အင်္ကျီကို ကြားဖြတ်လုသွားတဲ့ ပရိသတ်ကို အကြီးအကျယ်ဒေါသထွက်ခဲ့တဲ့ ဟင်ဒါဆင်

လီဗာပူးအသင်းခေါင်းဆောင်ဂျော်ဒွန်ဟင်ဒါဆင်ဟာလူငယ်ပရိသတ်တစ်ဦးကို

ပေးလိုက်တဲ့သူ့အင်္ကျီကို အခြားပရိသတ်တစ်ဦးက

ကြားဖြတ်ဝင်လုယူသွားမှုအတွက် အကြီးအကျယ်ဒေါသထွက်ခဲ့ပါတယ်။

လီဗာပူးဟာပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းကခရစ္စတယ်ပဲလေ့စ်ကို

အဝေးကွင်းမှာ၃-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ပွဲအပြီးတွင်လီဗာပူးအသင်းခေါင်းဆောင်ဟင်ဒါဆင်ဟာ

ပွဲကြည့်စင်နားသို့သွားရောက်ကာသူ့အင်္ကျီကို

လူငယ်ပရိသတ်တစ်ဦးကို ပေးခဲ့ပါတယ်။

ဒါပေမဲ့ဟင်ဒါဆင်ရဲ့အင်္ကျီကိုအခြားလူတစ်ဦးက ဝင်လုသွားခဲ့ပါတယ်။

ဟင်ဒါဆင်ဟာယင်းဖြစ်ရပ်ကိုချက်ချင်းသိခဲ့ပါတယ်။

ဒါကြောင့်အသက်၃၁နှစ်ရှိဟင်ဒါဆင်ဟာပွဲကြည့်စင်သို့ချဉ်းကပ်ပြီး

လူငယ်လေးအားအင်္ကျီပြန်ပေးရန်ပြောဆိုခဲ့ပါတယ်။

ကွင်းလုံခြုံရေးများကလည်းယင်းဖြစ်ရပ်ကိုသိသွားပြီး

ပြေလည်အောင်ဖြေရှင်းပေးခဲ့ပါတယ်။

လီဗာပူးနည်းပြကလော့ပ်ဟာလည်းပဲလေ့စ်နိုင်ပွဲအပြီးတွင်

အသင်းဘတ်စ်ကားနားတွင်စောင့်ဆိုင်းနေတဲ့လီဗာပူးပရိသတ်များကို

ဘတ်စ်ကားပေါ်မှဘီယာတချို့ယူပြီး တိုက်ခဲ့တာတွေ့ရပါတယ်။

zawgyi

အက်ႌကို ၾကားျဖတ္လုသြားတဲ့ ပရိသတ္ကို အႀကီးအက်ယ္ေဒါသထြက္ခဲ့တဲ့ ဟင္ဒါဆင္

လီဗာပူးအသင္းေခါင္းေဆာင္ေဂ်ာ္ဒြန္ဟင္ဒါဆင္ဟာလူငယ္ပရိသတ္တစ္ဦးကို

ေပးလိုက္တဲ့သူ႔အက်ႌကို အျခားပရိသတ္တစ္ဦးက

ၾကားျဖတ္ဝင္လုယူသြားမႈအတြက္ အႀကီးအက်ယ္ေဒါသထြက္ခဲ့ပါတယ္။

လီဗာပူးဟာၿပီးခဲ့တဲ့တနဂၤေႏြေန႔တုန္းကခရစၥတယ္ပဲေလ့စ္ကို

အေဝးကြင္းမွာ၃-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

ပြဲအၿပီးတြင္လီဗာပူးအသင္းေခါင္းေဆာင္ဟင္ဒါဆင္ဟာ

ပြဲၾကည့္စင္နားသို႔သြားေရာက္ကာသူ႔အက်ႌကို

လူငယ္ပရိသတ္တစ္ဦးကို ေပးခဲ့ပါတယ္။

ဒါေပမဲ့ဟင္ဒါဆင္ရဲ႕အက်ႌကိုအျခားလူတစ္ဦးက ဝင္လုသြားခဲ့ပါတယ္။

ဟင္ဒါဆင္ဟာယင္းျဖစ္ရပ္ကိုခ်က္ခ်င္းသိခဲ့ပါတယ္။

ဒါေၾကာင့္အသက္၃၁ႏွစ္ရွိဟင္ဒါဆင္ဟာပြဲၾကည့္စင္သို႔ခ်ဥ္းကပ္ၿပီး

လူငယ္ေလးအားအက်ႌျပန္ေပးရန္ေျပာဆိုခဲ့ပါတယ္။

ကြင္းလုံၿခဳံေရးမ်ားကလည္းယင္းျဖစ္ရပ္ကိုသိသြားၿပီး

ေျပလည္ေအာင္ေျဖရွင္းေပးခဲ့ပါတယ္။

လီဗာပူးနည္းျပကေလာ့ပ္ဟာလည္းပဲေလ့စ္ႏိုင္ပြဲအၿပီးတြင္

အသင္းဘတ္စ္ကားနားတြင္ေစာင့္ဆိုင္းေနတဲ့လီဗာပူးပရိသတ္မ်ားကို

ဘတ္စ္ကားေပၚမွဘီယာတခ်ိဳ႕ယူၿပီး တိုက္ခဲ့တာေတြ႕ရပါတယ္။