အပြောင်းအရွှေ့ဈေးကွက်တွင် ကစားသမားသစ်ခေါ်ယူအားဖြည့်နိုင်ခြင်းမရှိမှာကို အာဆင်နယ်စိုးရိမ်နေ

အာဆင်နယ်ဟာရက်အနည်းငယ်သာကျန်တော့တဲ့

ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်

ကစားသမားသစ်ခေါ်ယူအားဖြည့်နိုင်ခြင်းမရှိမှာကိုစိုးရိမ်နေပါတယ်။

ကာလမ်ချမ်ဘားကို ဗီလာသို့ရောင်းချထားမှုနဲ့အတူ

အာဆင်နယ်တွင်စီနီယာကစားသမား၂၁ဦးသာကျန်ပါတော့တယ်။

ယင်းအထဲတွင်အသင်းတွင်ချန်လှပ်ခံထားရတဲ့

အသင်းခေါင်းဆောင်ဟောင်းအူဘာမီယန်လည်းပါဝင်ပါတယ်။

ဒါကြောင့်လည်းအာဆင်နယ်နည်းပြအာတီတာဟာ

၂၀၁၆ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေး

ကြိုးပမ်းမှုမှာ ရာသီဒုတိယပိုင်းပြဿနာကြောင့်ဆုံးရှုံးလာမည်ကိုစိုးရိမ်နေပါတယ်။

အာဆင်နယ်ဟာလက်ရှိအချိန်တွင်ဒူဘိုင်းတွင်လေ့ကျင့်ခန်းဆင်းနေပြီး

အားကစားဒါရိုက်တာအီဒူးကအသင်းကို

အားဖြည့်နိုင်ရေးအစွမ်းကုန်ကြိုးပမ်းနေပါတယ်။

ဒါပေမဲ့၎င်းတို့ဟာအဓိကပစ်မှတ် ဖီအိုရင်တီးနားတိုက်စစ်မှူး

ဗလာဟိုဗစ်ကို ခေါ်ယူရေး ရက်သတ္တပတ်အကြာ

ခေါ်ယူရေးကြိုးပမ်းပေမဲ့လည်းမအောင်မြင်ခဲ့ပါဘူး။

၎င်းတို့ဟာဂျူဗင်တပ်ကွင်းလယ်ကစားသမားအာသာကို

ခေါ်ယူရေးလုပ်ဆောင်နေပေမဲ့လည်း အဆင်မပြေမှာစိုးရိမ်နေရပြန်ပါတယ်။

အထူးသဖြင့်အာဆင်နယ်ဟာယခုဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်

စီနီယာကစားသမားများဖြစ်ကြတဲ့ချမ်ဘား၊အိန်စလေမိုက်လန်းနေးလ်၊

ပါဘလိုမာရီ၊ကိုလာစီနစ်၊ဖိုလာရန်ဘာလိုဂန်တို့ကို

ထွက်ခွာခွင့်ပေးထားရာ လူအင်အားအလွန်းနည်းပါးနေပါတယ်။

ယင်းသို့စီနီယာကစားသမားငါးဦးအထိလက်လွှတ်ထားမှုနဲ့အတူ

အာဆင်နယ်ဟာယခုဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်

မဖြစ်မနေကစားသမားအားဖြည့်ရန်လိုအပ်နေပါတယ်။

ဒါပေမဲ့ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်ကုန်ဆုံးရန် ရက်ပိုင်းမျှသာလိုတော့ရာ

အာဆင်နယ်အတွက်အကြီးအကျယ်စိုးရိမ်နေရပြီလည်းဖြစ်ပါတယ်။

zawgyi

အေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ ကစားသမားသစ္ေခၚယူအားျဖည့္ႏိုင္ျခင္းမရွိမွာကို အာဆင္နယ္စိုးရိမ္ေန

အာဆင္နယ္ဟာရက္အနည္းငယ္သာက်န္ေတာ့တဲ့

ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္

ကစားသမားသစ္ေခၚယူအားျဖည့္ႏိုင္ျခင္းမရွိမွာကိုစိုးရိမ္ေနပါတယ္။

ကာလမ္ခ်မ္ဘားကို ဗီလာသို႔ေရာင္းခ်ထားမႈနဲ႔အတူ

အာဆင္နယ္တြင္စီနီယာကစားသမား၂၁ဦးသာက်န္ပါေတာ့တယ္။

ယင္းအထဲတြင္အသင္းတြင္ခ်န္လွပ္ခံထားရတဲ့

အသင္းေခါင္းေဆာင္ေဟာင္းအူဘာမီယန္လည္းပါဝင္ပါတယ္။

ဒါေၾကာင့္လည္းအာဆင္နယ္နည္းျပအာတီတာဟာ

၂၀၁၆ခုႏွစ္ေနာက္ပိုင္းပထမဆုံးအႀကိမ္ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိေရး

ႀကိဳးပမ္းမႈမွာ ရာသီဒုတိယပိုင္းျပႆနာေၾကာင့္ဆုံးရႈံးလာမည္ကိုစိုးရိမ္ေနပါတယ္။

အာဆင္နယ္ဟာလက္ရွိအခ်ိန္တြင္ဒူဘိုင္းတြင္ေလ့က်င့္ခန္းဆင္းေနၿပီး

အားကစားဒါ႐ိုက္တာအီဒူးကအသင္းကို

အားျဖည့္ႏိုင္ေရးအစြမ္းကုန္ႀကိဳးပမ္းေနပါတယ္။

ဒါေပမဲ့၎တို႔ဟာအဓိကပစ္မွတ္ ဖီအိုရင္တီးနားတိုက္စစ္မႉး

ဗလာဟိုဗစ္ကို ေခၚယူေရး ရက္သတၱပတ္အၾကာ

ေခၚယူေရးႀကိဳးပမ္းေပမဲ့လည္းမေအာင္ျမင္ခဲ့ပါဘူး။

၎တို႔ဟာဂ်ဴဗင္တပ္ကြင္းလယ္ကစားသမားအာသာကို

ေခၚယူေရးလုပ္ေဆာင္ေနေပမဲ့လည္း အဆင္မေျပမွာစိုးရိမ္ေနရျပန္ပါတယ္။

အထူးသျဖင့္အာဆင္နယ္ဟာယခုဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္

စီနီယာကစားသမားမ်ားျဖစ္ၾကတဲ့ခ်မ္ဘား၊အိန္စေလမိုက္လန္းေနးလ္၊

ပါဘလိုမာရီ၊ကိုလာစီနစ္၊ဖိုလာရန္ဘာလိုဂန္တို႔ကို

ထြက္ခြာခြင့္ေပးထားရာ လူအင္အားအလြန္းနည္းပါးေနပါတယ္။

ယင္းသို႔စီနီယာကစားသမားငါးဦးအထိလက္လႊတ္ထားမႈနဲ႔အတူ

အာဆင္နယ္ဟာယခုဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္

မျဖစ္မေနကစားသမားအားျဖည့္ရန္လိုအပ္ေနပါတယ္။

ဒါေပမဲ့ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္ကုန္ဆုံးရန္ ရက္ပိုင္းမွ်သာလိုေတာ့ရာ

အာဆင္နယ္အတြက္အႀကီးအက်ယ္စိုးရိမ္ေနရၿပီလည္းျဖစ္ပါတယ္။