အသည်းအသန်ရုန်းကန်ရမယ့်အနေအထားမျိုးမှာ ကမ္ဘာပတ်ပြီးအနားယူနေကြလို့ ယူနိုက်တက်တစ်သင်းလုံးကို ဂယ်ရီနဗီးလ်ဝေဖန်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီရာသီချန်ပီယံလိဂ်

ရှုံးထွက်(၁၆)သင်းအဆင့်ကထွက်ခဲ့ရပေမယ့်

နည်းပြရန်နစ်ခ်နဲ့ကစားသမားတွေဟာ လိဂ်ပွဲစဉ်တွေ ခဏရပ်နားထားချိန်မှာ

ကမ္ဘာပတ်ပြီးတော့အနားယူနေကြတာကြောင့်

ဂန္ထဝင်ကစားသမားဂယ်ရီနဗီးလ်က ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့အင်္ဂါနေ့ကမှ

အက်သလက်တီကိုအသင်းကိုရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲကထွက်ခဲ့ရပြီး

FA ဖလားပွဲနဲ့ နိုင်ငံတကာပွဲတွေကြောင့် (၁၈)ရက်လောက်အနားရတဲ့အချိန်မှာ

လေ့ကျင့်ခန်းတွေပြုလုပ်ရမယ့်အစား

အသင်းပိုင်ရှင်ဂလေဇာမိသားစုဝင်အေဗရန်ဂလေဇာ၊

နည်းပြရန်နစ်ခ်အပါအဝင် ကစားသမားတွေဟာ တပျော်တပါးကြီး

ကိုယ်ကြိုက်တဲ့နေရာမှာ အပန်းဖြေအနားယူနေကြတာဖြစ်ပြီး

အဲဒီအတွက် ဂယ်ရီနဗီးလ်က အသင်းပိုင်ရှင်တွေအပါအဝင်

ယူနိုက်တက်တစ်သင်းလုံးကို ဝေဖန်ပြစ်တင်ခဲ့တာပါ။

ရန်နစ်ခ်ဟာ ဘာဘေးဒိုးစ်နိုင်ငံက West Indies ခရစ်ကတ်အသင်းပွဲမှာ

အထူးဧည့်သည်တော်အဖြစ်သွားရောက်အားပေးခဲ့ပြီး

ရပ်ရှ်ဖို့ဒ်ကတော့ နော်ဝစ်ချ်အသင်းမှာအငှားကစားနေတဲ့

အသင်းဖော်ဘရန်ဒန်ဝီလီယံစ်နဲ့အတူ ဒူဘိုင်းမှာ လက်ဝှေ့ပွဲတွေကြည့်ရှုခဲ့သလို

ဆန်ချိုကလည်း အဆိုတော်ဖြစ်သူ Davido နဲ့

ဒူဘိုင်း Night Club မှာ အားရပါးကဲနေတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ဖလားလက်မဲ့ရာသီနဲ့ဆက်ပြီးကြုံတွေ့ခဲ့ရသလို

ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အသည်းအသန်ရုန်းကန်ရမယ့်အနေအထားမျိုးမှာ

နည်းပြနဲ့ကစားသမားတွေက အေးအေးဆေးဆေး

နေနိုင်ကြတာကတော့ တကယ့်ကို အံ့သြစရာပါပဲ။

အဲဒါကြောင့်လည်း ဂယ်ရီနဗီးလ်က”ဥရောပပြိုင်ပွဲကနေထွက်ခဲ့ရပြီးတဲ့နောက်

ကျွန်တော်တို့ယူနိုက်တက်ကစားသမားတွေရာ၊ နည်းပြအဖွဲ့ဝင်တွေနဲ့တာဝန်ရှိသူတွေဟာ

အနီးအနားမှာရှိတဲ့ဆိုင်တွေကိုတောင် မသွားခဲ့ကြတာကို ကျွန်တော်အမှတ်ရမိပါတယ်။

အခုအချိန်မှာတော့ ပွဲအမျိုးမျိုးနဲ့ ကမ္ဘာပတ်နေကြတာကို တွေ့ရမှာပါ။

ယူနိုက်တက်တစ်သင်းလုံးဟာ အဓိကနဲ့သာမညကို ခွဲခြားမသိတော့ပါဘူး”လို့

သူ့ Twiiter မှာရေးသားခဲ့ပါတယ်။

zawgyi

အသည္းအသန္႐ုန္းကန္ရမယ့္အေနအထားမ်ိဳးမွာ ကမာၻပတ္ၿပီးအနားယူေနၾကလို႔ ယူႏိုက္တက္တစ္သင္းလုံးကို ဂယ္ရီနဗီးလ္ေဝဖန္

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဒီရာသီခ်န္ပီယံလိဂ္

ရႈံးထြက္(၁၆)သင္းအဆင့္ကထြက္ခဲ့ရေပမယ့္

နည္းျပရန္နစ္ခ္နဲ႔ကစားသမားေတြဟာ လိဂ္ပြဲစဥ္ေတြ ခဏရပ္နားထားခ်ိန္မွာ

ကမာၻပတ္ၿပီးေတာ့အနားယူေနၾကတာေၾကာင့္

ဂႏၴဝင္ကစားသမားဂယ္ရီနဗီးလ္က ျပင္းျပင္းထန္ထန္ေဝဖန္လိုက္ပါတယ္။

ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့အဂၤါေန႔ကမွ

အက္သလက္တီကိုအသင္းကိုရႈံးနိမ့္ခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကထြက္ခဲ့ရၿပီး

FA ဖလားပြဲနဲ႔ ႏိုင္ငံတကာပြဲေတြေၾကာင့္ (၁၈)ရက္ေလာက္အနားရတဲ့အခ်ိန္မွာ

ေလ့က်င့္ခန္းေတြျပဳလုပ္ရမယ့္အစား

အသင္းပိုင္ရွင္ဂေလဇာမိသားစုဝင္ေအဗရန္ဂေလဇာ၊

နည္းျပရန္နစ္ခ္အပါအဝင္ ကစားသမားေတြဟာ တေပ်ာ္တပါးႀကီး

ကိုယ္ႀကိဳက္တဲ့ေနရာမွာ အပန္းေျဖအနားယူေနၾကတာျဖစ္ၿပီး

အဲဒီအတြက္ ဂယ္ရီနဗီးလ္က အသင္းပိုင္ရွင္ေတြအပါအဝင္

ယူႏိုက္တက္တစ္သင္းလုံးကို ေဝဖန္ျပစ္တင္ခဲ့တာပါ။

ရန္နစ္ခ္ဟာ ဘာေဘးဒိုးစ္ႏိုင္ငံက West Indies ခရစ္ကတ္အသင္းပြဲမွာ

အထူးဧည့္သည္ေတာ္အျဖစ္သြားေရာက္အားေပးခဲ့ၿပီး

ရပ္ရွ္ဖို႔ဒ္ကေတာ့ ေနာ္ဝစ္ခ်္အသင္းမွာအငွားကစားေနတဲ့

အသင္းေဖာ္ဘရန္ဒန္ဝီလီယံစ္နဲ႔အတူ ဒူဘိုင္းမွာ လက္ေဝွ႔ပြဲေတြၾကည့္ရႈခဲ့သလို

ဆန္ခ်ိဳကလည္း အဆိုေတာ္ျဖစ္သူ Davido နဲ႔

ဒူဘိုင္း Night Club မွာ အားရပါးကဲေနတာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းဟာ ဒီရာသီမွာ ဖလားလက္မဲ့ရာသီနဲ႔ဆက္ၿပီးႀကဳံေတြ႕ခဲ့ရသလို

ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ အသည္းအသန္႐ုန္းကန္ရမယ့္အေနအထားမ်ိဳးမွာ

နည္းျပနဲ႔ကစားသမားေတြက ေအးေအးေဆးေဆးေနႏိုင္ၾကတာကေတာ့

တကယ့္ကို အံ့ၾသစရာပါပဲ။ အဲဒါေၾကာင့္လည္း ဂယ္ရီနဗီးလ္က

“ဥေရာပၿပိဳင္ပြဲကေနထြက္ခဲ့ရၿပီးတဲ့ေနာက္ ကြၽန္ေတာ္တို႔

ယူႏိုက္တက္ကစားသမားေတြရာ၊ နည္းျပအဖြဲ႕ဝင္ေတြနဲ႔တာဝန္ရွိသူေတြဟာ

အနီးအနားမွာရွိတဲ့ဆိုင္ေတြကိုေတာင္ မသြားခဲ့ၾကတာကို ကြၽန္ေတာ္အမွတ္ရမိပါတယ္။

အခုအခ်ိန္မွာေတာ့ ပြဲအမ်ိဳးမ်ိဳးနဲ႔ ကမာၻပတ္ေနၾကတာကို ေတြ႕ရမွာပါ။

ယူႏိုက္တက္တစ္သင္းလုံးဟာ အဓိကနဲ႔သာမညကို ခြဲျခားမသိေတာ့ပါဘူး”လို႔

သူ႔ Twiiter မွာေရးသားခဲ့ပါတယ္။