
ယနေ့ညမှာတော့ ရီးရဲမက်ဒရစ် နှင့် ဘာစီလိုနာတို့ အက်ကလက်စီကို
ဒါဘီပွဲစဥ်အဖြစ် ဆန်တီယေဂို ဘာနေဗျူးမှာ ကစားသွားဖို့ ရှိနေပါတယ်။
ဘာစီလိုနာက ဇာဗီလက်ထက်မှာ ပြိုင်ပွဲစုံ နောက်ဆုံး ( ၁၁ ) ပွဲဆက်
ရှုံးနိမ့်ထားခြင်းမရှိသေးသလို ရီးရဲမက်ဒရစ်ကလည်း
လာလီဂါချန်ပီယံဆုရဖို့ အလားအလာကောင်းနေပြီး
မကြာသေးမီက ဘာစီလိုနာ ကစားသမားဟောင်း လီယွန်နယ် မက်ဆီရဲ့
ပီအက်ဂျီအသင်းကို အနိုင်ယူကာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ကို
တက်ရောက်ထားပါတယ်။ ဒါကြောင့် ယခု အက်ကလက်စီကိုပွဲစဥ်မှာ
ရီးရဲမက်ဒရစ်အနေနဲ့ ကမ္ဘာ့ဘောလုံးထိပ်တန်းစင်ြမင့်ပေါ် ပြန်လည်တက်ရောက်လာတဲ့
ဘာစီလိုနာထံကနေ ဘာတွေမျှော်လင့်ထားသင့်တယ်ဆိုတာ သုံးသပ်တင်ပြပေးလိုက်ပါတယ်။
– ဖော့စ်နိုင်း( False 9 ) နေရာက အူဘာမီယန်း ။
အူဘာမီယန်းက ဇာဗီလက်အောက်မှာ ဖော့စ်နိုင်းအနေနဲ့
ကစားနေပြီး ဂိုးတွေမြူးနေပါတယ်။ ဒီပွဲမှာ ရီးရဲနောက်ခံလူတွေအနေနဲ့
ကွင်းလယ်ထိဆင်းပြီး numerical superiority ရယူဖို့ ကြိုးစားလာမယ့်
အူဘာကို ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။
လွန်ခဲ့တဲ့ ( ၁၀ ) နှစ်ကျော် ဂွာဒီယိုလာက မက်ဆီကို ဖော့စ်နိုင်းအဖြစ်
စတင်အသုံးပြုလိုက်ချိန် ဘာနေဗျူးမှာ ( ၅ ) ဂိုးထိ ခွင့်ပြုလိုက်ရတဲ့
အဖြစ်အပျက်မျိုး ထပ်မကြုံရဖို့ အန်ဆလော့တီ
ဘယ်လိုြပင်ဆင်လာမလဲ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
– တောင်ပံ အလှည့်အပြောင်းများ ။
ဘာစီလိုနာက အူဘာကို တိုက်ရိုက်အဆက်အသွယ် မပြုလုပ်နိုင်ဘူးဆိုရင်
တောင်ပံတွေမှာ နားလည်မှုပြည့်ဝတဲ့ နေရာအလှည့်အပြောင်းတွေကို
အသုံးပြုလေ့ရှိပါတယ်။ ဘယ်ခြမ်းမှာဆိုရင် အယ်လ်ဘာ – ပက်ဒရီ – ဖာရန်း
ညာခြမ်းမှာဆိုရင် အဲလ်ဗတ် – ဖရန်ကီ – ဒမ်ဘီလီတို့က
triangles ပုံစံ ပေးပို့မှုလမ်းကေြာင်းတွေနဲ့
ရီးရဲခံစစ်ကို ထိုးဖောက်ဖို့ ကြိုးစားလာပါလိမ့်မယ်။
– ဖရန်ကီ ဒီဂျောင် ရဲ့ Run In Behind များ ။
အူဘာက ကွင်းလယ်ထိ ဘောလုံးဆင်ယူချိန် ပြိုင်ဘက်ရဲ့
ဗဟိုခံစစ်ကစားသမားတွေအနေနဲ့ မူလနေရာကနေ အနည်းငယ်ရှေ့တက်ပြီး
လိုက်ပါလေ့ရှိပါတယ်။ ဒီအခါ သူတို့ရဲ့ မူလနေရာတွေမှာ
space တွေ ပေါ်လာတတ်ပါတယ်။ ဖရန်ကီက အဆိုပါ နေရာလွတ်တွေထဲ
Run In Behind ပြုလုပ်လေ့ရှိပြီး အူဘာ – ဘတ်စကွက်တို့ရဲ့ တွဲလုံးကနေ
ထွက်ပေါ်လာတဲ့ ပေးပို့မှုတွေကို လက်ခံရယူလေ့ရှိပါတယ်။
ဒါကလည်း နောက်ပိုင်းပွဲစဥ်တွေမှာ ဘာစီလိုနာရဲ့ အဓိကကျတဲ့
အခွင့်အရေး ဖန်တီးမှုပုံစံတစ်ခုဖြစ်လာပါတယ်။
– ဗဟိုခံစစ် ကစားသမားေတွရဲ့ ဘောလုံးသယ်ယူနိုင်မှု ။
ဘာစီလိုနာရဲ့ နောက်ဆုံးပွဲစဥ်ဖြစ်တဲ့ ဂါလာတာစာရေးနဲ့ ပွဲမှာ
ဗဟိုနောက်ခံ ကစားသမားတွေရဲ့ ပြိုင်ဘက်ဧရိယာနားထိ
ဘောလုံးသယ်ယူမှုတွေက အလုပ်ဖြစ်ခဲ့တာတွေ့ရပါတယ်။
ဒါပေမယ့် အဆိုပါတာဝန်ကို အကောင်းဆုံး စွမ်းဆောင်နိုင်သူက
အဲရစ် ဂါစီယာဖြစ်ပြီး ယခုပွဲစဥ်မှာ သူ့အစား ဂျာရတ် ပီကေး နှင့်
ရော်နယ် ဟာရာဟူရိုတို့ ပွဲထွက်ခွင့်ရဖွယ် ရှိနေပါတယ်။
– လိုအပ်ချက်တွေရှိနေတဲ့ နောက်ချန်ခံစစ် (Rest Defense)
ရီးရဲမက်ဒရစ်အနေနဲ့ ယခုပွဲစဥ်မှာ အကူးအပြောင်းကလာ ( transitions ) တွေကို
အကောင်းဆုံးအသုံးချပြီး ဘာကာကို ဒုက္ခပေးလာနိုင်ပါတယ်။
ဘာကာရဲ့ ဖူးလ်ဘက် ( full-backs ) တွေက တိုက်စစ်ကို အလွန်အကျွံလိုက်ပါလေ့ရှိပြီး
ဘတ်စကွက်ကလည်း အသက်အရွယ်အရ
အရင်လို တားဆီးမှုတွေ မပြုလုပ်နိုင်တော့ပါဘူး ။
ယခုပွဲမှာ လူငယ်ကစားသမား ဆာဂျီညို ဒက်စ်က ဒဏ်ရာရနေတဲ့အတွက်
သူ့အစား ဒန်နီ အဲလ်ဗတ် ပါဝင်လာဖို့ ရှိနေပါတယ်။
ဒါက ဘာစီလိုနာရဲ့ ခံစစ်ကို ပိုပြီး အားနည်းသွားစေပါတယ်။
ရီးရဲတိုက်စစ်မှာတော့ ဘန်ဇီမားအစား လူကာယိုဗစ် ပါဝင်လာနိုင်ပါတယ်။
zawgyi
အက္ကလက္စီကို ဒါဘီ ၊ ပြဲႀကိဳသုံးသပ္ခ်က္ ။
ယေန႔ညမွာေတာ့ ရီးရဲမက္ဒရစ္ ႏွင့္ ဘာစီလိုနာတို႔ အက္ကလက္စီကို
ဒါဘီပြဲစဥ္အျဖစ္ ဆန္တီေယဂို ဘာေနဗ်ဴးမွာ ကစားသြားဖို႔ ရွိေနပါတယ္။
ဘာစီလိုနာက ဇာဗီလက္ထက္မွာ ၿပိဳင္ပြဲစုံ ေနာက္ဆုံး ( ၁၁ ) ပြဲဆက္
ရႈံးနိမ့္ထားျခင္းမရွိေသးသလို ရီးရဲမက္ဒရစ္ကလည္း
လာလီဂါခ်န္ပီယံဆုရဖို႔ အလားအလာေကာင္းေနၿပီး
မၾကာေသးမီက ဘာစီလိုနာ ကစားသမားေဟာင္း လီယြန္နယ္ မက္ဆီရဲ႕
ပီအက္ဂ်ီအသင္းကို အႏိုင္ယူကာ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္ကို
တက္ေရာက္ထားပါတယ္။ ဒါေၾကာင့္ ယခု အက္ကလက္စီကိုပြဲစဥ္မွာ
ရီးရဲမက္ဒရစ္အေနနဲ႔ ကမာၻ႔ေဘာလုံးထိပ္တန္းစင္ျမင့္ေပၚ ျပန္လည္တက္ေရာက္လာတဲ့
ဘာစီလိုနာထံကေန ဘာေတြေမွ်ာ္လင့္ထားသင့္တယ္ဆိုတာ သုံးသပ္တင္ျပေပးလိုက္ပါတယ္။
– ေဖာ့စ္ႏိုင္း( False 9 ) ေနရာက အူဘာမီယန္း ။
အူဘာမီယန္းက ဇာဗီလက္ေအာက္မွာ ေဖာ့စ္ႏိုင္းအေနနဲ႔
ကစားေနၿပီး ဂိုးေတြျမဴးေနပါတယ္။ ဒီပြဲမွာ ရီးရဲေနာက္ခံလူေတြအေနနဲ႔
ကြင္းလယ္ထိဆင္းၿပီး numerical superiority ရယူဖို႔ ႀကိဳးစားလာမယ့္
အူဘာကို ဘယ္လိုကိုင္တြယ္သြားမလဲဆိုတာ စိတ္ဝင္စားဖို႔ေကာင္းပါတယ္။
လြန္ခဲ့တဲ့ ( ၁၀ ) ႏွစ္ေက်ာ္ ဂြာဒီယိုလာက မက္ဆီကို ေဖာ့စ္ႏိုင္းအျဖစ္
စတင္အသုံးျပဳလိုက္ခ်ိန္ ဘာေနဗ်ဴးမွာ ( ၅ ) ဂိုးထိ ခြင့္ျပဳလိုက္ရတဲ့
အျဖစ္အပ်က္မ်ိဳး ထပ္မႀကဳံရဖို႔ အန္ဆေလာ့တီ
ဘယ္လိုျပင္ဆင္လာမလဲ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။
– ေတာင္ပံ အလွည့္အေျပာင္းမ်ား ။
ဘာစီလိုနာက အူဘာကို တိုက္႐ိုက္အဆက္အသြယ္ မျပဳလုပ္ႏိုင္ဘူးဆိုရင္
ေတာင္ပံေတြမွာ နားလည္မႈျပည့္ဝတဲ့ ေနရာအလွည့္အေျပာင္းေတြကို
အသုံးျပဳေလ့ရွိပါတယ္။ ဘယ္ျခမ္းမွာဆိုရင္ အယ္လ္ဘာ – ပက္ဒရီ – ဖာရန္း
ညာျခမ္းမွာဆိုရင္ အဲလ္ဗတ္ – ဖရန္ကီ – ဒမ္ဘီလီတို႔က
triangles ပုံစံ ေပးပို႔မႈလမ္းေၾကာင္းေတြနဲ႔
ရီးရဲခံစစ္ကို ထိုးေဖာက္ဖို႔ ႀကိဳးစားလာပါလိမ့္မယ္။
– ဖရန္ကီ ဒီေဂ်ာင္ ရဲ႕ Run In Behind မ်ား ။
အူဘာက ကြင္းလယ္ထိ ေဘာလုံးဆင္ယူခ်ိန္ ၿပိဳင္ဘက္ရဲ႕
ဗဟိုခံစစ္ကစားသမားေတြအေနနဲ႔ မူလေနရာကေန အနည္းငယ္ေရွ႕တက္ၿပီး
လိုက္ပါေလ့ရွိပါတယ္။ ဒီအခါ သူတို႔ရဲ႕ မူလေနရာေတြမွာ
space ေတြ ေပၚလာတတ္ပါတယ္။ ဖရန္ကီက အဆိုပါ ေနရာလြတ္ေတြထဲ
Run In Behind ျပဳလုပ္ေလ့ရွိၿပီး အူဘာ – ဘတ္စကြက္တို႔ရဲ႕ တြဲလုံးကေန
ထြက္ေပၚလာတဲ့ ေပးပို႔မႈေတြကို လက္ခံရယူေလ့ရွိပါတယ္။
ဒါကလည္း ေနာက္ပိုင္းပြဲစဥ္ေတြမွာ ဘာစီလိုနာရဲ႕ အဓိကက်တဲ့
အခြင့္အေရး ဖန္တီးမႈပုံစံတစ္ခုျဖစ္လာပါတယ္။
– ဗဟိုခံစစ္ ကစားသမားေတြရဲ႕ ေဘာလုံးသယ္ယူႏိုင္မႈ ။
ဘာစီလိုနာရဲ႕ ေနာက္ဆုံးပြဲစဥ္ျဖစ္တဲ့ ဂါလာတာစာေရးနဲ႔ ပြဲမွာ
ဗဟိုေနာက္ခံ ကစားသမားေတြရဲ႕ ၿပိဳင္ဘက္ဧရိယာနားထိ
ေဘာလုံးသယ္ယူမႈေတြက အလုပ္ျဖစ္ခဲ့တာေတြ႕ရပါတယ္။
ဒါေပမယ့္ အဆိုပါတာဝန္ကို အေကာင္းဆုံး စြမ္းေဆာင္ႏိုင္သူက
အဲရစ္ ဂါစီယာျဖစ္ၿပီး ယခုပြဲစဥ္မွာ သူ႔အစား ဂ်ာရတ္ ပီေကး ႏွင့္
ေရာ္နယ္ ဟာရာဟူ႐ိုတို႔ ပြဲထြက္ခြင့္ရဖြယ္ ရွိေနပါတယ္။
– လိုအပ္ခ်က္ေတြရွိေနတဲ့ ေနာက္ခ်န္ခံစစ္ (Rest Defense)
ရီးရဲမက္ဒရစ္အေနနဲ႔ ယခုပြဲစဥ္မွာ အကူးအေျပာင္းကလာ ( transitions ) ေတြကို
အေကာင္းဆုံးအသုံးခ်ၿပီး ဘာကာကို ဒုကၡေပးလာႏိုင္ပါတယ္။
ဘာကာရဲ႕ ဖူးလ္ဘက္ ( full-backs ) ေတြက တိုက္စစ္ကို အလြန္အကြၽံလိုက္ပါေလ့ရွိၿပီး
ဘတ္စကြက္ကလည္း အသက္အ႐ြယ္အရ
အရင္လို တားဆီးမႈေတြ မျပဳလုပ္ႏိုင္ေတာ့ပါဘူး ။
ယခုပြဲမွာ လူငယ္ကစားသမား ဆာဂ်ီညိဳ ဒက္စ္က ဒဏ္ရာရေနတဲ့အတြက္
သူ႔အစား ဒန္နီ အဲလ္ဗတ္ ပါဝင္လာဖို႔ ရွိေနပါတယ္။
ဒါက ဘာစီလိုနာရဲ႕ ခံစစ္ကို ပိုၿပီး အားနည္းသြားေစပါတယ္။
ရီးရဲတိုက္စစ္မွာေတာ့ ဘန္ဇီမားအစား လူကာယိုဗစ္ ပါဝင္လာႏိုင္ပါတယ္။