
အာဆင်နယ်ရဲ့ဒူဆန်ဗလာဟိုဗစ်အားခေါ်ယူရေးကြိုးပမ်းမှုမှာ
သဲထဲရေသွန်ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။
အီတလီမီဒီယာများရဲ့ဖော်ပြချက်အရဖီအိုရင်တီးနားတိုက်စစ်မှူးဟာ
ဂျူဗင်တပ်သို့သာပြောင်းရွှေ့ကစားလိုနေပါတယ်။
အသက်၂၁နှစ်ရှိဆားဘီးယားတိုက်စစ်မှူးဗလာဟိုဗစ်ဟာ
ဖီအိုရင်တီးနားအတွက်၆၂ပွဲကစားထားရာမှာ၄၁ဂိုးအထိသွင်းယူထားပြီး
ဥရောပရဲ့အကောင်းဆုံးတိုက်စစ်မှူးများထဲမှတစ်ဦးအဖြစ်
သတ်မှတ်ခံထားရသူဖြစ်ပါတယ်။
သူဟာမနေ့တုန်းကဂျီနိုအာကို၆-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲစဉ်မှာ
ပင်နယ်တီလွဲချော်ခဲ့တယ်ဆိုပေမဲ့ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ယင်းပွဲတွင်ဗလာဟိုဗစ်ဟာဖီအိုရင်တီးနားပရိသတ်များကို
နှုတ်ဆက်မှုပြုလုပ်မှုနဲ့အတူ ဇန်နဝါရီအပြောင်းအရွှေ့မှာ
ထွက်ခွာလာဖို့ရှိနေပါတယ်။
ယနေ့ထွက်ပေါ်လာတဲ့သတင်းအရဗလာဟိုဗစ်ဟာပြီးခဲ့တဲ့အောက်တိုဘာလကတည်းက
ဂျူဗင်တပ်သို့ပြောင်းရွှေ့ရန်ပုဂ္ဂိုလ်ရေးဆိုင်ရာ
သဘောတူညီမှုရရှိထားပြီးဖြစ်ကြောင်းသိရပါတယ်။
ဗလာဟိုဗစ်ကိုယ်တိုင်ကလည်းဂျူဗင်တပ်သို့သာပြောင်းရွှေ့ကစားလိုနေပါတယ်။
သူဟာလာမယ့်ရာသီမှာချန်ပီယံလိဂ်ဝင်ခွင့်မရပါကလည်း
ဂျူဗင်တပ်သို့ပင်ပြောင်းရန်ဆုံးဖြတ်ထားပါတယ်။
zawgyi
အာဆင္နယ္ရဲ႕ဒူဆန္ဗလာဟိုဗစ္အားေခၚယူေရးႀကိဳးပမ္းမႈမွာ သဲထဲေရသြန္ျဖစ္လာခဲ့ၿပီ
အာဆင္နယ္ရဲ႕ဒူဆန္ဗလာဟိုဗစ္အားေခၚယူေရးႀကိဳးပမ္းမႈမွာ
သဲထဲေရသြန္ျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။
အီတလီမီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရဖီအိုရင္တီးနားတိုက္စစ္မႉးဟာ
ဂ်ဴဗင္တပ္သို႔သာေျပာင္းေ႐ႊ႕ကစားလိုေနပါတယ္။
အသက္၂၁ႏွစ္ရွိဆားဘီးယားတိုက္စစ္မႉးဗလာဟိုဗစ္ဟာ
ဖီအိုရင္တီးနားအတြက္၆၂ပြဲကစားထားရာမွာ၄၁ဂိုးအထိသြင္းယူထားၿပီး
ဥေရာပရဲ႕အေကာင္းဆုံးတိုက္စစ္မႉးမ်ားထဲမွတစ္ဦးအျဖစ္
သတ္မွတ္ခံထားရသူျဖစ္ပါတယ္။
သူဟာမေန႔တုန္းကဂ်ီႏိုအာကို၆-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲစဥ္မွာ
ပင္နယ္တီလြဲေခ်ာ္ခဲ့တယ္ဆိုေပမဲ့ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။
ယင္းပြဲတြင္ဗလာဟိုဗစ္ဟာဖီအိုရင္တီးနားပရိသတ္မ်ားကို
ႏႈတ္ဆက္မႈျပဳလုပ္မႈနဲ႔အတူ ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ
ထြက္ခြာလာဖို႔ရွိေနပါတယ္။
ယေန႔ထြက္ေပၚလာတဲ့သတင္းအရဗလာဟိုဗစ္ဟာၿပီးခဲ့တဲ့ေအာက္တိုဘာလကတည္းက
ဂ်ဴဗင္တပ္သို႔ေျပာင္းေ႐ႊ႕ရန္ပုဂၢိဳလ္ေရးဆိုင္ရာ
သေဘာတူညီမႈရရွိထားၿပီးျဖစ္ေၾကာင္းသိရပါတယ္။
ဗလာဟိုဗစ္ကိုယ္တိုင္ကလည္းဂ်ဴဗင္တပ္သို႔သာေျပာင္းေ႐ႊ႕ကစားလိုေနပါတယ္။
သူဟာလာမယ့္ရာသီမွာခ်န္ပီယံလိဂ္ဝင္ခြင့္မရပါကလည္း
ဂ်ဴဗင္တပ္သို႔ပင္ေျပာင္းရန္ဆုံးျဖတ္ထားပါတယ္။