အာရှကစားသမားတွေရဲ့ ရှေ့ဆောင်လမ်းပြဖြစ်ချင်တဲ့ စပါးရဲ့ ပထမဆုံး ဗြိတိသျှ-အာရှ ကစားသမား အိန္ဒိယနွယ်ဖွား ဒီလန်မာကန်ဒေး

စပါးအသင်းမှာ ကစားနေတဲ့ ပထမဆုံး ဗြိတိသျှ-အာရှကစားသမားလေး ဒီလန်မာကန်ဒေးကတော့ အာရှကစားသမားတွေရဲ့ ရှေ့ဆောင်လမ်းပြဖြစ်ချင်သလို စပါးမှာ နောက်ထပ် ၁၅ နှစ်လောက် ဆက်ကစားသွားချင်တယ်လို့ ပြောကြားလိုက်ပါတယ်။

အသက် ၂၀ သာ ရှိသေးတဲ့ ဒီလန်မာကန်ဒေးဟာ အိန္ဒိယမိဘ ၂ ပါးဖြစ်တဲ့ ဒီပါနဲ့ အာရွန်မာကန်ဒေးတို့ကနေ လန်ဒန်က ဘားနက်အရပ်မှာ မွေးဖွားကြီးပြင်းခဲ့သူပါ။

စပါးရဲ့ လူငယ်အကယ်ဒမီကို အသက် ၁၁ နှစ်အရွယ်မှာ စတင် ရောက်ရှိလာခဲ့ပြီးနောက် လက်ရှိ ယူ ၂၃ အသင်းမှာ တောင်ပံကစားသမားအဖြစ် ကစားနေသူပါ။

၁၂ ပွဲကစား ၁၁ ဂိုးသွင်း၊ ၄ ဂိုးဖန်တီးနိုင်ခဲ့ခြင်းနဲ့အတူ ပရီးမီးယားလိဂ်-၂ ပြိုင်ပွဲ(ယူ၂၃ အသင်းများ) ရဲ့ အောက်တိုဘာလ အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။

ဒီလန်မာကန်မာကန်ဒေးရဲ့ ခြေစွမ်းကောင်းနေမှုကြောင့် စပါးအသင်းကြီးကလည်း အောက်တိုဘာလအတွင်းက

ဗီတက်ဆီနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ကွန်းဖရန့်ပွဲစဉ်မှာ ကစားခွင့်ပေးခဲ့ခြင်းနဲ့အတူ ဒီလန်မာကန်ဒေးဟာ စပါးရဲ့ ပထမဆုံးသော ဗြိတိသျှ-အာရှကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့တာပါ။

စပါးအသင်းမှာ နေရာရလာသလို သူ့ရဲ့ခြေစွမ်းကြောင့်လည်း ဒီလန်မာကန်ဒေးကို ခေါ်ယူလိုတဲ့ အသင်းတွေ ရှိနေပါတယ်။

သူကတော့ စပါးမှာပဲ နောက်ထပ် ၁၅ နှစ်လောက် ကစားချင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင်စပါးမှာ ကစားနေတဲ့ အာရှက တောင်ကိုရီးယားကစားသမား ဆွန်ဟောင်မင် ရှိနေပေမယ့် သူကတော့ အာရှကစားသမားတွေ အားကျအတုယူပြီး ခြေရာနင်းလိုတဲ့ ကစားသမားမျိုးဖြစ်ချင်တယ်လိုအခုလို ဖွင့်ဟခဲ့ပါတယ်။

“စပါးရဲ့ ပထမဆုံးသော ဗြိတိသျှ-အာရှ ကစားသမားဖြစ်ရလို့ အလွန်ဂုဏ်ယူပါတယ်။

ဗြိတိန်-အာရှသား အများအပြားလည်း ကျွန်တော့်လို ဖြစ်လာဖို့ မျှေိာ်လင့်မိတယ်။

ကိုယ့်ကိုယ်ကို ယုံကြည်အားပေးပြီး ဘာတွေလုပ်ပြနိုင်တယ်ဆိုတာကို ပြသနိုင်ကြဖို့ မျှော်လင့်နေပါတယ်” လို့ ဒီလန်မာကန်ဒေးက ပြောခဲ့ပါတယ်။

zawgyi

အာရွကစားသမားေတြရဲ႕ ေရွ႕ေဆာင္လမ္းျပျဖစ္ခ်င္တဲ့ စပါးရဲ႕ ပထမဆုံး ၿဗိတိသွ်-အာရွ ကစားသမား အိႏၵိယႏြယ္ဖြား ဒီလန္မာကန္ေဒး

စပါးအသင္းမွာ ကစားေနတဲ့ ပထမဆုံး ၿဗိတိသွ်-အာရွကစားသမားေလး ဒီလန္မာကန္ေဒးကေတာ့ အာရွကစားသမားေတြရဲ႕ ေရွ႕ေဆာင္လမ္းျပျဖစ္ခ်င္သလို စပါးမွာ ေနာက္ထပ္ ၁၅ ႏွစ္ေလာက္ ဆက္ကစားသြားခ်င္တယ္လို႔ ေျပာၾကားလိုက္ပါတယ္။

အသက္ ၂၀ သာ ရွိေသးတဲ့ ဒီလန္မာကန္ေဒးဟာ အိႏၵိယမိဘ ၂ ပါးျဖစ္တဲ့ ဒီပါနဲ႔ အာ႐ြန္မာကန္ေဒးတို႔ကေန လန္ဒန္က ဘားနက္အရပ္မွာ ေမြးဖြားႀကီးျပင္းခဲ့​သူပါ။

စပါးရဲ႕ လူငယ္အကယ္ဒမီကို အသက္ ၁၁ ႏွစ္အ႐ြယ္မွာ စတင္ ေရာက္ရွိလာခဲ့ၿပီးေနာက္ လက္ရွိ ယူ ၂၃ အသင္းမွာ ေတာင္ပံကစားသမားအျဖစ္ ကစားေနသူပါ။

၁၂ ပြဲကစား ၁၁ ဂိုးသြင္း၊ ၄ ဂိုးဖန္တီးႏိုင္ခဲ့ျခင္းနဲ႔အတူ ပရီးမီးယားလိဂ္-၂ ၿပိဳင္ပြဲ(ယူ၂၃ အသင္းမ်ား) ရဲ႕ ေအာက္တိုဘာလ အေကာင္းဆုံးကစားသမားဆုကိုလည္း ရရွိခဲ့ပါတယ္။

ဒီလန္မာကန္မာကန္ေဒးရဲ႕ ​​ေျခစြမ္းေကာင္းေနမႈေၾကာင့္ စပါးအသင္းႀကီးကလည္း ေအာက္တိုဘာလအတြင္းက ဗီတက္ဆီနဲ႔ ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္ကြန္းဖရန္႔ပြဲစၪ္မွာ ကစားခြင့္ေပးခ့ဲ့ျခင္းနဲ႔အတူ ဒီလန္မာကန္ေဒးဟာ စပါးရဲ႕ ပထမဆုံးေသာ ၿဗိတိသွ်-အာရွကစားသမားအျဖစ္ မွတ္တမ္းဝင္သြားခဲ့တာပါ။

စပါးအသင္းမွာ ေနရာရလာသလို သူ႔ရဲ႕ေျခစြမ္းေၾကာင့္လည္း ဒီလန္မာကန္ေဒးကို ေခၚယူလိုတဲ့ အသင္းေတြ ရွိေနပါတယ္။ သူကေတာ့ စပါးမွာပဲ ေနာက္ထပ္ ၁၅ ႏွစ္ေလာက္ ကစားခ်င္တယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္စပါးမွာ ကစားေနတဲ့ အာရွက ေတာင္ကိုရီးယားကစားသမား ဆြန္ေဟာင္မင္ ရွိေနေပမယ့္ သူကေတာ့ အာရွကစားသမားေတြ အားက်အတုယူၿပီး ေျခရာနင္းလိုတဲ့ ကစားသမားမ်ိဳးျဖစ္ခ်င္တယ္လိုအခုလို ဖြင့္ဟခဲ့ပါတယ္။

“စပါးရဲ႕ ပထမဆုံးေသာ ၿဗိတိသွ်-အာရွ ကစားသမားျဖစ္ရလို႔ အလြန္ဂုဏ္ယူပါတယ္။

ၿဗိတိန္-အာရွသား အမ်ားအျပားလည္း ကြၽန္ေတာ့္လို ျဖစ္လာဖို႔ ေမွ်ိာ္လင့္မိတယ္။ ကိုယ့္ကိုယ္ကို ယုံၾကည္အားေပးၿပီး ဘာေတြလုပ္ျပႏိုင္တယ္ဆိုတာကို ျပသႏိုင္ၾကဖို႔ ေမွ်ာ္လင့္ေနပါတယ္” လို႔ ဒီလန္မာကန္ေဒးက ေျပာခဲ့ပါတယ္။