
ချဲလ်ဆီးစတားဂျော်ဂျင်ဟိုဟာကစားဖော်များနှင့်အတူ
မီယာမီသို့ရောက်နေစဉ်အတွင်း အဝေးကွင်းကန်ဖို့ကြိုးစားနေပါတယ်။
သူဟာ Celebrity Dating App တစ်ခုဖြစ်တဲ့ Raya မှာ
အကောင့်ဖွင့်လှစ်လိုက်တာလည်းဖြစ်ပါတယ်။
ဂျော်ဂျင်ဟိုနှင့်ချဲလ်ဆီးကစားသမားများဟာ
ပရီးမီးယားလိဂ်နားရက်ကာလအတွင်းတွင်ဖလိုရီဒါသို့
သွားရောက်နေတာဖြစ်ပါတယ်။
ဒါကြောင့်လည်းဂျော်ဂျင်ဟိုဟာ ချစ်သူနှင့်သားတို့ကို
လန်ဒန်ရှိနေအိမ်မှာထားခဲ့ရပါတယ်။
ဂျော်ဂျင်ဟိုရဲ့Raya အကောင့်မှာ သူငယ်ချင်းအဖြစ်
ခင်မင်ရန်အတွက်သာဆိုတဲ့ ရွေးချယ်မှုမပြုလုပ်ထားပါဘူး။
ဒါကြောင့်အီတလီလက်ရွေးစင်စတားဟာ
အဝေးကွင်းကန်ဖို့ကြိုးစားနေတာလို့ယုံကြည်ရပါတယ်။
ဒါ့အပြင်ဂျော်ဂျင်ဟိုဟာသူ့ပရိုဖိုင်းမှာချဲလ်ဆီးနှင့်အီတလီတွင်ကစားကြောင်း
ဓာတ်ပုံများတင်ထားသလိုရေကူးကန်မှာ
အင်္ကျီမဲ့ရိုက်ကူးထားတဲ့ဓာတ်ပုံကိုလည်းတင်ထားပါတယ်။
ဂျော်ဂျင်ဟိုရဲ့အကောင့်ကို ပရိသတ်၃.၁သန်း Follower ရှိတဲ့
အင်စတာဂရမ်အကောင့်နှင့်လည်းချိတ်ဆက်ထားပါတယ်။
အသက်၃၀နှစ်ရှိဂျော်ဂျင်ဟိုဟာဇနီးသည်နာတာလီယာလီတီရီနှင့်
လမ်းခွဲလိုက်ပြီးနောက်၂၀၂၀ခုနှစ်ကတည်းက Voice UK ပြိုင်ပွဲဝင်ဟောင်း
ကက်သရင်းဟာဒင်းနှင့်လက်တွဲလာခဲ့သူလည်းဖြစ်ပါတယ်။
zawgyi
ချစ်သူနှင့်သားတို့ကို အိမ်မှာထားခဲ့ပြီး အဝေးကွင်းဂိုးသွင်းဖို့ ကြိုးစားနေတဲ့ ဂျော်ဂျင်ဟို
ခ်ဲလ္ဆီးစတားေဂ်ာ္ဂ်င္ဟိုဟာကစားေဖာ္မ်ားႏွင့္အတူ
မီယာမီသို႔ေရာက္ေနစဥ္အတြင္း အေဝးကြင္းကန္ဖို႔ႀကိဳးစားေနပါတယ္။
သူဟာ Celebrity Dating App တစ္ခုျဖစ္တဲ့ Raya မွာ
အေကာင့္ဖြင့္လွစ္လိုက္တာလည္းျဖစ္ပါတယ္။
ေဂ်ာ္ဂ်င္ဟိုႏွင့္ခ်ဲလ္ဆီးကစားသမားမ်ားဟာ
ပရီးမီးယားလိဂ္နားရက္ကာလအတြင္းတြင္ဖလိုရီဒါသို႔
သြားေရာက္ေနတာျဖစ္ပါတယ္။
ဒါေၾကာင့္လည္းေဂ်ာ္ဂ်င္ဟိုဟာ ခ်စ္သူႏွင့္သားတို႔ကို
လန္ဒန္ရွိေနအိမ္မွာထားခဲ့ရပါတယ္။
ေဂ်ာ္ဂ်င္ဟိုရဲ႕Raya အေကာင့္မွာ သူငယ္ခ်င္းအျဖစ္
ခင္မင္ရန္အတြက္သာဆိုတဲ့ ေ႐ြးခ်ယ္မႈမျပဳလုပ္ထားပါဘူး။
ဒါေၾကာင့္အီတလီလက္ေ႐ြးစင္စတားဟာ
အေဝးကြင္းကန္ဖို႔ႀကိဳးစားေနတာလို႔ယုံၾကည္ရပါတယ္။
ဒါ့အျပင္ေဂ်ာ္ဂ်င္ဟိုဟာသူ႔ပ႐ိုဖိုင္းမွာခ်ဲလ္ဆီးႏွင့္အီတလီတြင္ကစားေၾကာင္း
ဓာတ္ပုံမ်ားတင္ထားသလိုေရကူးကန္မွာ
အက်ႌမဲ့႐ိုက္ကူးထားတဲ့ဓာတ္ပုံကိုလည္းတင္ထားပါတယ္။
ေဂ်ာ္ဂ်င္ဟိုရဲ႕အေကာင့္ကို ပရိသတ္၃.၁သန္း Follower ရွိတဲ့
အင္စတာဂရမ္အေကာင့္ႏွင့္လည္းခ်ိတ္ဆက္ထားပါတယ္။
အသက္၃၀ႏွစ္ရွိေဂ်ာ္ဂ်င္ဟိုဟာဇနီးသည္နာတာလီယာလီတီရီႏွင့္
လမ္းခြဲလိုက္ၿပီးေနာက္၂၀၂၀ခုႏွစ္ကတည္းက Voice UK ၿပိဳင္ပြဲဝင္ေဟာင္း
ကက္သရင္းဟာဒင္းႏွင့္လက္တြဲလာခဲ့သူလည္းျဖစ္ပါတယ္။