
အင်္ဂလန်ပရိသတ်တွေအကြီးအကျယ်လှောင်ပြောင်ခြင်းခံနေရတဲ့ အီတလီ
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့လွဲချော်ခဲ့ပြီဖြစ်တဲ့ နာမည်ကျော်အီတလီအသင်းကို
အင်္ဂလန်ပရိသတ်တွေက အွန်လိုင်းပေါ်မှာ
အကြီးအကျယ်လှောင်ပြောင်နေကြပြီဖြစ်ပါတယ်။
နည်းပြမန်စီနီရဲ့အီတလီအသင်းဟာ ကမ္ဘာ့ဖလား Play off ဆီမီးဖိုင်နယ်မှာ
အသင်းငယ်လေးမြောက်မက်ဆီဒိုးနီးယားအသင်းကို
အိမ်ကွင်းမှာပဲ မယုံနိုင်လောက်အောင်ရှုံးနိမ့်ခဲ့တာကြောင့်
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ဝေးခဲ့ရပြီဖြစ်ပြီး အသင်းသမိုင်းတစ်လျှောက်
ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲ(၂)ကြိမ်ဆက်
ခြေစစ်ပွဲမအောင်ခဲ့တဲ့မှတ်တမ်းဆိုးပိုင်ဆိုင်ခဲ့ရပါတယ်။
အီတလီအသင်းဟာ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းကို
အနိုင်ယူဗိုလ်စွဲပြီးတော့ (၈)လအကြာမှာပဲ စိတ်ပျက်စရာကောင်းတဲ့အခြေအနေဆိုးနဲ့
ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး အင်္ဂလန်ပရိသတ်တွေကတော့ အီတလီအသင်းရှုံးပွဲအတွက်
အကြီးအကျယ်အောင်ပွဲခံနေကြပါတယ်။
Twitter မှာ အင်္ဂလန်ပရိသတ်တွေက
‘ဟေ့ ..အီတလီအသင်း၊ မင်းတို့တွေ အိမ်ပြန်ရပြီဆိုတာ
ယဉ်ယဉ်ကျေးကျေးနဲ့အသိပေးလိုက်ပါတယ်’၊ ‘တကယ့်ကို ချိုမြိန်တဲ့ဂိုးပါပဲ။
ထုံးစံအတိုင်းပဲ အီတလီကစားသမားတွေဟာ ဂိုးပေးလိုက်ရတော့
ဒိုင်လူကြီးဆီပြေးပြီး စောဒကတက်ကြပါတယ်။
သူတို့ဘာတွေစောဒကတက်တာလဲဆိုတာတော့ မသိပါဘူး’လို့ လှောင်ပြောင်ခဲ့ပြီး
ယူရို-၂၀၂၀ ဗိုလ်လုပွဲအပြီးမှာ အီတလီနောက်ခံလူဘိုနူချီက
အင်္ဂလန်အသင်းကို လှောင်ပြောင်တဲ့အနေနဲ့ ‘ITS COMING ROME’လို့
အော်ဟစ်အောင်ပွဲခံခဲ့တာကို အင်္ဂလန်ပရိသတ်တစ်ဦးက
‘ဘိုနူချီအတွက် ITS COMING ROME လို့ အော်လိုက်ပါရစေ . .
ဝဋ်ဆိုတာ ချက်ချင်းပြန်လည်တယ်ကွ’လို့ တုံ့ပြန်ခဲ့ပါတယ်။
zawgyi
အဂၤလန္ပရိသတ္ေတြအႀကီးအက်ယ္ေလွာင္ေျပာင္ျခင္းခံေနရတဲ့ အီတလီ
၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲနဲ႔လြဲေခ်ာ္ခဲ့ၿပီျဖစ္တဲ့ နာမည္ေက်ာ္အီတလီအသင္းကို
အဂၤလန္ပရိသတ္ေတြက အြန္လိုင္းေပၚမွာ
အႀကီးအက်ယ္ေလွာင္ေျပာင္ေနၾကၿပီျဖစ္ပါတယ္။
နည္းျပမန္စီနီရဲ႕အီတလီအသင္းဟာ ကမာၻ႔ဖလား Play off ဆီမီးဖိုင္နယ္မွာ
အသင္းငယ္ေလးေျမာက္မက္ဆီဒိုးနီးယားအသင္းကို
အိမ္ကြင္းမွာပဲ မယုံႏိုင္ေလာက္ေအာင္ရႈံးနိမ့္ခဲ့တာေၾကာင့္
၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲနဲ႔ေဝးခဲ့ရၿပီျဖစ္ၿပီး အသင္းသမိုင္းတစ္ေလွ်ာက္
ပထမဆုံးအႀကိမ္အျဖစ္ ကမာၻ႔ဖလားၿပိဳင္ပြဲ(၂)ႀကိမ္ဆက္
ေျခစစ္ပြဲမေအာင္ခဲ့တဲ့မွတ္တမ္းဆိုးပိုင္ဆိုင္ခဲ့ရပါတယ္။
အီတလီအသင္းဟာ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲမွာ အဂၤလန္အသင္းကို
အႏိုင္ယူဗိုလ္စြဲၿပီးေတာ့ (၈)လအၾကာမွာပဲ စိတ္ပ်က္စရာေကာင္းတဲ့အေျခအေနဆိုးနဲ႔
ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး အဂၤလန္ပရိသတ္ေတြကေတာ့ အီတလီအသင္းရႈံးပြဲအတြက္
အႀကီးအက်ယ္ေအာင္ပြဲခံေနၾကပါတယ္။ Twitter မွာ အဂၤလန္ပရိသတ္ေတြက
‘ေဟ့ ..အီတလီအသင္း၊ မင္းတို႔ေတြ အိမ္ျပန္ရၿပီဆိုတာ
ယဥ္ယဥ္ေက်းေက်းနဲ႔အသိေပးလိုက္ပါတယ္’၊ ‘တကယ့္ကို ခ်ိဳၿမိန္တဲ့ဂိုးပါပဲ။
ထုံးစံအတိုင္းပဲ အီတလီကစားသမားေတြဟာ ဂိုးေပးလိုက္ရေတာ့
ဒိုင္လူႀကီးဆီေျပးၿပီး ေစာဒကတက္ၾကပါတယ္။
သူတို႔ဘာေတြေစာဒကတက္တာလဲဆိုတာေတာ့ မသိပါဘူး’လို႔ ေလွာင္ေျပာင္ခဲ့ၿပီး
ယူ႐ို-၂၀၂၀ ဗိုလ္လုပြဲအၿပီးမွာ အီတလီေနာက္ခံလူဘိုႏူခ်ီက
အဂၤလန္အသင္းကို ေလွာင္ေျပာင္တဲ့အေနနဲ႔ ‘ITS COMING ROME’လို႔
ေအာ္ဟစ္ေအာင္ပြဲခံခဲ့တာကို အဂၤလန္ပရိသတ္တစ္ဦးက
‘ဘိုႏူခ်ီအတြက္ ITS COMING ROME လို႔ ေအာ္လိုက္ပါရေစ . .
ဝဋ္ဆိုတာ ခ်က္ခ်င္းျပန္လည္တယ္ကြ’လို႔ တုံ႔ျပန္ခဲ့ပါတယ္။