
ယမန်နေ့ကကစားခဲ့တဲ့ပွဲစဉ်မှာ အေစီမီလန်အသင်းဟာ ဘိုလော့ဂ်နာကို
အနိုင်ရနိုင်တဲ့ အခွင့်အရေးရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ဘဲ ဂိုးမရှိသရေနဲ့ပြီးဆုံးခဲ့ပါတယ်။
အေစီမီလန်အသင်းဟာ အိမ်ကွင်းမှာ နိုင်ပွဲရယူဖို့ အဓိကကစားသမားအစုံအလင်နဲ့
ပွဲထွက်လာခဲ့ပြီး တိုက်စစ်ပိုင်းမှာလည်း ရာဖေးလ်လီယို၊ ဘရာဟင်မ်ဒီယက်ဇ်၊
မက်စီယက်စ်တို့ကို ဦးဆောင်ကစားစေခဲ့ပေမယ့် သွင်းဂိုး တစ်ဂိုးမှ မရှာဖွေနိုင်ခဲ့ပါဘူး။
ရာဖေးလ်လီယိုနဲ့ ဂျရူးတို့ရဲ့ ဂိုးသွင်းခွင့်တွေကိုလည်း
ဘိုလော့ဂ်နာဂိုးသမား လက်စွမ်းပြကာကွယ်ခဲ့ပါတယ်။
အဲဒီပွဲမှာအနိုင်မရခဲ့တာဟာ မီလန်အတွက် နစ်နာလွန်းခဲ့ပြီး
လက်ကျန်ပွဲစဉ်တွေမှာတော့ အင်တာ၊ လာဇီယိုတို့ကိုအဝေးကွင်းမှာ
သွားရောက်ရင်ဆိုင်ရမှာဖြစ်သလို ဖီအိုရင်တီးနား၊
အတ္တလန္တာတို့လိုအသင်းတွေနဲ့လည်း ကစားရဦးမှာဖြစ်တာကြောင့်
ချန်ပီယံဆုအိပ်မက်ကတော့ အတော်လေးခက်ခဲသွားမယ့်
အနေအထားကို ရောက်သွားခဲ့ရပါတယ်။
အနိုင်မရတဲ့အပြင် ထီပေါက်သူကတော့ ဘောလုံးနတ်ဘုရားကြီးပါပဲ။
အီဘရာဟီမိုဗစ်ဟာ အဲဒီပွဲရဲ့ ပွဲထွက်ကစားသမားစာရင်းမှာမပါဝင်ခဲ့ဘဲ
ဒုတိယပိုင်းမှ လူစားဝင်ကစားခဲ့တာဖြစ်ပါတယ်။
အီဘရာဟီမိုဗစ်က ပြိုင်ဘက် ဘိုလော့ဂ်နာ နောက်ခံလူ မီဒယ်လ်နဲ့
လေထဲမှာ ခေါင်းခုန်တိုက်ရင်း မျက်ခုံးကွဲသွားခဲ့ပါတယ်။
နှစ်ယောက်လုံးက လဲကျသွားခဲ့ပြီး မီဒယ်လ်တစ်ယောက် ဘာမှမဖြစ်ခဲ့ဘဲ
အီဘရာဟီမိုဗစ်ကတော့ ပတ်တီးစည်းလိုက်ရပါတယ်။
အီဘရာဟီမိုဗစ်ဟာ အကျွေးခံလိုက်ရတဲ့အပေါ် ထုံးစံအတိုင်းပဲ ဒေါသပေါက်ကွဲခဲ့ပါတယ်။
ဆွီဒင်လက်ရွေးစင် တိုက်စစ်မှူးကြီးက သွေးတွေစီးကျနေတဲ့ သူ့ရဲ့ဒဏ်ရာကို
လက်ညှိုးထိုးပြပြီး မီဒယ်လ်ကို အရေးယူဖို့ ဒိုင်လူကြီးကို ဖိအားပေးခဲ့ပါတယ်။
ဒါပေမယ့် ကွင်းလယ်ဒိုင်ကတော့ လေထဲမှာခေါင်းယှဉ်တိုက်ရင်း ဖြစ်တဲ့အပေါ်
မီဒယ်လ်ကို အဝါကတ်မပြခဲ့ပါဘူး။
zawgyi
အႏိုင္မရတဲ့အျပင္ ထီေပါက္သြားတဲ့ ေဘာလုံးနတ္ဘုရားႀကီး
ယမန္ေန႔ကကစားခဲ့တဲ့ပြဲစဥ္မွာ ေအစီမီလန္အသင္းဟာ ဘိုေလာ့ဂ္နာကို
အႏိုင္ရႏိုင္တဲ့ အခြင့္အေရးရွိခဲ့ေပမယ့္ အသုံးမခ်ႏိုင္ခဲ့ဘဲ ဂိုးမရွိသေရနဲ႔ၿပီးဆုံးခဲ့ပါတယ္။
ေအစီမီလန္အသင္းဟာ အိမ္ကြင္းမွာ ႏိုင္ပြဲရယူဖို႔ အဓိကကစားသမားအစုံအလင္နဲ႔
ပြဲထြက္လာခဲ့ၿပီး တိုက္စစ္ပိုင္းမွာလည္း ရာေဖးလ္လီယို၊ ဘရာဟင္မ္ဒီယက္ဇ္၊
မက္စီယက္စ္တို႔ကို ဦးေဆာင္ကစားေစခဲ့ေပမယ့္ သြင္းဂိုး တစ္ဂိုးမွ မရွာေဖြႏိုင္ခဲ့ပါဘူး။
ရာေဖးလ္လီယိုနဲ႔ ဂ်႐ူးတို႔ရဲ႕ ဂိုးသြင္းခြင့္ေတြကိုလည္း
ဘိုေလာ့ဂ္နာဂိုးသမား လက္စြမ္းျပကာကြယ္ခဲ့ပါတယ္။
အဲဒီပြဲမွာအႏိုင္မရခဲ့တာဟာ မီလန္အတြက္ နစ္နာလြန္းခဲ့ၿပီး
လက္က်န္ပြဲစဥ္ေတြမွာေတာ့ အင္တာ၊ လာဇီယိုတို႔ကိုအေဝးကြင္းမွာ
သြားေရာက္ရင္ဆိုင္ရမွာျဖစ္သလို ဖီအိုရင္တီးနား၊
အတၱလႏၲာတို႔လိုအသင္းေတြနဲ႔လည္း ကစားရဦးမွာျဖစ္တာေၾကာင့္
ခ်န္ပီယံဆုအိပ္မက္ကေတာ့ အေတာ္ေလးခက္ခဲသြားမယ့္
အေနအထားကို ေရာက္သြားခဲ့ရပါတယ္။
အႏိုင္မရတဲ့အျပင္ ထီေပါက္သူကေတာ့ ေဘာလုံးနတ္ဘုရားႀကီးပါပဲ။
အီဘရာဟီမိုဗစ္ဟာ အဲဒီပြဲရဲ႕ ပြဲထြက္ကစားသမားစာရင္းမွာမပါဝင္ခဲ့ဘဲ
ဒုတိယပိုင္းမွ လူစားဝင္ကစားခဲ့တာျဖစ္ပါတယ္။
အီဘရာဟီမိုဗစ္က ၿပိဳင္ဘက္ ဘိုေလာ့ဂ္နာ ေနာက္ခံလူ မီဒယ္လ္နဲ႔
ေလထဲမွာ ေခါင္းခုန္တိုက္ရင္း မ်က္ခုံးကြဲသြားခဲ့ပါတယ္။
ႏွစ္ေယာက္လုံးက လဲက်သြားခဲ့ၿပီး မီဒယ္လ္တစ္ေယာက္ ဘာမွမျဖစ္ခဲ့ဘဲ
အီဘရာဟီမိုဗစ္ကေတာ့ ပတ္တီးစည္းလိုက္ရပါတယ္။
အီဘရာဟီမိုဗစ္ဟာ အေကြၽးခံလိုက္ရတဲ့အေပၚ ထုံးစံအတိုင္းပဲ ေဒါသေပါက္ကြဲခဲ့ပါတယ္။
ဆြီဒင္လက္ေ႐ြးစင္ တိုက္စစ္မႉးႀကီးက ေသြးေတြစီးက်ေနတဲ့ သူ႔ရဲ႕ဒဏ္ရာကို
လက္ညႇိဳးထိုးျပၿပီး မီဒယ္လ္ကို အေရးယူဖို႔ ဒိုင္လူႀကီးကို ဖိအားေပးခဲ့ပါတယ္။
ဒါေပမယ့္ ကြင္းလယ္ဒိုင္ကေတာ့ ေလထဲမွာေခါင္းယွဥ္တိုက္ရင္း ျဖစ္တဲ့အေပၚ
မီဒယ္လ္ကို အဝါကတ္မျပခဲ့ပါဘူး။