
ဆာဒေယိုမာနေးဟာမနက်ဖြန်တနင်္ဂနွေနေ့တွင်
ယွန်ဒီတွင် အီကွေတိုရီရယ်ဂီနီနှင့်ရင်ဆိုင်ကစားရမယ့်
အာဖရိကဖလားကွာတားဖိုင်နယ်ပွဲစဉ်ပါဝင်လာမှာဖြစ်ပါတယ်။
လီဗာပူးစတားဟာအင်္ဂါနေ့တုန်းကကိတ်ဗာဒီကိုအနိုင်ရရှိတဲ့
အာဖရိကဖလား၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်တွင်
ပြိုင်ဘက်ဂိုးသမားနှင့်ခေါင်းချင်းတိုက်မိခဲ့ပါတယ်။
သူဟာခေါင်းမူးဝေနေပေမဲ့လည်းဆီနီဂေါအတွက်
ဦးဆောင်ဂိုးသွင်းခဲ့ပါသေးတယ်။သူဟာဂိုးသွင်းပြီးနောက်
ချက်ချင်းပင် လူစားလဲမှုပြုလုပ်ခဲ့ရပါတယ်။
သူဟာပွဲအပြီးတွင်ဆေးရုံသို့သွားရောက်ကာခေါင်းကိုစစ်ဆေးမှုခံယူခဲ့ရာ
တစုံတရာထိခိုက်ခြင်းမရှိကြောင်းတွေ့ရှိရပါတယ်။
ဒါကြောင့်လည်း ဆီနီဂေါဘောလုံးအဖွဲ့ချုပ်ကမာနေးမှာ
လာမယ့်အီကွေတိုရီရယ်ဂီနီနှင့်ရင်ဆိုင်ကစားရမယ့်
အာဖရိကဖလားကွာတားဖိုင်နယ်ပွဲစဉ်တွင်
ပါဝင်လာတော့မှာဖြစ်ကြောင်းအတည်ပြုလာပါတယ်။
zawgyi
အာဖရိကဖလားကွာတားဖိုင်နယ်ပွဲစဉ်တွင် ပြန်လည်ပါဝင်လာတော့မယ့် မာနေး