူလိုက်တာဖြစ်ပါတယ်။ ဂါနာချိုက သူ့ရဲ့ အင်စတာဂရမ်
အကောင့်မှတစ်ဆင့် ( ၇ ) ကြိမ်မြောက် ဘလွန်းဒီအောဆုရှင်နဲ့အတူ
ရိုက်ထားတဲ့ ဓာတ်ပုံကို မျှဝေခဲ့ပြီး “ အိပ်မက်တွေ အမှန်တကယ် ဖြစ်လာပြီ၊
အိုင်ဒေါရေ။”လို့ ရေးသားထားပါတယ်။ ဂါနာချိုက ဒီရာသီ မန်ချက်စတာ
ယူနိုက်တက် အကယ်ဒမီ အသင်းတွေအတွက် ( ၂၈ ) ပွဲကစားထားရာမှာ
( ၁၁ ) ဂိုးသွင်းပြီး ( ၆ ) ဂိုး ဖန်တီးထားပါတယ်။
zawgyi
အိပ္မက္ေတြ အမွန္တကယ္ ျဖစ္လာၿပီ အိုင္ေဒါေရ – အယ္လီဂ်န္ဒ႐ို ဂါနာခ်ိဳ
အယ္လီဂ်န္ဒ႐ို ဂါနာခ်ိဳရဲ႕ တိုးတက္မႈေတြကေတာ့ ရပ္တန႔္သြားျခင္း မရွိပဲ
လူငယ္ကစားသမားဟာ လက္ရွိမွာလည္း သူ႔ရဲ႕ အိုင္ေဒါျဖစ္သူ
လီယြန္နယ္ မက္ဆီနဲ႔အတူ ေလ့က်င့္လ်က္ရွိပါတယ္။
မန္ခ်က္စတာ ယူႏိုက္တက္ အကယ္ဒမီ ၾကယ္ပြင့္ဟာ ယခုလအတြင္း
ကမာၻ႔ဖလား ျေခစစ္ပြဲစဥ္ေတြ ကစားရဖို႔ရွိေနတဲ့ လီယြန္နယ္ စကိုလာရီရဲ႕
အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းမွာ အံ့အားသင့္ဖြယ္ ေ႐ြးခ်ယ္ခံခဲ့ရတာျဖစ္ပါတယ္။
အသက္ ( ၁၇ )ႏွစ္အ႐ြယ္ ကစားသမားဟာ စေနေန႔
ဗင္နီဇြဲလားနဲ႔ ပြဲစဥ္ ၊ ဒါမွမဟုတ္ ဗုဒၶဟူးေန႔ အီေကြေဒါနဲ႔ ပြဲစဥ္မွာ
အာဂ်င္တီးနားအတြက္ စီနီယာ debut ပြဲစဥ္ ကစားခြင့္ရမယ္လို႔
အသံေတြထြက္ေပၚေနပါတယ္။ အာဂ်င္တီးနား သတင္းဌာနျဖစ္တဲ့
TN Deportivo က အက္သလက္တီကို မက္ဒရစ္ လူငယ္ကစားသမားေဟာင္းဟာ
သူ႔ရဲ႕ debut ပြဲစဥ္ ကစားခြင့္ရဖြယ္ရွိေၾကာင္း ေရးသားထားပါတယ္။
အာဂ်င္တီးနားေရာ စပိန္ႏိုင္ငံအတြက္ပါ ကိုယ္စားျပဳခြင့္ရွိေနတဲ့
ဆယ္ေက်ာ္သက္ကစားသမားဟာ ယခင္က စပိန္ ယူ -၁၈
အသင္းအတြက္ ကစားေပးခဲ့ဖူးပါတယ္။ ဒါေပမယ့္ လက္ရွိမွာေတာ့
စကိုလာရီရဲ႕ အသင္းက လူငယ္ကစားသမားကို လူးဝစ္ အင္းနရစ္ထက္
ေစာၿပီး လက္ဦးမႈရယူလိုက္တာျဖစ္ပါတယ္။ ဂါနာခ်ိဳက သူ႔ရဲ႕ အင္စတာဂရမ္
အေကာင့္မွတစ္ဆင့္ ( ၇ ) ႀကိမ္ေျမာက္ ဘလြန္းဒီေအာဆုရွင္နဲ႔အတူ
႐ိုက္ထားတဲ့ ဓာတ္ပုံကို မွ်ေဝခဲ့ၿပီး “ အိပ္မက္ေတြ အမွန္တကယ္ ျဖစ္လာၿပီ၊
အိုင္ေဒါေရ။”လို႔ ေရးသားထားပါတယ္။ ဂါနာခ်ိဳက ဒီရာသီ မန္ခ်က္စတာ
ယူႏိုက္တက္ အကယ္ဒမီ အသင္းေတြအတြက္ ( ၂၈ ) ပြဲကစားထားရာမွာ
( ၁၁ ) ဂိုးသြင္းၿပီး ( ၆ ) ဂိုး ဖန္တီးထားပါတယ္။