
အေစီမီလန်ရှေ့တန်းကစားသမားရာဖေးလ်လီယိုဟာ
စာချုပ်ကိစ္စပြဿနာတက်မှုနှင့်ပတ်သက်ပြီးအယူခံဝင်မှုရှုံးနိမ့်မှုနဲ့အတူ
အသင်းဟောင်းစပို့တင်းလစ္စဘွန်းကိုနစ်နာကြေး
ယူရို၁၆.၅သန်းပေးရတော့မှာဖြစ်ကြောင်းသိရပါတယ်။
လီယိုဟာ၂၀၁၈ခုနှစ်တုန်းကကလပ်ရဲ့လေ့ကျင့်ရေးကွင်းအတွင်းသို့
ပရိသတ်များချိုးဖောက်ဝင်ရောက်ကာ တိုက်ခိုက်မှုခံရပြီးနောက်
စာချုပ်ကိုတဖက်သတ်ဖျက်သိမ်းမှုပြုလုပ်ခဲ့သူဖြစ်ပါတယ်။
ပေါ်တူဂီလက်ရွေးစင်စတားဟာစပို့တင်းလစ္စဘွန်းနှင့်
စာချုပ်အားတဖက်သတ်ဖျက်သိမ်းကာလိုင်လီသို့အငှားဖြင့်ပြောင်းခဲ့ပါတယ်။
သူဟာလိုင်လီတွင်တစ်ရာသီသာကစားခဲ့ကာ
၂၀၁၉ခုနှစ်တွင်အေစီမီလန်သို့ပြောင်းခဲ့ပါတယ်။
၂၀၂၀ခုနှစ်၊မတ်တွင်ပေါ်တူဂီအားကစားသမာဓိခုံရုံးက
စာချုပ်ကိုဥပဒေနှင့်မညီတဖက်သတ်ဖျက်သိမ်းမှုအတွက်
စပို့တင်းလစ္စဘွန်းကို နစ်နာကြေးယူရို၁၆.၅သန်းပေးရန်ဆုံးဖြတ်ခဲ့ပါတယ်။
တကယ်တော့စပို့တင်းလစ္စဘွန်းဟာရာဖေးလ်လီယိုရဲ့
စာချုပ်တွင်ပါဝင်တဲ့စာချုပ်ဖျက်သိမ်းကြေးယူရို၄၅သန်းပေးရန်
တရားရုံးတွင်လျှောက်ထားခဲ့တာဖြစ်ပါတယ်။
ရာဖေးလ်လီယိုဟာအားကစားသမာဓိခုံရုံးရဲ့ဆုံးဖြတ်ချက်ကို
ပေါ်တူဂီအယူခံရုံးတွင်အယူခံဝင်ခဲ့ပါတယ်။
ဒါပေမဲ့ယခုအခါအီတလီမီဒီယာများရဲ့ဖော်ပြချက်အရ
အယူခံတရားရုံးကလည်းလီယိုရဲ့အယူခံကိုပယ်ချလိုက်ပြီဖြစ်ပါတယ်။
ရာဖေးလ်လီယိုအနေဖြင့် ပေါ်တူဂီဗဟိုတရားရုံးသို့အယူခံဝင်ရတော့မှာဖြစ်ပါတယ်။
အထက်ပါအဖြစ်အပျက်က ယခုရာသီတွင်အေစီမီလန်နှင့်အတူ
အကောင်းဆုံးပုံစံပြနေတဲ့အသက်၂၂နှစ်ရှိလီယိုအတွက်
ကြီးမားတဲ့ထိုးနှက်တစ်ခုဖြစ်လာပါတယ်။
သူဟာယခုရာသီတွင်အေစီမီလန်အတွက်ပြိုင်ပွဲအရပ်ရပ်မှာ
၂၄ပွဲကစားထားရာမှာ၈ဂိုးသွင်းယူထားပါတယ်။
zawgyi
အယူခံဝင္မႈရႈံးနိမ့္မႈနဲ႔အတူ အသင္းေဟာင္းစပို႔တင္းကို နစ္နာေၾကးေပးရေတာ့မယ့္ ရာေဖးလ္လီယို
ေအစီမီလန္ေရွ႕တန္းကစားသမားရာေဖးလ္လီယိုဟာ
စာခ်ဳပ္ကိစၥျပႆနာတက္မႈႏွင့္ပတ္သက္ၿပီးအယူခံဝင္မႈရႈံးနိမ့္မႈနဲ႔အတူ
အသင္းေဟာင္းစပို႔တင္းလစၥဘြန္းကိုနစ္နာေၾကး
ယူ႐ို၁၆.၅သန္းေပးရေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။
လီယိုဟာ၂၀၁၈ခုႏွစ္တုန္းကကလပ္ရဲ႕ေလ့က်င့္ေရးကြင္းအတြင္းသို႔
ပရိသတ္မ်ားခ်ိဳးေဖာက္ဝင္ေရာက္ကာ တိုက္ခိုက္မႈခံရၿပီးေနာက္
စာခ်ဳပ္ကိုတဖက္သတ္ဖ်က္သိမ္းမႈျပဳလုပ္ခဲ့သူျဖစ္ပါတယ္။
ေပၚတူဂီလက္ေ႐ြးစင္စတားဟာစပို႔တင္းလစၥဘြန္းႏွင့္
စာခ်ဳပ္အားတဖက္သတ္ဖ်က္သိမ္းကာလိုင္လီသို႔အငွားျဖင့္ေျပာင္းခဲ့ပါတယ္။
သူဟာလိုင္လီတြင္တစ္ရာသီသာကစားခဲ့ကာ
၂၀၁၉ခုႏွစ္တြင္ေအစီမီလန္သို႔ေျပာင္းခဲ့ပါတယ္။
၂၀၂၀ခုႏွစ္၊မတ္တြင္ေပၚတူဂီအားကစားသမာဓိခုံ႐ုံးက
စာခ်ဳပ္ကိုဥပေဒႏွင့္မညီတဖက္သတ္ဖ်က္သိမ္းမႈအတြက္
စပို႔တင္းလစၥဘြန္းကို နစ္နာေၾကးယူ႐ို၁၆.၅သန္းေပးရန္ဆုံးျဖတ္ခဲ့ပါတယ္။
တကယ္ေတာ့စပို႔တင္းလစၥဘြန္းဟာရာေဖးလ္လီယိုရဲ႕
စာခ်ဳပ္တြင္ပါဝင္တဲ့စာခ်ဳပ္ဖ်က္သိမ္းေၾကးယူ႐ို၄၅သန္းေပးရန္
တရား႐ုံးတြင္ေလွ်ာက္ထားခဲ့တာျဖစ္ပါတယ္။
ရာေဖးလ္လီယိုဟာအားကစားသမာဓိခုံ႐ုံးရဲ႕ဆုံးျဖတ္ခ်က္ကို
ေပၚတူဂီအယူခံ႐ုံးတြင္အယူခံဝင္ခဲ့ပါတယ္။
ဒါေပမဲ့ယခုအခါအီတလီမီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရ
အယူခံတရား႐ုံးကလည္းလီယိုရဲ႕အယူခံကိုပယ္ခ်လိုက္ၿပီျဖစ္ပါတယ္။
ရာေဖးလ္လီယိုအေနျဖင့္ ေပၚတူဂီဗဟိုတရား႐ုံးသို႔အယူခံဝင္ရေတာ့မွာျဖစ္ပါတယ္။
အထက္ပါအျဖစ္အပ်က္က ယခုရာသီတြင္ေအစီမီလန္ႏွင့္အတူ
အေကာင္းဆုံးပုံစံျပေနတဲ့အသက္၂၂ႏွစ္ရွိလီယိုအတြက္
ႀကီးမားတဲ့ထိုးႏွက္တစ္ခုျဖစ္လာပါတယ္။
သူဟာယခုရာသီတြင္ေအစီမီလန္အတြက္ၿပိဳင္ပြဲအရပ္ရပ္မွာ
၂၄ပြဲကစားထားရာမွာ၈ဂိုးသြင္းယူထားပါတယ္။