
အာလင်းဟာလန်းဟာလက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားသုံးဦးကို
ဖွင့်ဟပြောကြားလာပါတယ်။
ဟာလန်းရဲ့လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားသုံးဦးထဲမှာ
ခရစ္စတီယာနိုရော်နယ်ဒိုမပါဝင်ပါဘူး။
အာလင်းဟာလန်းဟာဆဲလ်ဘတ်ရက်ဘူးလ်မှဒေါ့မွန်သို့
ပြောင်းရွှေ့လာပြီးနောက် ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးများထဲမှ
တစ်ဦးအဖြစ်ရပ်တည်လာနိုင်ခဲ့သူဖြစ်ပြီး
မကြာသေးမီတုန်းကဖီဖာရဲ့ကမ္ဘာ့အကောင်းဆုံးအသင်းတွင်
ရွေးချယ်ခံခဲ့ရသူလည်းဖြစ်ပါတယ်။
အာလင်းဟာလန်းက “ကမ္ဘာ့ထိပ်ဆုံးသုံးယောက်။
လီဝန်ဒေါ့စကီးကိုထိပ်ဆုံးက မဖြစ်မနေရွေးရမယ်။
ပြီးရင်ဘန်ဇီးမား။သူကအရမ်းအံ့ဩစရာကောင်းတယ်။
ဒါပေမဲ့မက်ဆီကလည်းအရမ်းကောင်းနေတယ်။
ဒီတော့ဘန်ဇီးမားနဲ့မက်ဆီတို့က
နံပါတ်၂နံပါတ်၃နေရာမှာရှိပါမယ်”လို့ပြောကြားသွားပါတယ်။
မက်ဆီနှင့်လီဝန်ဒေါ့စကီးတို့ဟာပြီးခဲ့လများမှာ
ကမ္ဘာ့အကောင်းဆုံးဆုနှစ်ခုကို တစ်ခုစီအသီးသီးရယူခဲ့ကြသူများဖြစ်ပါတယ်။
မက်ဆီက Ballon d’Or ဆုကိုရယူခဲ့သလို လီဝန်ဒေါ့စကီးကလည်း
ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုရယူခဲ့ပါတယ်။
လာမယ့်လအနည်းငယ်ကာလက အာလင်းဟာလန်းအတွက်
အရေးပါတဲ့ကာလများဖြစ်ပါတယ်။ဟာလန်းရဲ့ဒေါ့မွန်နေ့ရက်တွေက
ရေတွက်နေရပြီဖြစ်ပြီး ဥရောပထိပ်သီးကလပ်တစ်ခုသို့ပြောင်းဖို့ရှိပါတယ်။
zawgyi
ဟာလန္း ေျပာတဲ့ လက္ရွိကမာၻ႔အေကာင္းဆုံးကစားသမားသုံးဦးထဲမွာ ေရာ္နယ္ဒိုမပါဝင္
အာလင္းဟာလန္းဟာလက္ရွိကမာၻ႔အေကာင္းဆုံးကစားသမားသုံးဦးကို
ဖြင့္ဟေျပာၾကားလာပါတယ္။
ဟာလန္းရဲ႕လက္ရွိကမာၻ႔အေကာင္းဆုံးကစားသမားသုံးဦးထဲမွာ
ခရစၥတီယာႏိုေရာ္နယ္ဒိုမပါဝင္ပါဘူး။
အာလင္းဟာလန္းဟာဆဲလ္ဘတ္ရက္ဘူးလ္မွေဒါ့မြန္သို႔
ေျပာင္းေ႐ႊ႕လာၿပီးေနာက္ ကမာၻ႔အေကာင္းဆုံးတိုက္စစ္မႉးမ်ားထဲမွ
တစ္ဦးအျဖစ္ရပ္တည္လာႏိုင္ခဲ့သူျဖစ္ၿပီး
မၾကာေသးမီတုန္းကဖီဖာရဲ႕ကမာၻ႔အေကာင္းဆုံးအသင္းတြင္
ေ႐ြးခ်ယ္ခံခဲ့ရသူလည္းျဖစ္ပါတယ္။
အာလင္းဟာလန္းက “ကမာၻ႔ထိပ္ဆုံးသုံးေယာက္။
လီဝန္ေဒါ့စကီးကိုထိပ္ဆုံးက မျဖစ္မေနေ႐ြးရမယ္။
ၿပီးရင္ဘန္ဇီးမား။သူကအရမ္းအံ့ဩစရာေကာင္းတယ္။
ဒါေပမဲ့မက္ဆီကလည္းအရမ္းေကာင္းေနတယ္။
ဒီေတာ့ဘန္ဇီးမားနဲ႔မက္ဆီတို႔က
နံပါတ္၂နံပါတ္၃ေနရာမွာရွိပါမယ္”လို႔ေျပာၾကားသြားပါတယ္။
မက္ဆီႏွင့္လီဝန္ေဒါ့စကီးတို႔ဟာၿပီးခဲ့လမ်ားမွာ
ကမာၻ႔အေကာင္းဆုံးဆုႏွစ္ခုကို တစ္ခုစီအသီးသီးရယူခဲ့ၾကသူမ်ားျဖစ္ပါတယ္။
မက္ဆီက Ballon d’Or ဆုကိုရယူခဲ့သလို လီဝန္ေဒါ့စကီးကလည္း
ဖီဖာတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုရယူခဲ့ပါတယ္။
လာမယ့္လအနည္းငယ္ကာလက အာလင္းဟာလန္းအတြက္
အေရးပါတဲ့ကာလမ်ားျဖစ္ပါတယ္။ဟာလန္းရဲ႕ေဒါ့မြန္ေန႔ရက္ေတြက
ေရတြက္ေနရၿပီျဖစ္ၿပီး ဥေရာပထိပ္သီးကလပ္တစ္ခုသို႔ေျပာင္းဖို႔ရွိပါတယ္။