အာဆင်နယ်နဲ့ပွဲမှာ စီရော်နယ်လ်ဒိုကို မဖြစ်မနေပွဲထွက်အသုံးပြုဖို့ ရှရင်ဂမ်တိုက်တွန်း

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးရှရင်ရမ်က အာဆင်နယ်နဲ့ကစားမယ့်ပွဲမှာ ကာရစ်အနေနဲ့ ၀ါရင့်တိုက်စစ်ကစားသမားစီရော်နယ်လ်ဒိုကို ပွဲထွက်ကစားသမားအဖြစ် မဖြစ်မနေအသုံးပြုသင့်တယ်လို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ကာရစ်ဟာ ပြီးခဲ့တဲ့တစ်ပတ်က ချယ်လ်ဆီးအသင်းနဲ့(၁-၁)ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ စီရော်နယ်လ်ဒိုကို ပွဲထွက်ကစားသမားစာရင်းကနေ ချန်လှပ်ခဲ့ပြီး

ဒုတိယပိုင်းမှသာ လူစားဝင်အဖြစ်အသုံးပြုခဲ့ပေမယ့် စီရော်နယ်လ်ဒိုဟာ ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။

ကာရစ်ကတော့ သူ့ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ကာကွယ်ပြောဆိုခဲ့ပြီး စီရော်နယ်လ်ဒိုကို ပွဲထွက်ကစားသမားစာရင်းကနေ ချန်လှပ်ခဲ့ရတာက နည်းဗျူဟာပိုင်းအရဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ဒါပေမဲ့ ရှရင်ဂမ်က အခုည(မြန်မာစံတော်ချိန် သောကြာမနက် ၂:၄၅)မှာကစားမယ့် အာဆင်နယ်အသင်းနဲ့ပွဲမှာ စီရော်နယ်လ်ဒိုကို ပွဲထွက်ကစားသမားအဖြစ်အသုံးပြုဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

The Mirror သတင်းစာနဲ့အင်တာဗျူးမှာ သတင်းထောက်တွေက အာဆင်နယ်နဲ့ပွဲမှာ စီရော်နယ်လ်ဒိုကို ပွဲထွက်အသုံးပြုသင့်လားလို့မေးခဲ့တဲ့အပေါ် ရှရင်ဂမ်က “လုံးဝ ပွဲထွက်သင့်ပါတယ်။

ဟိုတစ်နေ့က ရွိုင်ကိန်းဟာ စီရော်နယ်လ်ဒိုလို ထိပ်တန်းအဆင့်ကစားသမားမျိုးကို ပိုင်ဆိုင်ထားရင် ဒီလိုပွဲကြီးတွေမှာ

မဖြစ်မနေပွဲထွက်သုံးသင့်တယ်လို့ သုံးသပ်ခဲ့ပြီး သူ့စကားကို ကျွန်တော်ထောက်ခံပါတယ်။

ထိပ်တန်းအဆင့်ကစားသမားတွေဆိုတာက ဒီလိုပွဲကြီးပွဲကောင်းတွေမှာ သူတို့အဆင့်ကို ပြသနိုင်လေ့ရှိတာမျိုးပါ။

ချယ်လ်ဆီးနဲ့ပွဲမှာ စီရော်နယ်လ်ဒို ပွဲထွက်မကစားခဲ့ရပေမယ့် အခု ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပြိုင်ဘက်ဖြစ်နေတဲ့ အာဆင်နယ်နဲ့ဆုံတွေ့နေတာဖြစ်ပြီး

အာဆင်နယ်နဲ့ဆိုတာက ယူနိုက်တက်အသင်းအတွက် အမြဲတမ်းပွဲကြီးပွဲကောင်းအဖြစ်သတ်မှတ်ရမှာဖြစ်တာကြောင့် ဒီလိုပွဲမှာ ကိုယ့်အသင်းက အကောင်းဆုံးကစားသမားတွေ အကုန်အသုံးပြုဖို့လိုပါတယ်”လို့ပြောကြားခဲ့ပါတယ်။

zawgyi

အာဆင္နယ္နဲ႔ပြဲမွာ စီေရာ္နယ္လ္ဒိုကို မျဖစ္မေနပြဲထြက္အသုံးျပဳဖို႔ ရွရင္ဂမ္တိုက္တြန္း

မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္တိုက္စစ္မႉးရွရင္ရမ္က အာဆင္နယ္နဲ႔ကစားမယ့္ပြဲမွာ ကာရစ္အေနနဲ႔ ၀ါရင့္တိုက္စစ္ကစားသမားစီေရာ္နယ္လ္ဒိုကို ပြဲထြက္ကစားသမားအျဖစ္ မျဖစ္မေနအသုံးျပဳသင့္တယ္လို႔ တိုက္တြန္းေျပာဆိုလိုက္ပါတယ္။

ကာရစ္ဟာ ၿပီးခဲ့တဲ့တစ္ပတ္က ခ်ယ္လ္ဆီးအသင္းနဲ႔(၁-၁)ဂိုးစီသေရက်ခဲ့တဲ့ပြဲမွာ စီေရာ္နယ္လ္ဒိုကို ပြဲထြက္ကစားသမားစာရင္းကေန ခ်န္လွပ္ခဲ့ၿပီး ဒုတိယပိုင္းမွသာ လူစားဝင္အျဖစ္အသုံးျပဳခဲ့ေပမယ့္ စီေရာ္နယ္လ္ဒိုဟာ ေျခစြမ္းမျပႏိုင္ခဲ့ပါဘူး။ ကာရစ္ကေတာ့ သူ႔ရဲ႕ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္လို႔ ကာကြယ္ေျပာဆိုခဲ့ၿပီး စီေရာ္နယ္လ္ဒိုကို ပြဲထြက္ကစားသမားစာရင္းကေန ခ်န္လွပ္ခဲ့ရတာက နည္းဗ်ဴဟာပိုင္းအရျဖစ္တယ္လို႔ ဆိုခဲ့ပါတယ္။ ဒါေပမဲ့ ရွရင္ဂမ္က အခုည(ျမန္မာစံေတာ္ခ်ိန္ ေသာၾကာမနက္ ၂:၄၅)မွာကစားမယ့္ အာဆင္နယ္အသင္းနဲ႔ပြဲမွာ စီေရာ္နယ္လ္ဒိုကို ပြဲထြက္ကစားသမားအျဖစ္အသုံးျပဳဖို႔ တိုက္တြန္းခဲ့တာျဖစ္ပါတယ္။

The Mirror သတင္းစာနဲ႔အင္တာဗ်ဴးမွာ သတင္းေထာက္ေတြက အာဆင္နယ္နဲ႔ပြဲမွာ စီေရာ္နယ္လ္ဒိုကို ပြဲထြက္အသုံးျပဳသင့္လားလို႔ေမးခဲ့တဲ့အေပၚ ရွရင္ဂမ္က “လုံးဝ ပြဲထြက္သင့္ပါတယ္။ ဟိုတစ္ေန႔က ႐ြိဳင္ကိန္းဟာ စီေရာ္နယ္လ္ဒိုလို ထိပ္တန္းအဆင့္ကစားသမားမ်ိဳးကို ပိုင္ဆိုင္ထားရင္ ဒီလိုပြဲႀကီးေတြမွာ မျဖစ္မေနပြဲထြက္သုံးသင့္တယ္လို႔ သုံးသပ္ခဲ့ၿပီး သူ႔စကားကို ကြၽန္ေတာ္ေထာက္ခံပါတယ္။

ထိပ္တန္းအဆင့္ကစားသမားေတြဆိုတာက ဒီလိုပြဲႀကီးပြဲေကာင္းေတြမွာ သူတို႔အဆင့္ကို ျပသႏိုင္ေလ့ရွိတာမ်ိဳးပါ။ ခ်ယ္လ္ဆီးနဲ႔ပြဲမွာ စီေရာ္နယ္လ္ဒို ပြဲထြက္မကစားခဲ့ရေပမယ့္ အခု ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ၿပိဳင္ဘက္ျဖစ္ေနတဲ့ အာဆင္နယ္နဲ႔ဆုံေတြ႕ေနတာျဖစ္ၿပီး အာဆင္နယ္နဲ႔ဆိုတာက ယူႏိုက္တက္အသင္းအတြက္ အၿမဲတမ္းပြဲႀကီးပြဲေကာင္းအျဖစ္သတ္မွတ္ရမွာျဖစ္တာေၾကာင့္ ဒီလိုပြဲမွာ ကိုယ့္အသင္းက အေကာင္းဆုံးကစားသမားေတြ အကုန္အသုံးျပဳဖို႔လိုပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။