အက်ဖ်အေဟာအာဆင်နယ်ကစားသမားတစ်ဦးရဲ့အဝါကတ်ပြသခံရမှုအား
လောင်းကစားသံသယမှုနဲ့စစ်ဆေးမှုပြုလုပ်နေကြောင်းသိရပါတယ်။
ဘွတ်ကီဒိုင်များကအာဆင်နယ်ကစားသမားရဲ့အဝါကတ်ပြသခံရမှုကို
ပုံမှန်မဟုတ်တဲ့လောင်းကြေးထပ်မှုများရှိနေမှုနဲ့အတူ စစ်ဆေးပေးရန်
အက်ဖ်အေကိုတိုင်ကြားမှုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။
လက်ရှိအချိန်တွင်အက်ဖ်အေကအာဆင်နယ်ကစားသမားရဲ့အမည်ကို
ကြေညာခြင်းမရှိသေးပါဘူး။
ဒါ့အပြင်လက်ရှိအချိန်တွင်အက်ဖ်အေဟာယင်းအဖြစ်အပျက်အား
စစ်ဆေးမှုပြုလုပ်ခါစမျှသာရှိသေးပြီးအပြည့်အစုံစစ်ဆေးခြင်းမရှိသေးပါဘူး။
လက်ရှိအချိန်တွင်အာဆင်နယ်အသင်းမှအယ်ဘတ်လိုကွန်ဂါနှင့်
ဂရာနစ်ဇာခါတို့မှာအဝါကတ်၄ကတ်စီပြသခြင်းခံထားရပြီး
အာဆင်နယ်ရဲ့အဝါကတ်အများဆုံးပြသခံရသူများအဖြစ်ရပ်တည်နေပါတယ်။
အသင်းခေါင်းဆောင်ဟောင်းအူဘာမီယန်နှင့်ဘူကာယိုဆာခါတို့မှာလည်း
အဝါကတ်သုံးကတ်စီပြသခံထားရကာဂါဘရီရယ်၊
သောမတ်စ်ပါတေး၊ရော့ဘ်ဟိုးဒင်း၊မာတင်အိုဒီဂတ်တို့မှာ
နှစ်ကတ်စီပြသခံထားပါတယ်။အဝါကတ်ပြသခံထားရတဲ့
အာဆင်နယ်ကစားသမား၈ဦးရှိပါတယ်။
zawgyi
အဝါကတ်ပြသခံရမှုအား လောင်းကစားသံသယမှုဖြင့် အက်ဖ်အေရဲ့ စစ်ဆေးခြင်းခံနေရတဲ့ အာဆင်နယ်စတားတစ်ဦး
ဂရာနစ်ဇာခါတို့မှာအဝါကတ်၎ကတ်စီပြသခြင်းခံထားရပြီး