အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်းကိုစီယဲလ်နီ ဘောလုံးသမားဘဝကနေအနားယူသွားပြီဖြစ်

အာဆင်နယ်နဲ့ဘော်ဒိုးအသင်းခေါင်းဆောင်ဟောင်း ကိုစီယဲလ်နီဟာ

ဘောလုံးသမားဘဝကနေအနားယူသွားပြီဖြစ်ပါတယ်။

အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်သူ ကိုစီယဲလ်နီဟာ အာဆင်နယ်အသင်းမှာ

၂၀၁၀ ကနေ ၂၀၁၉ ခုနှစ်အထိကစားခဲ့သလို FA ဖလား(၃)ကြိမ်၊

ကွန်မြူနတီဒိုင်း(၂)ကြိမ်ရယူနိုင်ခဲ့ပြီး ၂၀၁၉-၂၀ ရာသီအစပိုင်းမှာ

အသင်းရဲ့ရာသီကြိုခြေစမ်းပွဲခရီးစဉ်ကိုလိုက်ပါဖို့ ငြင်းဆန်ပြီးတော့

ဘော်ဒိုးအသင်းဆီပြောင်းရွှေ့ခဲ့ပါတယ်။

ဘော်ဒိုးအသင်းမှာ (၃)ရာသီကြာကစားခဲ့ပြီးတဲ့နောက်

ပြီးခဲ့တဲ့ဇန်နဝါရီလက အသင်းနဲ့လမ်းခွဲခဲ့ပြီး လအနည်းငယ်အကြာမှာပဲ

ဘောလုံးသမားဘဝကအနားယူဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ကိုစီယဲလ်နီဟာ ဘော်ဒိုးအသင်းနဲ့လမ်းခွဲခါနီးမှာ

ခေါင်းဆောင်နိုင်မှုစွမ်းရည်နည်းပါးသလို အကျင့်စရိုက်မကောင်းဘဲ

တစ်ခါတလေလူမျိုးရေးခွဲခြားတာမျိုးပြုလုပ်လေ့ရှိတယ်ဆိုပြီး

အသင်းဖော်ကော့စ်တေးလ်နဲ့ ဘော်ဒိုးပရိသတ်တွေက

ဝေဖန်စွပ်စွဲခဲ့ကြတယ်လို့ ပြင်သစ်သတင်းစာ Sud Ouest ကဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ ကိုစီယဲလ်နီတို့ဘက်က အဲဒီစွပ်စွဲချက်တွေကို ငြင်းဆန်ပယ်ချခဲ့ပြီး

ဒီလိုစွပ်စွဲချက်တွေပေါ်ထွက်လာတဲ့အတွက်

အ့ံအားသင့်ရတယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဘော်ဒိုးအသင်းဟာ ကိုစီယဲလ်နီရဲ့လစာငွေပမာဏ ယူရို(၃)သန်းကိုပေးချေဖို့

အခက်အခဲရှိတာကြောင့် အသင်းလူစာရင်းမှာ သူ့ကိုထုတ်ပယ်ခဲ့ပေမယ့်

အခုနှစ်အစောပိုင်းက အသင်းရဲ့နိုင်ငံတကာစီးပွားဖက်ဖွံ့ဖြိုးတိုးတက်ရေးအတွက်

တာဝန်ရှိသူတစ်ဦးအဖြစ်ခန့်အပ်ခဲ့ပြီး မကြာခင်မှာပဲ ကိုစီယဲလ်နီဟာ

သူ့တာဝန်ယူထားတဲ့ကဏ္ဍကို အာရုံစိုက်ဆောင်ရွက်နိုင်ဖို့

ဘောလုံးသမားဘဝကအနားယူဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

zawgyi

အာဆင္နယ္အသင္းေခါင္းေဆာင္ေဟာင္းကိုစီယဲလ္နီ ေဘာလုံးသမားဘဝကေနအနားယူသြားၿပီျဖစ္

အာဆင္နယ္နဲ႔ေဘာ္ဒိုးအသင္းေခါင္းေဆာင္ေဟာင္း ကိုစီယဲလ္နီဟာ

ေဘာလုံးသမားဘဝကေနအနားယူသြားၿပီျဖစ္ပါတယ္။

အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ကိုစီယဲလ္နီဟာ အာဆင္နယ္အသင္းမွာ

၂၀၁၀ ကေန ၂၀၁၉ ခုႏွစ္အထိကစားခဲ့သလို FA ဖလား(၃)ႀကိမ္၊

ကြန္ျမဴနတီဒိုင္း(၂)ႀကိမ္ရယူႏိုင္ခဲ့ၿပီး ၂၀၁၉-၂၀ ရာသီအစပိုင္းမွာ

အသင္းရဲ႕ရာသီႀကိဳေျခစမ္းပြဲခရီးစဥ္ကိုလိုက္ပါဖို႔ ျငင္းဆန္ၿပီးေတာ့

ေဘာ္ဒိုးအသင္းဆီေျပာင္းေ႐ႊ႕ခဲ့ပါတယ္။

ေဘာ္ဒိုးအသင္းမွာ (၃)ရာသီၾကာကစားခဲ့ၿပီးတဲ့ေနာက္

ၿပီးခဲ့တဲ့ဇန္နဝါရီလက အသင္းနဲ႔လမ္းခြဲခဲ့ၿပီး လအနည္းငယ္အၾကာမွာပဲ

ေဘာလုံးသမားဘဝကအနားယူဖို႔ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

ကိုစီယဲလ္နီဟာ ေဘာ္ဒိုးအသင္းနဲ႔လမ္းခြဲခါနီးမွာ

ေခါင္းေဆာင္ႏိုင္မႈစြမ္းရည္နည္းပါးသလို အက်င့္စ႐ိုက္မေကာင္းဘဲ

တစ္ခါတေလလူမ်ိဳးေရးခြဲျခားတာမ်ိဳးျပဳလုပ္ေလ့ရွိတယ္ဆိုၿပီး

အသင္းေဖာ္ေကာ့စ္ေတးလ္နဲ႔ ေဘာ္ဒိုးပရိသတ္ေတြက

ေဝဖန္စြပ္စြဲခဲ့ၾကတယ္လို႔ ျပင္သစ္သတင္းစာ Sud Ouest ကေဖာ္ျပခဲ့ပါတယ္။

ဒါေပမဲ့ ကိုစီယဲလ္နီတို႔ဘက္က အဲဒီစြပ္စြဲခ်က္ေတြကို ျငင္းဆန္ပယ္ခ်ခဲ့ၿပီး

ဒီလိုစြပ္စြဲခ်က္ေတြေပၚထြက္လာတဲ့အတြက္

အ့ံအားသင့္ရတယ္လို႔ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

ေဘာ္ဒိုးအသင္းဟာ ကိုစီယဲလ္နီရဲ႕လစာေငြပမာဏ ယူ႐ို(၃)သန္းကိုေပးေခ်ဖို႔

အခက္အခဲရွိတာေၾကာင့္ အသင္းလူစာရင္းမွာ သူ႔ကိုထုတ္ပယ္ခဲ့ေပမယ့္

အခုႏွစ္အေစာပိုင္းက အသင္းရဲ႕ႏိုင္ငံတကာစီးပြားဖက္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္

တာဝန္ရွိသူတစ္ဦးအျဖစ္ခန႔္အပ္ခဲ့ၿပီး မၾကာခင္မွာပဲ ကိုစီယဲလ္နီဟာ

သူ႔တာဝန္ယူထားတဲ့က႑ကို အာ႐ုံစိုက္ေဆာင္႐ြက္ႏိုင္ဖို႔

ေဘာလုံးသမားဘဝကအနားယူဖို႔ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။