
ပိုချက်တီနိုနေရာ အစားထိုးမယ့် ပီအက်စ်ဂျီရဲ့ ၉ ယောက်ပါဆန်ခါတင်စာရင်းထဲမှာ
အာဆင်နယ်နည်းပြအာတီတာနဲ့ စပါးနည်းပြကွန်တီတို့ပါဝင်နေကြောင်း
သတင်းတွေထွက်ပေါ်နေပါတယ်။
အဲဒီအာဂျင်တီးနားသားနည်းပြဟာ ပီအက်စ်ဂျီမှာ ရာသီကုန်အထိ
ဆက်ရှိနိုင်ဖွယ်ရှိပေမယ့် လာမယ့်နွေမှာတော့ ထွက်ခွာရဖို့များတယ်လို့ ဆိုနေကြတာပါ။
ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ရီးရဲလ်ကို ၃-၂ နဲ့ရှုံးပြီး ပြိုင်ပွဲကထွက်ခဲ့ရပြီးနောက်
ပီအက်စ်ဂျီဟာ အပြောင်းအလဲများစွာပြုလုပ်ဖို့ စီစဉ်ထားပါတယ်။
ကာတာပိုင်ရှင်တွေဟာ ၂၀၁၁ ကတည်းက ပီအက်စ်ဂျီကိုဝယ်ယူပြီး
ချန်ပီယံလိဂ်မှာဗိုလ်စွဲဖို့ ရင်းနှီးမြှပ်နှံမှုများစွာပြုလုပ်ခဲ့ပေမယ့်
အခုချိန်ထိ အရာမထင်သေးပါဘူး။
အခုတောာ့ စပိန်သတင်းစာတစ်စောင်ဖြစ်တဲ့ L’Equipe က ပီအက်စ်ဂျီက
ရယ်ရွယ်ထားတဲ့ နည်းပြလောင်း ၉ ယောက်စာရင်းကို ဖွင့်ဟလိုက်ပါတယ်။
အာတီတာက အဲဒီစာရင်းထဲမှာ ပါဝင်နေပေမယ့် ဂန်းနားတွေသာ
ထိပ်ဆုံး ၄ သင်းစာရင်းထဲ ဝင်ခဲ့ရင် သူ့ကို ခေါ်နိုင်ဖို့က ခက်ခဲမှာပါ။
ပီအက်စ်ဂျီဟာ ရီးရဲလ်နည်းပြဟောင်းဇီဒန်းကိုလည်း ကာလရှည်ကြာ
စိတ်ဝင်စားခဲ့ပေမယ့် အဲဒီပြင်သစ်သားက စိတ်ပင်စားပုံမပေါ်ပါဘူး။
ပိုချက်တီနိုနေရာ အစားထိုးဖို့ရည်ရွယ်ထားတဲ့ ပီအက်စ်ဂျီရဲ့ဆန်ခါတင်စာရင်းထဲမှာ
ဂျူဗင်တပ်က အယ်လီဂရီ၊ အေဂျက်က အဲရစ်တန်ဟက်၊ အက်သလက်တီကိုက
ဆီမြွန်နီ၊ အင်တာမီလန်က အင်ဇာဂီနဲ့ စပီဇီယာက
အသင်းကစားသမားဟောင်းမော့တာတို့လည်း ပါဝင်ကြပါတယ်။
ကွန်တီကျတော့ ထိပ်တန်းနည်းပြတစ်ယောက်ဖြစ်ပေမယ့်
ပီအက်စ်ဂျီလိုချင်တဲ့ဥရောပအောင်မြင်မှုမှတ်တမ်းမှာ အားနည်းသူပါ။
ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ်က ထွက်ခဲ့ရပေမယ့်
လီဂူးမှာတော့ ၁၅ မှတ်ဖြတ်ဦးဆောင်နေပါတယ်။
zawgyi
အာတီတာနဲ့ကွန်တီတို့ ပိုချက်တီနိုနေရာ အစားထိုးဖို့ ပီအက်စ်ဂျီရဲ့ဆန်ခါတင်စာရင်းထဲမှာ ပါဝင်